[Zawgyi]

ဆံႏြယ္ေလးေတြဆိုတာကေတာ့ လူတိုင္းတန္ဖိုးထားျမတ္ႏိုးရတဲ့အရာေတြပဲျဖစ္ပါတယ္။ ဆံသားေလးေတြကိုမညစ္ပတ္ေစဖို႔အတြက္လည္း တစ္ပတ္ကိုႏွစ္ခါေလာက္ေတာ့ အနည္းဆံုးေခါင္းေလွ်ာ္တဲ့ အေလ့အက်င့္ေလးေတြ ရွိေနတတ္ၾကပါတယ္။ ဒါေပမယ့္ ဆံသားေတြက အခ်ိန္တိုတြင္းမွာညစ္ပတ္ၿပီး ၾကည့္မေကာင္းတဲ့ ပံုစံမ်ိဳးကိုပိုင္ဆိုင္ေနရတာက သင္ျပဳလုပ္မိေနတဲ့အမွားေတြေၾကာင့္လည္း သက္ဆိုင္ေနပါတယ္ေနာ္။

မၾကာခဏေခါင္းေလွ်ာ္တာက ဆံသားအတြက္လည္းမေကာင္းသလို ဆံသားမွာရွိေနတဲ့အဆီဓာတ္ေတြကို ပ်က္စီးေစၿပီး မလွပေတာ့တဲ့ဆံသားေတြကို သင္ပိုင္ဆိုင္လာရေတာ့မွာပါ။ ဒီလိုေတြမျဖစ္ေအာင္ဘာေတြလုပ္သင့္သလဲ။

လက္နဲဲ႔ထိေတြ႔တာမ်ားျခင္း

မိန္းကေလးေတာ္ေတာ္မ်ားမ်ားရဲ႕ အက်င့္ပါ။ လက္နဲ႔ဆံပင္ကို ပင့္တင္တာ၊ ခဏခဏဆံပင္သပ္တာေတြက သင့္ဆံႏြယ္ေတြကို ပိုၿပီးေတာ့ညစ္ပတ္ေစပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သင့္လက္မွာရွိေနတဲ့ အဆီေတြနဲ႔ ဖုန္ေတြက သင့္ဆံႏြယ္ေတြနဲ႔ ဦးေရျပားထဲကိုေရာက္ရွိသြားၿပီး ဆံသားကိုအခ်ိန္ခဏေလးနဲ႔ ညစ္ပတ္ေစတဲ့အခ်က္ပါပဲ။ ။

မၾကာခဏေခါင္းေလွ်ာ္ျခင္း

ေတာ္ေတာ္မ်ားမ်ားေတြးထင္ထားတာက ေခါင္းေလွ်ာ္လိုက္ရင္ဦးေရျပားနဲ႔ ဆံသားေတြ သန္႔ရွင္းသြားမယ္လို႔ ထင္ေနၾကတာပါ။ တကယ္တမ္းက မၾကာခဏေခါင္းေလွ်ာ္တာက သင့္ဆံသားေတြကို ညစ္ပတ္ဖို႔ပိုအခြင့္အေရးမ်ားသြားေစတာေပါ႔။ ေခါင္းခဏခဏေလွ်ာ္တာေၾကာင့္ သင့္ဦးေရျပားမွာရွိသင့္တဲ့အဆီေတြ ခမ္းေျခာက္သြားၿပီး ေဗာက္ေတြကိုျဖစ္လာေစႏိုင္တဲ့အျပင္၊ ဆံသားအဆီျပန္တာေတြကိုလည္း ျဖစ္လာေစပါတယ္။

မသန္႔တဲ့ဘီးကိုအသံုးျပဳတာ

ဆံသားကိုဖီးတဲ့ဘီးေတြက အၿမဲသန္႔ရွင္းေနဖို႔ေတာ့လိုပါတယ္။ မသန္႔ရွင္းတဲ့ဘီးေတြနဲ႔ သင့္ဆံႏြယ္ေတြကိုဖီးေနမယ္ဆိုရင္ေတာ့ ပိုၿပီးေတာ့ညစ္ပတ္လာေစႏိုင္ပါတယ္။ ဒါေၾကာင့္ သင္အသံုးျပဳေနၾကဘီးကို တစ္ပတ္တစ္ခါေလာက္ေတာ့ သန္႔ရွင္းေရးလုပ္ေပးသင့္တယ္ေနာ္။

ဆံပင္ေပ်ာ့ေဆးအသံုးမ်ားတာ

ေခါင္းေလွ်ာ္ၿပီးတဲ့အခါမွာ ဆံပင္ေပ်ာ့ေဆးကိုအသံုးျပဳေပးရပါတယ္။ ဒါေပမယ့္ သံုးတဲ့အခါမွာလည္း အရမ္းမ်ားတဲ့ပမာဏကို အသံုးျပဳမယ္ဆိုရင္ေတာ့ သင့္ဆံသားေတြကို အခ်ိန္ခဏေလးနဲ႔ညစ္ပတ္ေစတာေပါ့။ ဆံပင္ေပ်ာ့ေဆးက နည္းနည္းေလးသံုးရင္ေတာင္ေရျပန္ေဆးခ်ဖို႔ ခက္ခဲတာဆိုေတာ့ အမ်ားႀကီးသံုးတဲ့အခါမွာ ေရေျပာင္ေအာင္မေဆးႏိုင္ပဲ ဦးေရျပားနဲ႔ ဆံသားေတြမွာ ေပ်ာ့ေဆးေတြက်န္ေနခဲ့ေစမွာပါ။

အခုေဖာ္ျပထားတဲ့အခ်က္ေတြကေတာ့ ဆံသားေတြကိုအခ်ိန္ခဏေလးနဲ႔ ညစ္ပတ္ေစမယ့္ အဓိကအေၾကာင္းအရင္းေတြျဖစ္တာေၾကာင့္ သင့္အေနနဲ႔ေရွာင္သင့္ပါတယ္ေနာ္။ ဒါမွလည္း လွပတဲ့ဆံႏြယ္ေလးေတြနဲ႔ ေန႔ရက္တိုင္းကိုျဖတ္သန္းလို႔ရမွာေပါ့။

[Unicode]

ဆံနွယ်လေးတွေဆိုတာကတော့ လူတိုင်းတန်ဖိုးထားမြတ်နိုးရတဲ့အရာတွေပဲဖြစ်ပါတယ်။ ဆံသားလေးတွေကိုမညစ်ပတ်စေဖို့အတွက်လည်း တစ်ပတ်ကိုနှစ်ခါလောက်တော့ အနည်းဆုံးခေါင်းလျှော်တဲ့ အလေ့အကျင့်လေးတွေ ရှိနေတတ်ကြပါတယ်။ ဒါပေမယ့် ဆံသားတွေက အချိန်တိုတွင်းမှာညစ်ပတ်ပြီး ကြည့်မကောင်းတဲ့ ပုံစံမျိုးကိုပိုင်ဆိုင်နေရတာက သင်ပြုလုပ်မိနေတဲ့အမှားတွေကြောင့်လည်း သက်ဆိုင်နေပါတယ်နော်။

မကြာခဏခေါင်းလျှော်တာက ဆံသားအတွက်လည်းမကောင်းသလို ဆံသားမှာရှိနေတဲ့အဆီဓာတ်တွေကို ပျက်စီးစေပြီး မလှပတော့တဲ့ဆံသားတွေကို သင်ပိုင်ဆိုင်လာရတော့မှာပါ။ ဒီလိုတွေမဖြစ်အောင်ဘာတွေလုပ်သင့်သလဲ။

လက်နဲ့ထိတွေ့တာများခြင်း

မိန်းကလေးတော်တော်များများရဲ့ အကျင့်ပါ။ လက်နဲ့ဆံပင်ကို ပင့်တင်တာ၊ ခဏခဏဆံပင်သပ်တာတွေက သင့်ဆံနွယ်တွေကို ပိုပြီးတော့ညစ်ပတ်စေပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင့်လက်မှာရှိနေတဲ့ အဆီတွေနဲ့ ဖုန်တွေက သင့်ဆံနွယ်တွေနဲ့ ဦးရေပြားထဲကိုရောက်ရှိသွားပြီး ဆံသားကိုအချိန်ခဏလေးနဲ့ ညစ်ပတ်စေတဲ့အချက်ပါပဲ။ ။

မကြာခဏခေါင်းလျှော်ခြင်း

တော်တော်များများတွေးထင်ထားတာက ခေါင်းလျှော်လိုက်ရင်ဦးရေပြားနဲ့ ဆံသားတွေ သန့်ရှင်းသွားမယ်လို့ ထင်နေကြတာပါ။ တကယ်တမ်းက မကြာခဏခေါင်းလျှော်တာက သင့်ဆံသားတွေကို ညစ်ပတ်ဖို့ပိုအခွင့်အရေးများသွားစေတာပေါ့။ ခေါင်းခဏခဏလျှော်တာကြောင့် သင့်ဦးရေပြားမှာရှိသင့်တဲ့အဆီတွေ ခမ်းခြောက်သွားပြီး ဗောက်တွေကိုဖြစ်လာစေနိုင်တဲ့အပြင်၊ ဆံသားအဆီပြန်တာတွေကိုလည်း ဖြစ်လာစေပါတယ်။

မသန့်တဲ့ဘီးကိုအသုံးပြုတာ

ဆံသားကိုဖီးတဲ့ဘီးတွေက အမြဲသန့်ရှင်းနေဖို့တော့လိုပါတယ်။ မသန့်ရှင်းတဲ့ဘီးတွေနဲ့ သင့်ဆံနွယ်တွေကိုဖီးနေမယ်ဆိုရင်တော့ ပိုပြီးတော့ညစ်ပတ်လာစေနိုင်ပါတယ်။ ဒါကြောင့် သင်အသုံးပြုနေကြဘီးကို တစ်ပတ်တစ်ခါလောက်တော့ သန့်ရှင်းရေးလုပ်ပေးသင့်တယ်နော်။

ဆံပင်ပျော့ဆေးအသုံးများတာ

ခေါင်းလျှော်ပြီးတဲ့အခါမှာ ဆံပင်ပျော့ဆေးကိုအသုံးပြုပေးရပါတယ်။ ဒါပေမယ့် သုံးတဲ့အခါမှာလည်း အရမ်းများတဲ့ပမာဏကို အသုံးပြုမယ်ဆိုရင်တော့ သင့်ဆံသားတွေကို အချိန်ခဏလေးနဲ့ညစ်ပတ်စေတာပေါ့။ ဆံပင်ပျော့ဆေးက နည်းနည်းလေးသုံးရင်တောင်ရေပြန်ဆေးချဖို့ ခက်ခဲတာဆိုတော့ အများကြီးသုံးတဲ့အခါမှာ ရေပြောင်အောင်မဆေးနိုင်ပဲ ဦးရေပြားနဲ့ ဆံသားတွေမှာ ပျော့ဆေးတွေကျန်နေခဲ့စေမှာပါ။

အခုဖော်ပြထားတဲ့အချက်တွေကတော့ ဆံသားတွေကိုအချိန်ခဏလေးနဲ့ ညစ်ပတ်စေမယ့် အဓိကအကြောင်းအရင်းတွေဖြစ်တာကြောင့် သင့်အနေနဲ့ရှောင်သင့်ပါတယ်နော်။ ဒါမှလည်း လှပတဲ့ဆံနွယ်လေးတွေနဲ့ နေ့ရက်တိုင်းကိုဖြတ်သန်းလို့ရမှာပေါ့။