မျက်ကွင်းလေးတွေညိုမဲနေလို့ စိတ်ညစ်နေတဲ့ပျိုမေတို့အတွက် ထိရောက်တဲ့နည်းလမ်းကောင်းလေးတစ်ခုကိုသယ်ဆောင်လာပါပြီ။ မျက်ကွင်းညိုနေပြီဆိုရင် မိတ်ကပ်ဖုံးတာတောင် သိပ်အဆင်မပြေတော့တဲ့အတွက် စိတ်ညစ်ရပါတယ်။ ဒါကြောင့် ပျိုမေတို့အနေနဲ့ မျက်ကွင်းညိုတာလေးတွေကိုသက်သာလာစေဖို့ မပျင်းမရိပဲသေချာလေးဂရုစိုက်ပေးသင့်ပါတယ်။

မျက်ကွင်းညိုတာကိုသက်သာပျောက်ကင်းချင်တယ်ဆိုရင်တော့ အိတ်တစ်ခုထဲကိုရေခဲထည့်ပြီး မျက်ကွင်းညိုနေတဲ့နေရာမှာ ခဏလောက်ကပ်ပေးပါ။ ရေခဲကပ်ပြီးရင်တော့ ရေခဲသေတ္တာထဲကသခွားသီကိုထုတ်ပြီး အကွင်းလေးတွေလှီးကာမျက်ကွင်းညိုတဲ့နေရာမှာ ခဏကပ်ပေးထားပါ။

Source: www.givemesight.org

သခွားသီးကိုဖယ်လိုက်တာနဲ့ Eye Masks ကိုမျက်ကွင်းညိုတဲ့နေရာမှာကပ်ထားပေးပါ။ အချိန် ၅ မိနစ်ပဲကပ်ထားပေးရပါမယ်။

Eye Masks ကိုခွာပြီးတာနဲ့ Moisturize ကိုလက်ပေါ်နှစ်စက်လောက်ချပြီး မျက်ကွင်းညိုနေတဲ့နေရာမှာဖိလိမ်းပေးပါ။ အတင်းကြီးဖိလိမ်း၊ ပွတ်လိမ်းတာမျိုးမလုပ်ဘဲ အသာလေးလိမ်းပေးဖို့လိုပါတယ်။

Source: www.pinterest.com

နောက်ဆုံးအနေနဲ့ မျက်ကွင်းညိုနေတဲ့နေရာမှာ Eye Cream လိမ်းပေးရမှာပါ။ ညအိပ်ယာဝင်ခါနီးမှာ ဒီအဆင့်တွေကိုလုပ်ပြီးမှအိပ်မယ်ဆိုရင်တော့ အချိန်ခဏအတွင်းမှာမျက်ကွင်းညိုနေတာတွေ သက်သာပျောက်ကင်းသွားမှာပါ။

မနက်အပြင်သွားတဲ့အခါမှာလည်းဒီအဆင့်တွေအားလုံးကိုလုပ်ပြီးမှ SPF ပါတဲ့ Cream ကိုမျက်ကွင်းညိုတဲ့နေရာမှာလိမ်းပေးပါ။ ဒါတွေပြီးသွားမှသာအောက်ခံမိတ်ကပ် Foundation ကိုလိမ်းပေးပါ။ ဒီလိုဆိုရင်တော့ မျက်ကွင်းညိုတာတွေက လုံးဝကိုသိသာတော့မှာ မဟုတ်ပါဘူး။

Source: www.makeup.blog.hu

ပျိုမေတို့အားလုံးပဲ မျက်ကွင်းညိုတာလေးတွေကို သက်သာပျောက်ကင်းချင်တယ်ဆိုရင် ဒီအချက်လေးတွေကိုမှတ်ထားပြီးသေချာလေးလိုက်လုပ်မှဖြစ်မယ်နော်။