(Zawgyi Version)

ပန္းပြင့္ဒီဇိုင္းနဲ႔ Floral အကၤီ်ေလးေတြဆိုရင္ မိန္းကေလးေတာ္ေတာ္မ်ားမ်ားလည္း ဝတ္ၾကပါတယ္။ Floral အကၤီ်ကိုဝတ္ရင္ အမ်ားစုက ဂ်င္းေဘာင္းဘီနဲ႔ပဲ တဲြဝတ္ၾကတာမ်ားပါတယ္။ ဒါေၾကာင့္ Floral အကၤီ်ကို ဂ်င္းေဘာင္းဘီနဲ႔ တဲြဝတ္ႏိုင္ရံုတင္မဟုတ္ပဲ တျခားဘယ္လိုဖက္ရွင္ေတြနဲ႔ပါ တဲြဖက္ဝတ္ဆင္လို႔ရမလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

အမ်ားစုဝတ္ၾကတဲ့အတိုင္း Floral အကၤီ်ေလးေတြကို ဂ်င္းေဘာင္းဘီအရွည္နဲ႔တဲြဝတ္တာက ရိုးရိုးေလးနဲ႔ ခ်စ္စရာေကာင္းေစပါတယ္။

Floral အကၤီ်ကို ေဘာင္းဘီအျဖဴေလးေတြနဲ႔ တဲြဝတ္ရင္လည္း အရမ္းလိုက္ဖက္ပါတယ္။ ရိုးရိုးေလးနဲ႔ သန္႔ျပန္႔ေနမယ့္ ဖက္ရွင္မ်ိဳးေလးျဖစ္ေစပါတယ္။

ကိုယ့္ဝတ္တဲ့ Floral အကၤီ်ရဲ႔အေရာင္ေပၚမူတည္ၿပီးေတာ့လည္း ဖက္ရွင္က်တဲ့ ကာလာေဘာင္းဘီေလးေတြနဲ႔ တဲြဝတ္လို႔ရပါေသးတယ္ေနာ္။

Floral အကၤီ်ကို Style Pants ေတြနဲ႔လည္း တဲြဝတ္ရင္လိုက္ဖက္ပါတယ္။ အထူးသျဖင့္ ရံုးသြား၊ အလုပ္သြားတဲ့အခါမွာ ဝတ္လို႔ အဆင္ေျပေစပါတယ္။

လူငယ္ေကာင္မေလးေတြဆိုရင္ေတာ့ Floral အကၤီ်ကို ခ်စ္စရာေကာင္းတဲ့ စကပ္အကားေလးေတြနဲ႔ တဲြဝတ္လို႔ရပါတယ္။ မိန္းကေလးဆန္ၿပီး ခ်စ္စရာေကာင္းေစတဲ့ဖက္ရွင္မ်ိဳးပါ။

Freestyle ဝတ္ခ်င္တဲ့အခါဆိုလည္း Floral အကၤီ်ကို ဂ်င္းေဘာင္းဘီအတိုနဲ႔ တဲြဝတ္လို႔ရပါတယ္။

တည္တည္ၿငိမ္ၿငိမ္ပံုစံေလးဝတ္ခ်င္တယ္၊ မိန္းကေလးဆန္ၿပီး လွပတဲ့ပံုစံမ်ိဳးေလးဝတ္ခ်င္တယ္ဆိုရင္လည္း Floral အကၤီ်ကို Mini Skirt ေတြနဲ႔ တဲြဝတ္လုိ႔ရပါေသးတယ္။

Photo Source: www.pinterest.com

(Unicode Version)

ပန်းပွင့်ဒီဇိုင်းနဲ့ Floral အင်္ကျီလေးတွေဆိုရင် မိန်းကလေးတော်တော်များများလည်း ဝတ်ကြပါတယ်။ Floral အင်္ကျီကိုဝတ်ရင် အများစုက ဂျင်းဘောင်းဘီနဲ့ပဲ တွဲဝတ်ကြတာများပါတယ်။ ဒါကြောင့် Floral အင်္ကျီကို ဂျင်းဘောင်းဘီနဲ့ တွဲဝတ်နိုင်ရုံတင်မဟုတ်ပဲ တခြားဘယ်လိုဖက်ရှင်တွေနဲ့ပါ တွဲဖက်ဝတ်ဆင်လို့ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

အများစုဝတ်ကြတဲ့အတိုင်း Floral အင်္ကျီလေးတွေကို ဂျင်းဘောင်းဘီအရှည်နဲ့တွဲဝတ်တာက ရိုးရိုးလေးနဲ့ ချစ်စရာကောင်းစေပါတယ်။

Floral အင်္ကျီကို ဘောင်းဘီအဖြူလေးတွေနဲ့ တွဲဝတ်ရင်လည်း အရမ်းလိုက်ဖက်ပါတယ်။ ရိုးရိုးလေးနဲ့ သန့်ပြန့်နေမယ့် ဖက်ရှင်မျိုးလေးဖြစ်စေပါတယ်။

ကိုယ့်ဝတ်တဲ့ Floral အင်္ကျီရဲ့အရောင်ပေါ်မူတည်ပြီးတော့လည်း ဖက်ရှင်ကျတဲ့ ကာလာဘောင်းဘီလေးတွေနဲ့ တွဲဝတ်လို့ရပါသေးတယ်နော်။

Floral အင်္ကျီကို Style Pants တွေနဲ့လည်း တွဲဝတ်ရင်လိုက်ဖက်ပါတယ်။ အထူးသဖြင့် ရုံးသွား၊ အလုပ်သွားတဲ့အခါမှာ ဝတ်လို့ အဆင်ပြေစေပါတယ်။

လူငယ်ကောင်မလေးတွေဆိုရင်တော့ Floral အင်္ကျီကို ချစ်စရာကောင်းတဲ့ စကပ်အကားလေးတွေနဲ့ တွဲဝတ်လို့ရပါတယ်။ မိန်းကလေးဆန်ပြီး ချစ်စရာကောင်းစေတဲ့ဖက်ရှင်မျိုးပါ။

Freestyle ဝတ်ချင်တဲ့အခါဆိုလည်း Floral အင်္ကျီကို ဂျင်းဘောင်းဘီအတိုနဲ့ တွဲဝတ်လို့ရပါတယ်။

တည်တည်ငြိမ်ငြိမ်ပုံစံလေးဝတ်ချင်တယ်၊ မိန်းကလေးဆန်ပြီး လှပတဲ့ပုံစံမျိုးလေးဝတ်ချင်တယ်ဆိုရင်လည်း Floral အင်္ကျီကို Mini Skirt တွေနဲ့ တွဲဝတ်လို့ရပါသေးတယ်။

Photo Source: www.pinterest.com