အားလုံးပဲ မင်္ဂလာပါ။ စိုပြေလှပတဲ့အသားအရေ၊ ပြုံးရယ်လိုက်တဲ့အခါ ဖြူဖွေးညီညာတဲ့သွား၊ တောက်ပြောင်နူးညံ့တဲ့ဆံကေသာကို မိန်းကလေးတိုင်းတောင့်တကြပါတယ်။ အမြဲတမ်းကြည့်ကောင်းပြီး လှပနေချင်တယ်ဆိုရင်တော့ အလှအပကို ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လည်း မမေ့ပါနဲ့နော်။

ဒီတစ်ခါမှာတော့ ပျိုမေလေးတို့အတွက် ၂၀၁၉ မှာ ခေတ်စားလာမယ့် ဆံပင်စတိုင်လ်လေးတွေကို ဝေမျှပေးချင်ပါတယ်။ ပျိုမေလေးတို့ရော ၂၀၁၉ မှာ ကိုယ့်ရဲ့ဆံကေသာကို ပုံစံဘယ်လိုပြောင်းချင်ကြသလဲ။ ကိုယ်ပြောင်းတဲ့ချင်ဆံပင်စတိုင်လ်က ၂၀၁၉ မှာ ခေတ်စားလာမယ့် ဆံပင်စတိုင်လ်လေးဖြစ်နေမလား၊ ဒါမှမဟုတ် ခေတ်စားလာမယ့် ဆံပင်စတိုင်လ်လေးကို ပုံစံပြောင်းချင်တယ်ဆိုရင်တော့ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်နော်။

ဆံပင်ရှည်ရှည်

ဆံပင်ရှည်လေးတွေကတော့ ဘယ်တော့မှ ရိုးမသွားမယ့် ဆံပင်စတိုင်လ်လေးတွေပါပဲ။ တကယ်လို့ ပျိုမေလေးတို့က ဆံပင်မညှပ်ချင်ဘူးဆိုရင်တော့ ဆံပင်ကောက်လိုက်တာပဲဖြစ်ဖြစ်၊ ဆံပင်ဖြောင့်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဆံပင်အရောင်လှလှလေးတွေ ဆိုးလို့လည်း ရပါတယ်။

Bangs ဆံပင်စတိုင်လေးတွေ

အရှေ့ဆံမြိတ်ချထားတဲ့ ဆံပင်စတိုင်လ်လေးတွေကတော့ သင့်ကို ရှိရင်းစွဲအသက်ထက် ပိုငယ်တယ်လို့ထင်ရစေပါတယ်။ ဒီဆံပင်စတိုင်လ်ကလည်း ၂၀၁၉ မှာ ခေတ်စားလာမယ့် ဆံပင်စတိုင်လ်လေးပါပဲ။

ဆံပင်အရောင်တစ်ရောင်တည်းဆိုးထားပြီး တိထားတဲ့ဆံပင်စတိုင်လ်

ဆံထုံး

ဆံပင်ရှည်ကို မချထားချင်ရင် ပေါ့ပေါ့ပါးပါးစတိုင်လ်လေးဖြစ်အောင်လို့ ဆံထုံးပွပွလေးထုံးပေးလိုက်ပါ။ တစ်ခါတရံကျရင် စင်မြင့်ထက်မှာ ရှိုးလျှောက်တဲ့မော်ဒယ်လေးတွေကို ဆံထုံးထုံးထားတဲ့ ဆံပင်စတိုင်လ်မျိုးနဲ့လည်း တွေ့မြင်ရတတ်ပါတယ်။

ဆံထုံးခပ်ကြီးကြီးထုံးထားပြီး အနည်းငယ်ဖွထားတဲ့ ဆံပင်စတိုင်လ်

ဆံပင်အရှည်မညီတဲ့ ဆံပင်အထပ်အထပ်စတိုင်လ်

ကဲ…ဘယ်လိုလဲပျိုမေလေးတို့ရေ၊ အခုဖော်ပြသွားတဲ့ ဆံပင်စတိုင်လ်လေးတွေကို သဘောကျကြိုက်နှစ်သက်ကြရဲ့လား။ ဒီဆံပင်စတိုင်လ်လေးတွေနဲ့ ပြောင်းလဲပြင်ဆင်လိုက်မယ်ဆိုရင်တော့ နှစ်သစ်မှာ အလန်းစားစတိုင်လ်လေးတွေ ပိုင်ဆိုင်နိုင်ပါပြီ။

Source: herbeauty.co