မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတာဟာ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ လှဖို့လိမ်းကြတာပါ။ ပြစ်မျိုးမှဲ့မထင် အလှပိုင်ရှင်လေးဖြစ်ဖို့ မိတ်ကပ်ကို ဘယ်လိုလိမ်းရမလဲဆိုတဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်။

၁။ မျက်ခုံးမွှေး

မိတ်ကပ်လိမ်းရာမှာ မျက်ခုံး၊ မျက်လုံး၊ နှာခေါင်းနဲ့ နှုတ်ခမ်းက အရေးပါဆုံးပါပဲ။ မျက်ခုံး မထူမပါးလေးနဲ့ ကြည့်ကောင်းနေစေဖို့ အခုလိုဆိုးပေးလိုက်ပါ။

၂။ Liner ကိုဒီလိုဆိုးမယ်

Eyeliner ကိုဆိုးပေးဖို့လည်းလိုပါတယ်နော်။ ပိုပြီး စနစ်တကျဆိုးလို့ရအောင် အခုလို ပုံနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

၃။ အဖြူရောင် Eye Pencil ကိုသုံးမယ်

မျက်လုံးနားမှာ အဖြူရောင်သုံးပေးတာဟာ မျက်လုံးကို ပိုပြီးတောက်ပစေပါတယ်။

၎။ Smokey Eye ချယ်ပေးမယ်

တခါတလေ မျက်လုံးကို Smokey Eye လေးချယ်ပေးလိုက်ပါ။ သင့်ရဲ့ အသွင်အပြင်ကို ပိုပြီးဆွဲဆောင်မှုရှိစေမှာဖြစ်ပါတယ်။

၅။ မျက်တောင်ကော့ပါ

မျက်တောင်ကော့ပေးဖို့လိုပါတယ်နော်။ Mascara မသုံးခင်မှာ မျက်တောင်ကော့တံနဲ့ အရင်ကော့ပေးလိုက်ပါ။

၆။ Nude အရောင်နှုတ်ခမ်းနီဆိုးပါ

နှုတ်ခမ်းနီကို အရောင်ရင့်ရင့်ထက် အရောင်နုတာကို ဆိုးပေးပါ။ အဲဒီလိုဆိုးပေးတာဟာ သင့်ကိုပိုပြီး နုပျိုစေပါတယ်။

၇။ မျက်တောင်အတုတပ်ပါ

ထသွားထလာဆိုရင်တော့ တပ်စရာမလိုပါဘူး။ ဒါပေမယ့် ပွဲတက်မယ်၊ ဓာတ်ပုံရိုက်ဖို့ရှိတယ်ဆိုရင် မျက်တောင်အတုတပ်ပေးလိုက်ပါနော်။