အမျိုးသမီးတိုင်း နေ့စဉ်ဆံပင်ကျွတ်တဲ့ ပြဿနာကြောင့်အမြဲလိုလို စိတ်ညစ်ရတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ဆံပင်ကို ထူသလိုထင်ရစေဖို့ နည်းလမ်းကောင်းတချို့ကို ဒီကနေ့ မျှဝေပေးချင်ပါတယ်နော်။

၁။ ပုံမှန်တိပေးပါ

ဆံပင်ကို ပုံမှန်တိပေးခြင်းဖြင့် ကျန်းမာသန်စွမ်းတဲ့ဆံကေသာကို ပိုင်ဆိုင်စေပါတယ်။ ဆံပင်အဖျားလေးတွေပျက်စီးတာကို ဒီအတိုင်းထားရင်တော့ ဆံပင်တွေပိုလို့ပျက်စီးစေမှာပါ။

၂။ ဆံပင်ကို မတိုမရှည်လေးညှပ်ပါ

ဆံပင်ကိုအရမ်းအတို အရမ်းအရှည်မဟုတ်ဘဲ မတိုမရှည်လောက်ပဲ ဝိုင်းဝိုင်းလေး (သို့) ပုံပုံလေးညှပ်ပေးပါ။

၃။ Bob ဆံပင်ကေညှပ်ပါ

Bob ဆံပင်ကေပုံစံလေးကလည်း သင့်ကို ဆံပင်ပိုထူသလို ထင်ရစေမယ့် ပုံစံလေးပါပဲ။

၎။ အလွှာလေးတွေလိုက်ညှပ်ပါ

ဆံပင်ညှပ်တဲ့အခါ အလွှာလေးတွေလိုက်ညှပ်ပေးတာဟာ ဆံပင်ကို ပိုထူသလို ထင်ရစေပါတယ်။ အနုပညာရှင်တွေရဲ့ Stylist တော်တော်များများကလည်း အဲဒီလိုဆံပင်ညှပ်ဖို့ အကြံပေးကြပါတယ်။

၅။ ဆံပင်ကို ခပ်ပြေပြေလေးကောက်ပါ

ဆံပင်ကိုအရမ်းအကောက်ကြီးမဟုတ်ဘဲ ခပ်ပြေပြေလေးကောက်ပေးတာဟာလည်း ဆံပင်ထူသလို ထင်ရစေမှာပါ။

၆။ သင့်တော်တဲ့ ကုန်ပစ္စည်းတွေသုံးပါ

ဆံပင်ကို ဂရုစိုက်ပါ။ သင့်ဆံကေသာအမျိုးအစားနဲ့ လိုက်ဖက်တဲ့ ခေါင်းလျှော်ရည်တွေ၊ ပေါင်းဆေးတွေ သုံးပေးနိုင်ပါတယ်။

၇။ ခေါင်းကိုသေချာပြောင်အောင်လျှော်ပါ

ခေါင်းလျှော်ရာမှာ အညစ်အကြေးတွေကို သေချာသန့်စင်အောင်လျှော်ပေးရပါမယ်။

၈။ ဆံပင်ကို ခေါင်းငိုက်စိုက်ချပြီးမှုတ်ပါ

ဆံပင်လေမှုတ်ရာမှာ ခေါင်းကိုအပေါ်အောက် ငိုက်စိုက်လိုက်ပြီး မှုတ်ပေးပါ။ အဲဒီလိုလုပ်ပေးတာဟာ ဆံပင်ပိုထူသလိုထင်ရစေမှာဖြစ်ပါတယ်။

၉။ ဆံပင်ကိုဘက်ပြောင်းခွဲပါ

ဆံပင်ကိုအမြဲတမ်း တစ်ဖက်တည်းမခွဲဘဲ ဘက်ပြောင်းခွဲပေးပါ။ ဆံပင်အမြဲတမ်းခွဲထားတဲ့ဖက်က နေစားပြီး ဆံပင်ပါးလာတတ်ပါတယ်။

၁၀။ ပါဝင်ပစ္စည်းတွေကိုသေချာဖတ်ပါ

မိမိအသုံးပြုမယ့်ခေါင်းလျှော်ရည်မှာပါတဲ့ ပါဝင်ပစ္စည်းလေးတွေကို သေချာဂရုစိုက်ဝယ်ပါ။ မိမိနဲ့ မတည့်တာ ပါတဲ့ ပစ္စည်းတွေ၊ ဓာတုဆေးဝါးများတာတွေ မဝယ်ပါနဲ့။