မင်္ဂလာပါနော်။ လူတိုင်း မွေးလာကတည်းကတော့ ဆံပင် သဘာဝအတိုင်း အကောက်ပြေပြေလေး ဖြစ်မနေပါဘူး။ ဆံပင် အကောက်ပြေပြေလေးကို ကြိုက်တဲ့သူတွေအတွက် နည်းလမ်း တစ်ခုကို ပြောပြပေးပါမယ်။

ဒီနည်းလမ်းက သင့်ရဲ့ဆံကေသာကို သဘာဝအတိုင်း အကောက်ပြေပြေလေးဖြစ်စေမှာပါ။

ပြုလုပ်နည်း

အရင်ဆုံး ခေါင်းလျှော်လိုက်ပါ။ ပြီးရင်တော့ တဘက်နဲ့ ခြောက်အောင်သုတ်လိုက်ပါ။

ဆံပင်အရမ်းမခြောက်ခင် ရေအနည်းငယ် စိုနေချိန်မှာ ဆံပင်ကို နည်းနည်းချင်းစီ ရစ်လိုက်ပြီး ဆံထုံးအသေးလေး ထုံးလိုက်ပါ။

ပြီးရင် ကလစ်နဲ့ သေချာလေးညှပ်ပေးလိုက်ပါ။

နာရီဝက်လောက်ထားပြီး ဆံပင်ကို ပြန်ဖြေချကာ Dryer နဲ့ မှုတ်ပေးလိုက်ပါ။ အခုလို လေမှုတ်ပြီး ရလာတဲ့အကောက်အပြေလေးကိုပဲ သဘောကျရင်လည်း ဒီအတိုင်းထားလို့ရပါတယ်။

ဒီထက်ပိုပြီး အနည်းငယ်ကောက်ချင်သေးရင်တော့ ဆံပင်ကောက်စက်ကို အပူသိပ်မပြင်းဘဲ အပူအေးအေးလေးနဲ့ ဆံပင်ကောက်ကြောင်းအလိုက် လိုက်ကောက်ပေးလိုက်ပါ။

ဒါဆိုရင် ရပါပြီနော်။