(Zawgyi Version)

လူတစ္ေယာက္က သင့္ကို စိတ္ဝင္စားတာလား စိတ္မဝင္စားတာလား မွန္းရခက္တတ္ပါတယ္။ လူတစ္ေယာက္အေၾကာင္းကို ေသခ်ာမသိဘဲနဲ႔ သူ႕စိတ္ကို အတိအက်မသိႏိုင္ပါဘူး။ ေကာင္ေလးတစ္ေယာက္က သင့္အေပၚစိတ္ဝင္စားလား ဒီအခ်က္ ၇ ခ်က္နဲ႔ ဆန္းစစ္ၾကည့္ပါေနာ္။ သူက ဘယ္လိုအမူအရာေတြ ျပဳမူရင္ သင့္ကို ႐ူး႐ူးမူးမူးေႂကြတာလဲဆိုေတာ့-

၁။ မ်က္လုံုးက စကားေျပာတယ္

ေကာင္ေလးတစ္ေယာက္သင့္အေပၚ ေမတၱာရွိမရွိ မ်က္ဝန္းကေန သိႏိုင္ပါတယ္။ သင့္အေပၚအ႐ူးအမူးျဖစ္ေနရင္ေတာ့ သင့္ကုိနတ္သတ္ေႂကြက်လာတဲ့ နတ္သမီးေလးအလား ၾကည့္တတ္ပါတယ္။

၂။ သင့္ကိုဦးစားေပးတယ္

လူေတြက သူတို႔လိုခ်င္တဲ့အရာအတြက္ပဲ အခ်ိန္ေပးတတ္ပါတယ္။ စိတ္မဝင္စားဘူးဆိုရင္ ဆင္ေျခေတြျပၿပီး ေနာက္ခ်န္ေနတတ္ပါတယ္။ ေကာင္ေလးတစ္ေယာက္က အလုပ္မ်ားေပမယ့္ သင့္အတြက္အခ်ိန္ေပးၿပီး ဂ႐ုတစိုက္စကားလာေျပာရင္ေတာ့ သင့္ကိုသူေႂကြေနပါၿပီ။

၃။ သင့္ရဲ႕အရွိအတိုင္းလက္ခံတယ္

ေကာင္ေလးအခ်ိဳ႕က သူတို႔ရဲ႕ ဆႏၵေတြ သေဘာက်တာေတြကိုပဲ ေရွ႕တန္းတင္ပါတယ္။ ေကာင္ေလးတစ္ေယာက္က သင့္ကိုတကယ္ခ်စ္ရင္ေတာ့ သင့္ရဲ႕ ေကာင္းတာေရာ ဆိုးတာေရာ လက္ခံေပးပါတယ္။

၄။ သင့္ကိုအၾကံေပးတယ္

သင္လုပ္ေနတဲ့အရာေတြမွာ လိုအပ္တာရွိရင္လည္း သူတို႔က အၾကံေပးတတ္ပါတယ္။ ဘယ္သူမွ ကိုယ္စိတ္မဝင္စားဘဲ အမုန္းခံၿပီး ေဝဖန္အၾကံမေပးပါဘူး။

၅။ သင့္ကို အားေပးတယ္

သင့္ရဲ႕ေအာင္ျမင္မႈေတြကို သူက အသိအမွတ္ျပဳပါတယ္။ သင့္ဘဝတိုးတက္ဖို႔အတြက္လည္း သူတို႔ တတ္ႏိ္ုင္သေလာက္ ေထာက္ပံ့ေပးတတ္ပါတယ္။ ဒီလိုဆိုရင္ေတာ့ သင့္ကို သူက အ႐ူးအမူးခ်စ္ေနပါၿပီ။

၆။ သူ႔ကို ယံုၾကည္ႏိုင္တယ္

လူေတြက ျပႆနာျဖစ္တဲ့အခ်ိန္ဆိုရင္ သူတို႔ရဲ႕ စိတ္ရင္းအမွန္က ေပၚလာတတ္ပါတယ္။ သင္နဲ႔သူ ရန္ျဖစ္ၿပီးတဲ့အခ်ိန္မွာေတာင္ သင္အဆင္ေျပေအာင္ သူ႕ဘက္က ေလွ်ာ့သင့္ရင္ေလွ်ာ့တတ္ပါတယ္။

၇။ သူ႕ဘဝမွာ သင္လည္းအပါအဝင္ပါ

ေကာင္ေလးတစ္ေယာက္က သင့္ကို အမွန္တကယ္မခ်စ္ဘူးဆိုရင္ သူတို႔ရဲ႕ ဘဝကို မေျပာျပတတ္ပါဘူး။ သင့္ကို သူ႕ရဲ႕ သူငယ္ခ်င္း မိသားစုနဲ႔ သူ႕ရဲ႕ တစ္ေန႔တာ လုပ္ေဆာင္မႈေတြကို ေျပာျပတတ္ရင္ေတာ့ သူက သင့္ကို အ႐ူးအမူးခ်စ္ေနပါၿပီ။

(Unicode Version)

လူတစ်ယောက်က သင့်ကို စိတ်ဝင်စားတာလား စိတ်မဝင်စားတာလား မှန်းရခက်တတ်ပါတယ်။ လူတစ်ယောက်အကြောင်းကို သေချာမသိဘဲနဲ့ သူ့စိတ်ကို အတိအကျမသိနိုင်ပါဘူး။ ကောင်လေးတစ်ယောက်က သင့်အပေါ်စိတ်ဝင်စားလား ဒီအချက် ၇ ချက်နဲ့ ဆန်းစစ်ကြည့်ပါနော်။ သူက ဘယ်လိုအမူအရာတွေ ပြုမူရင် သင့်ကို ရူးရူးမူးမူးကြွေတာလဲဆိုတော့-

၁။ မျက်လုုံးက စကားပြောတယ်

ကောင်လေးတစ်ယောက်သင့်အပေါ် မေတ္တာရှိမရှိ မျက်ဝန်းကနေ သိနိုင်ပါတယ်။ သင့်အပေါ်အရူးအမူးဖြစ်နေရင်တော့ သင့်ကိုနတ်သတ်ကြွေကျလာတဲ့ နတ်သမီးလေးအလား ကြည့်တတ်ပါတယ်။

၂။ သင့်ကိုဦးစားပေးတယ်

လူတွေက သူတို့လိုချင်တဲ့အရာအတွက်ပဲ အချိန်ပေးတတ်ပါတယ်။ စိတ်မဝင်စားဘူးဆိုရင် ဆင်ခြေတွေပြပြီး နောက်ချန်နေတတ်ပါတယ်။ ကောင်လေးတစ်ယောက်က အလုပ်များပေမယ့် သင့်အတွက်အချိန်ပေးပြီး ဂရုတစိုက်စကားလာပြောရင်တော့ သင့်ကိုသူကြွေနေပါပြီ။

၃။ သင့်ရဲ့အရှိအတိုင်းလက်ခံတယ်

ကောင်လေးအချို့က သူတို့ရဲ့ ဆန္ဒတွေ သဘောကျတာတွေကိုပဲ ရှေ့တန်းတင်ပါတယ်။ ကောင်လေးတစ်ယောက်က သင့်ကိုတကယ်ချစ်ရင်တော့ သင့်ရဲ့ ကောင်းတာရော ဆိုးတာရော လက်ခံပေးပါတယ်။

၄။ သင့်ကိုအကြံပေးတယ်

သင်လုပ်နေတဲ့အရာတွေမှာ လိုအပ်တာရှိရင်လည်း သူတို့က အကြံပေးတတ်ပါတယ်။ ဘယ်သူမှ ကိုယ်စိတ်မဝင်စားဘဲ အမုန်းခံပြီး ဝေဖန်အကြံမပေးပါဘူး။

၅။ သင့်ကို အားပေးတယ်

သင့်ရဲ့အောင်မြင်မှုတွေကို သူက အသိအမှတ်ပြုပါတယ်။ သင့်ဘဝတိုးတက်ဖို့အတွက်လည်း သူတို့ တတ်နိ်ုင်သလောက် ထောက်ပံ့ပေးတတ်ပါတယ်။ ဒီလိုဆိုရင်တော့ သင့်ကို သူက အရူးအမူးချစ်နေပါပြီ။

၆။ သူ့ကို ယုံကြည်နိုင်တယ်

လူတွေက ပြဿနာဖြစ်တဲ့အချိန်ဆိုရင် သူတို့ရဲ့ စိတ်ရင်းအမှန်က ပေါ်လာတတ်ပါတယ်။ သင်နဲ့သူ ရန်ဖြစ်ပြီးတဲ့အချိန်မှာတောင် သင်အဆင်ပြေအောင် သူ့ဘက်က လျှော့သင့်ရင်လျှော့တတ်ပါတယ်။

၇။ သူ့ဘဝမှာ သင်လည်းအပါအဝင်ပါ

ကောင်လေးတစ်ယောက်က သင့်ကို အမှန်တကယ်မချစ်ဘူးဆိုရင် သူတို့ရဲ့ ဘဝကို မပြောပြတတ်ပါဘူး။ သင့်ကို သူ့ရဲ့ သူငယ်ချင်း မိသားစုနဲ့ သူ့ရဲ့ တစ်နေ့တာ လုပ်ဆောင်မှုတွေကို ပြောပြတတ်ရင်တော့ သူက သင့်ကို အရူးအမူးချစ်နေပါပြီ။

Source: Herbeauty.co

By MyStyle Myanmar