မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ….ကျွန်မတို့ မြန်မာနိုင်ငံရဲ့ရာသီဥတုက အများစုအချိန်က နေပူတဲ့အချိန်တွေပါပဲ့နော်။ ဒီတော့ လေးလေးပင်ပင် အဝတ်အစားထက် ပေါ့ပေါ့ပါးပါးဖြစ်ဖို့ ပိုအရေးကြီးပါတယ်။ အင်္ကျီလက်ပြတ်လေးတွေက သင့်ကို မိန်းကလေးဆန်ဆန်လှပစေပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဝတ်ရအဆင်ပြေစေပါတယ်။ အင်္ကျီလက်ပြတ်လေးတွေနဲ့ ဘောင်းဘီအပွဖြစ်ဖြစ် အကျပ်ဖြစ်ဖြစ် လိုက်ဖက်ပါတယ်။

ဒါကြောင့် အင်္ကျီလက်ပြတ်ပုံစံလေးတွေကို သဘောကျတဲ့ပျိုမေတို့အတွက် ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ်ဖြစ်စေမယ့် ဒီဇိုင်း ၁၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

အင်္ကျီလက်ပြတ်ဝတ်ဖို့ရာ သင့်ဂျိုင်းသားကလည်း ရှင်းလင်းသန့်စင်နေဖို့ လိုပါတယ်။ ဒီလိုမှလည်း သင့်ကိုယ်သင် ယုံကြည်မှုရှိစေမှာပါ။ ဒီအတွက် အကောင်းဆုံးဖြေရှင်းနည်းကတော့ မနက်အိပ်ရာနိုးတိုင်း သံပယိုသီးတစ်လုံးကို လှီးပြီး သင့်ဂျိုင်းပေါ်ပွတ်ပေးပါ။ ဒါကိုနေ့စဉ်လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက သင့်ဂျိုင်းသားဖြူဖွေးစေသလို အနံ့ဆိုးတွေလည်း ပျောက်စေပါတယ်။ နောက်ဆိုရင် သင် Roll On တောင် လိုတော့မှာမဟုတ်ပါဘူး။

Photo Source: Pinterest