အားလုံးပဲမင်္ဂလာပါ။ မှင်စာလို့ပြောလိုက်ရင် မျက်လုံးထဲပြေးမြင်မိတဲ့ ကိုရီးယားမင်းသားလေးက ဘယ်သူဖြစ်မလဲ။ Gong Yoo ပဲပေါ့နော်။ Gong Yoo ဆိုတာ ကိုယ်တွေဦးလေးကြီးရဲ့ နာမည်အရင်းမဟုတ်ပါဘူး။ သူ့နာမည်အရင်းက Gong Ji-Chul ပါ။ သူက ၁၉၇၉ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ မွေးပါတယ်။ သူ့အရပ်အမြင့်က ခြောက်ပေရှိပြီးတော့ အေသွေးအမျိုးအစားပါ။

အဲ့ဒါဆိုရင် ယောကျာ်းပီသပြီးတော့ဖက်ရှင်ကျတဲ့ ကိုရီးယားမှင်စာချောချောလေးရဲ့ ပုံရိပ်လေးတွေကို ဆက်ဖတ်ကြည့်ရအောင်နော်။ ပုံလေးလည်းကြည့် သူ့ရဲ့ မသိသေးတဲ့အကြောင်းလေးတွေလည်း ဆက်ဖတ်ကြည့်ရအောင်နော်။

Gong Yoo က ပြဇာတ်ဘာသာရပ်နဲ့ Kyung Hee တက္ကသိုလ်ကနေ ဘီအေဘွဲ့ရခဲ့ပါတယ်။

သူ့ပွဲဦးထွက်ရုပ်ရှင်ကတော့ School 4 ဆိုတဲ့ ကိုရီးယားကားလေးပါ။ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တာပါ။

Descendants Of The Sun ဇာတ်လမ်းတွဲရိုက်ဖို့ ကမ်းလှမ်းခဲ့တာကို ငြင်းပယ်ခဲ့ပါတယ်။ ကြည့်ရတာ သူက Song-Song Couple အတွက် မြှားနတ်မောင်လေးလားမသိဘူးနော်။

သူက တိရိစ္ဆာန်တွေထဲမှာ ကြောင်လေးတွေကို ချစ်တယ်တဲ့။

သူက အင်္ဂလိပ်စာ အခြေခံလောက်ပြောတတ်ဆိုတတ်ပါတယ်။

သူက ဆိုရှယ်မီဒီယာတွေကိုလုံးဝမသုံးတဲ့အတွက်ကြောင့် ဆိုရှယ်မီဒီယာအကောင့်တွေမရှိပါဘူး။

သူကြိုက်နှစ်သက်တဲ့ မိန်းကလေးပုံစံမျိုးကတော့ မိန်းကလေးအရမ်းမဆန်တဲ့ မိန်းကလေးမျိုးပါ။ စိတ်ပိုင်းဆိုင်ရာအရလည်း တည်ငြိမ်ရင့်ကျက်တဲ့ မိန်းကလေးဖြစ်ရမယ်။ ပြီးတော့ သူ့ဇာတ်လမ်းတွဲတွေထဲကလိုမျိုးပဲ သူကအချစ်နဲ့ကံကြမ္မာကို ယုံကြည်ပါတယ်။

Photo Source: Pinterest.com
Source: Kprofile.com