ထူးထူးခြားခြား ငါးတစ်ကောင်ကိုတော့ အမေရိကန်ပြည်ထောင်စု၊ Lake Champlain မှာ ဖမ်းမိခဲ့ပါတယ်။

နယူးယောက်မြို့မှာ နေတဲ့ အမျိုးသမီးတစ်ဦးက ခါတိုင်းလိုပဲ Lake Champlain မှာ ငါးသွားမျှားခဲ့ပါတယ်။

ဒီတခါ သူမိလိုက်တဲ့ ငါးကြီးကြီး တစ်ကောင် သာမန်ငါးမျိုးမဟုတ်ဘဲ ပါးစပ် ၂ ပေါက်ပါနေတာကို တွေ့လိုက်ရပါတယ်။

ငါးဖမ်းမိသူ Debbie Geddes က “ကျွန်မ လှေပေါ်မှာ ကိုယ်ဖမ်းမိတဲ့ ငါးကိုကြည့်ပြီး ကိုယ်မျက်လုံးတွေ မှားမြင်တယ်လို့ကို ထင်တာ” လို့ပြောပါတယ်။

“တကယ်ကို အံ့သြစရာပဲ” လို့ သူက ပြောပါတယ်။

ပါးစပ် ၂ ပေါက်ပါတဲ့ငါးကို ဓာတ်ပုံရိုက်ပြီး လူမှု ကွန်ယက်မှာ တင်လိုက်ရာ Facebook မှာ ဂယက်အတော် ရိုက်ခဲ့ပါတယ်။

Knotty Boys အပျော်တမ်း ငါးဖမ်း အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ Adam Facteau က

“ငယ်စဉ်က ထိခိုက်ဒဏ်ရာရလာရင် အခုလို ကြီးတဲ့အချိန်မှာ ဒီလိုပုံစံမျိုးဖြစ်နိုင်ပါတယ်။ တချို့ ပညာရှင်တွေကတော့ မွေးရာပါ ပုံမှန်တာကြောင့်လည်းဖြစ်တယ်” လို့ ပြောကြပါတယ်။

Source: UPI