မြန်မာဂျက်စတင်ဘီဘာလို့ ဆိုကြတဲ့ လူငယ်အဆိုတော် ဟိန်းမင်းသူကတော့ နောက်ထပ် ဂယက်တစ်ခုကို လုပ်ချလိုက်ပြန်ပါပြီ။ အဲ့ဒါကတော့ အားလုံးရဲ့ အချစ်တော် သင်ဇာနဲ့ပုံတွေကို တင်လိုက်တာပါပဲ။

ပုံတွေတိုင်းက လိုက်ဖက်ညီနေသလို ချစ်စရာစုံတွဲလေးလို မြင်ရမှာပဲ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ကွင်းအတွက်လား၊ MV ရိုက်ကူးနေတာလား မသေချာပေမယ့် ယောကျာ်းထုကြီးကတော့ သင်ဇာ့အတွက် ဓာတ်ပုံတွေအောက်မှာ ရင်ထုမနာဖြစ်နေကြတာပါ။

အဆိုပါ ဓာတ်ပုံတွေအောက်မှာ သင်ဇာကလည်း အသည်းလေး လာမန့်ထားခဲ့ပါသေးတယ်။ မ နဲ့ ….ဆိုတဲ့ Caption လေးတင်ပြီး ဓာတ်ပုံတွေကို မျှဝေထားခဲ့တာပါ။

ကဲ..အားလုံးပဲ အသည်းလေး ခိုင်ခိုင်ထားပြီး သူတို့ နှစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေကို ကြည့်လိုက်ကြပါဦးနော်။ ပုံတွေထဲမှာ တစ်ယောက်ကို တစ်ယောက် ချစ်စနိုးမျက်ဝန်းတွေနဲ့ငေးကြည့်နေကြတာကိုလည်း တွေ့မြင်ရမှာပါ။

သင်ဇာကလည်း ခပ်ဟော့ဟော့ ပွဲတက်ဖက်ရှင်တွေကြောင့် လက်ရှိမှာ ပွဲ အဆူဆုံး ဖြစ်နေသလို၊ ဟိန်းမင်းသူကလည်း မကြာသေးခင်က ဖြစ်ခဲ့တဲ့ အကောင့်ဟက်ခံခဲ့ရတဲ့ ဂယက်ကြောင့် အားလုံးရဲ့ စိတ်ဝင်စားခြင်းခံနေရသူပါ။ နှစ်ယောက်လုံး ချစ်သူမရှိတာချင်းလည်းတူနေပြီး ပုံတွေကလည်း အရမ်းကို အသက်ဝင်နေတာမို့လို့ အားလုံးက အမျိုးမျိုး ထင်ကြေးပေးနေကြတာပဲ ဖြစ်ပါတယ်။

ဓာတ်ပုံတွေရဲ့ နောက်ကွယ်က အကြောင်းရင်းက ဘာဖြစ်မလဲဆိုတာကတော့ သူတို့နှစ်ဦး ဘယ်လို ပြောပြမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါပဲ။

Photos-  Mie Mie Lay / Lwin Khant Maung

From Hein Min Thu’s Fb account