Beauty Salon မှာ ဆံသားခြောက်ပြီး ပျက်စီးနေတဲ့အချိန် ဆံပင်အဆိပ်ထုတ်လိုက်ပါဆိုတဲ့ စကားကို ပျိုမေတို့ ကြားဖူးမှာပါ။ ဆံပင်အဆိပ်ထုတ်တာက သင့်ဆံပင်ကို ပြန်လည်စိုပြေစေပြီး ဆံပင်အရှည်မြန်စေပါတယ်။ ဆံပင်အဆိပ်ထုတ်ခြင်းက ဆံပင်ဆိုးထားတာကြောင့် ခြောက်သွေ့ပျက်စီးသွားတဲ့ ဆံကေသာကို နဂိုအတိုင်း ပြန်လည်ရရှိစေပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဆိုင်သွားလုပ်စရာမလိုဘဲ ကိုယ့်အိမ်မှာပဲ ဆံပင်အဆိပ်ထုတ်နိုင်တဲ့ နည်းလမ်းတစ်ခုအကြောင်းပြောပြလိုပါတယ်။ ပါဝင်ပစ္စည်းတွေက သဘာဝပစ္စည်းတွေဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့-

၁။ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်း

၂။ သစ်ကြမ်းခေါက်မှုန့် ဇွန်းတစ်ဝက်

၃။ သံလွင်ဆီ ၂ ဇွန်း

အသုံးပြုပုံ

  • ခွက်တစ်ခွက်ထဲမှာ ပါဝင်ပစ္စည်းအားလုံးကို ရောလိုက်ပါ။
  • ခေါင်းမလျှော်ရသေးတဲ့ ဆံပင်ပေါ်ကို ဒီအရောလိမ်းလိုက်ပြီး ၃ မိနစ်ကနေ ၅ မိနစ်ကြာ နှိပ်နယ်ပေးပါ။
  • စက်ဝိုင်းပုံစံ ဖြေးဖြေးလေး နှိပ်နယ်ပေးပါ။
  • ဦးရေပြားကို ပါဝင်ပစ္စည်းတွေနဲ့ နှိပ်နယ်ပေးခြင်းက အဆိပ်ထုတ်ပေးနိုင်သည့်အပြင် ဆံပင်ပါးပြီး ဆံပင်ကျွတ်လွယ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။
  • ၁၅ မိနစ်ကနေ မိနစ် ၂၀ ထားပြီး ရေဆေးချလိုက်ပါ။
  • ပုံမှန်ခေါင်းလျော်နေကျအတိုင်း လျှော်လိုက်ပါ။
  • တစ်ပတ်မှာ တစ်ကြိမ်ပြုလုပ်ပေးပြီး တစ်လကြာအောင် လုပ်ပေးရပါမယ်။
  • တစ်ပတ်တစ်ကြိမ်နဲ့ တစ်လပြုလုပ်ပြီးနောက် နောက်ပိုင်းမှာတော့ တစ်လမှာ နှစ်ကြိမ်ပြုလုပ်ပေးသင့်ပါတယ်။

အဆိပ်ထုတ်နည်းရဲ့ အကျိုးကျေးဇူးများ

  • ဆံပင်ပေါ်က ဆဲလ်သေတွေကို ဖယ်ပေးပါတယ်။
  • ဆံပင်အရှည်မြန်စေပါတယ်။
  • အဆိပ်ဖယ်ထုတ်ပေးပါတယ်။
  • ဖုန်နဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။
  • ဗောက်ထခြင်းကနေ ကာကွယ်ပေးပါတယ်။
  • ဆံသားတောက်ပစေပြီး ဆံပင်အုံထူစေပါတယ်။
  • ဆံပင်ကျိုးတာ ပျက်စီးတာတွေကို နည်းပါးစေပါတယ်။
  • ဆံပင်ဖွာတာကို သက်သာစေပါတယ်။

Source: Thirstyroots.com

By MyStyle Myanmar