တစ်လတစ်လ ပိုက်ဆံကစုမိတယ်မရှိ။ လမကုန်ခင် လစာကအရင်ကုန်နှင့်နေပြီဆိုရင်တော့ သေချာပါတယ် သင့်မှာလုံးဝဆင်ခြင်ရမယ့် ငွေယိုပေါက်တွေရှိနေလို့ပါ။ တစ်ချို့သောငွေယိုပေါက်တွေဟာ အသေးအမွှားလို့ထင်ရပေမယ့် အားလုံးစုပေါင်းလိုက်တဲ့အခါ ကိုယ့်ရဲ့ဝင်ငွေကို အတော်လေးအထိနာစေတာ တွေ့ရပါတယ်။ဒါကြောင့် သင့်အနေနဲ့ လကုန်တိုင်း ပိုက်ဆံနည်းနည်းစီပိုစုမိ ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်အချက် (၄) ချက်ကို သတိထားဆင်ခြင်မိဖို့ အကြံပြုချင်ပါတယ်။

(၁) အသုံးအဆောင်

Source : stylemotivation.com

အသုံးအဆောင်ဆိုရာမှာ နှူတ်ခမ်းမွေးရိတ်တဲ့ ဓါးက အစ အကျီ င်္ ဘောင်းဘီ ဖိနပ်အထိ အကုန်ပါပါတယ်။ အသားအရေ ထိန်းသိမ်းဖို့ နဲ့ အလှအပကအစ မလိုအပ်ဘဲနဲ့ တန်ဖိုးကြီးပစ္စည်းတွေဝယ်တာမျိုး မလုပ်သင့်ပါဘူး။ အသုံးအဆောင်ကြောင့် ကိုယ့်လစာကုန်ပေါက် ကျယ်နေတယ်ဆိုရင် ဒီအချက်ကို ပြင်ရတော့မှာပါ။

(၂) ဖုန်းဘေလ်

Source : Daily Trainer B2

ဖြစ်သင့်တာက တစ်လတစ်လ ကုန်တဲ့ ဖုန်းဘေလ်ဖိုးဟာ လစာရဲ့ ၅ ပုံတစ်ပုံရဲ့ အောက်မှာပဲ ရှိသင့်ပါတယ်။ ဒါမှသာ ငွေစုဖြစ်မှာပါ။ အလုပ်ကိစ္စကြောင့် ဖုန်းဘေလ်သုံးတာကလွဲရင် ကိုယ်ရေးကိုယ်တာအတွက် ဥပမာ- Facebook လို လူမှူကွန်ရက်တွေ သုံးတာ လျှော့သင့်ပါတယ်။ ပိုက်ဆံကို ဖုန်းဘေလ်လို ပြန်မထွက်မယ့် တွင်းထဲ မထည့်မိဖို့ လိုပါတယ်။

(၃) Subscriptions ကြေးများ

Source : Shutterstock

မကြည့်ဖြစ်တဲ့ ရုပ်သံလိုင်းတွေအတွက် လစဉ်ကြေးတွေ ပေးနေမိပြီလား။ မကစားဖြစ်ပေမယ့် Gym Membership ကြေးတွေ ပေးထားမိပြီလား။ ဖျက်လိုက်ပါ။ သင်ရှာထားတဲ့ လစာဟာ သင့်အနာဂါတ် ပေါက်မြောက်တောက်ပရေးအတွက် အရင်းအနှီးဖြစ်ဖို့ လိုပါတယ်။

(၄) အစားအသောက်

Source : Storyblocks

စားတာ သောက်တာဟာ ဇာချဲ့ ရင် ချဲ့ သလောက် ကုန်ပါတယ်။ ထမင်းတစ်နပ်ဟာ အဟာရဓါတ်ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုရင် တော်သင့်ပါပြီ။ မရောင့်ရဲနိုင်အောင် ဟင်း ၄မျိုး ၅ မျိုးနဲ့ စားသောက်တာမျိုး ရှောင့်သင့်ပါတယ်။ အလားတူပဲ အရက် ၊ ဘီယာနဲ့ အပျော်အပါးကြောင့် ငွေကုန်ပေါက်တွေကိုလည်း ပိတ်ဖို့ လိုပါတယ်။