လောကမှာ ကိုယ့်ဖက်မှာနေပေးတဲ့ မောင်နှမ အထူးသဖြင့် အစ်မတစ်ယောက်ရှိတယ်ဆိုတာဟာ တကယ်ကို ဘုရားပေးတဲ့ဆုပါပဲ။ တစ်ခါတစ်လေမှာတော့ ကိုယ့်ကိုစိတ်ဆိုးအောင်၊ စိတ်ညစ်အောင်၊ ဝမ်းနည်းဒေါသဖြစ်အောင် ပြုလုပ်တတ်လေ့ရှိတယ်ဆိုပေမယ့် တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့အနီးဆုံးမှာရှိတဲ့ အားပေးသူ၊ သူငယ်ချင်း၊ ကစားဖော်ကစားဖက် လို့လည်းဆိုနိုင်ပါတယ်။

အစ်မနဲ့ပတ်သက်တဲ့ အရည်အချင်းတွေ၊ အားသာချက်တွေကို ပြောမယ်ဆိုရင် လက်ချိုးရေလို့နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုအားသာချက်တွေထဲကမှ လူအများသိပ်ပြီးသတိမထားမိတဲ့ အဓိကအချက်ကတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါပဲ။

Source: Elite Daily

ကိုယ့်ရဲ့စာရိတ္တ၊ အကျင့်စရိုက်အပေါ်မှာ အဓိကလွှမ်းမိုးသူတွေဟာ ကိုယ့်ရဲ့မိသားစုပါပဲ။ အလှူဒါနတွေနဲ့ပတ်သက်လာရင်လည်း မိဘတွေထက်ကို နှစ်ဆပိုပြီးတော့ ရက်ရောတတ်ကြပြီးတော့ အခြားသူတွေပေါ်မှာလည်း ကူညီဖေးမတတ်တဲ့ အကျင့်လေးတွေကို မွေးမြူနိုင်အောင် လှုံ့ဆော်ပေးပါတယ်။

Source: theluckydays.com

ညီအစ်မနှစ်ယောက်ကြားမှာ အသက်ဘယ်လောက်ပဲခြားခြား အစ်မရှိသူတွေရဲ့ စိတ်ထဲမှာ အပြစ်စိတ်၊ ကြောက်စိတ်၊ အထီးကျန်စိတ်နဲ့ အချစ်ငတ်တဲ့စိတ်တွေ မရှိတတ်ကြပါဘူး။ အစ်မတွေကို ကိုယ့်ရဲ့လျှို့ဝှက်ချက် ဘာတစ်ခုမှ ပုန်းလျှိုးကွယ်လျှိုးထားစရာမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ ဖွင့်ဟပြောပြနိုင်ပြီးတော့ စိတ်သက်သာရာရအောင်လည်း သူတို့က ကူညီပေးနိုင်ပါတယ်။

Source: Reader’s Digest

မောင်နှမအနေနဲ့ အစ်မရှိခြင်းဟာ ပိုပြီးတော့ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်ဖို့နဲ့ အကောင်းမြင်တတ်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားနိုင်အောင် ဘေးကနေ ကူညီဖေးမပေးတတ်ပြီးတော့ လမ်းကြောင်းမှန်ပေါ်ရောက်အောင်လည်း တွန်းအားပေးတတ်သူတွေဟာ အစ်မတွေပါပဲ။

Source: lifehacks.io

ကိုယ့်ဘဝမှာလိုအပ်တဲ့ ချစ်ခြင်းတရားတွေ၊ ဂရုစိုက်မှုတွေကို ပေးနိုင်သူတွေဟာ အစ်မတွေအပြင်မရှိဘဲ ကိုယ့်ရဲ့အနားမှာ အမြဲအတူရှိနေပေးမှာကလည်း အစ်မတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ ရန်တွေဖြစ်ဖြစ် စိတ်တွေဆိုးဆိုး နာကြည်းမုန်းတီးမှုတွေ၊ မာန်မာန၊ အာဂါတတွေမထားဘဲ တစ်ဦးပေါ်တစ်ဦး ပိုပြီးချစ်နိုင်အောင် ကြိုးစားလိုက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

Source: Elite Daily