ဒီသတင်းလေးတွေ့လိုက်တဲ့အချိန်မှာ အသက် ၂ နှစ်အရွယ် ကလေးမလေးကို မနာလိုဖြစ်နေကြပြီလား။

Ruby နဲ့ Dave Dunlop တို့က သူတို့ ခြံအနောက်ဘက်မှာ ၃၅၀ စတုရန်းပေရှိတဲ့ ရဲတိုက်လေးကို မြေးမလေး Logan အတွက် ဆောက်လုပ်ပေးခဲ့ပါတယ်။

ကနေဒါ အဘိုးအဘွားစုံတွဲက ၂ထပ်ရဲတိုက်ကို ဟယ်ရီပေါ်တာထဲက ပုံစံအတိုင်း ဆောက်လုပ်ကာ မြေးမလေးကို လက်ဆောင်ပေးခဲ့ပါတယ်။

အိမ်ထဲမှာပင် မှော်ဆန်ဆန် မီးအရောင်လေးတွေထွန်းထားပါတယ်။

အဝင်ဝလေးမှာလည်း မှော် တံမျက်စည်းလေးနဲ့ အလှဆင်ထားပါတယ်။

သစ်သား တံတား၊ ဒန်း၊ လျှော၊ Hogwards ရဲ့9 ¾ ၊ Ollivander ရဲ့ ကြိမ်စကြာ အရောင်းဆိုင်၊ Harry၊ Ron၊ Hermione နဲ့Albus Dumbledore တို့ရဲ့ဓာတ်ပုံတွေပါ ထည့်သွင်းဆောက်လုပ်ထားပါတယ်။

တည်ဆောက်ချိန်က ၆ ပတ်လောက်ကြာမြင့်ခဲ့ပြီး Charmed Playhouses ကုမ္ပဏီက တည်ဆောက်ပေးထားပါတယ်။

Dunlops မိသားစုက ရဲတိုက်တည်ဆောက်တဲ့ ကုန်ကျစရိတ်ကို ထုတ်ဖော်မပြောခဲ့ပေမယ့် Charmed Playhouses မှာ အခုလို Luxury ရဲတိုက် ဆောက်မယ်ဆိုရင်တော့ ဒေါ်လာ ၁ သောင်းခွဲကနေ ၂သိန်းခွဲ ကြား ကုန်ကျမှာဖြစ်ပါတယ်။

Dave က “ကျွန်တော့် သမီးနှင့် သူ့ လက်တွဲဖော်က Harry Potter ရဲ့ပရိတ်သတ်တွေလေ။ ကျွန်တော်တို့က ဘာမှမသိဘူး။ အဲ့ဒါကြောင့် Playhouses ကုမ္ပဏီကိုပဲ အပ်လိုက်တာ”။

“ကျွန်တော့်မြေးလေး Logan အဘိုးနဲ့ အဘွားတို့အိမ်ကို လာဆော့တာကို မြင်ရတာဘဲ ပျော်နေပြီ” လို့ Dave က ပြောပါတယ်။

ဒါပေမယ့် မြေမလေး Logan ကတော့ ရဲတိုက်ကို သူ့အိမ်ဆိုပြီး လူတကာ လိုက်ပြောနေပါပြီ။

Source: Mirror