အခုနောက်ပိုင်းမှာတော့ Festival ပွဲတွေဆို မိန်းကလေးတော်တော်များများလည်း သွားနေကြတာပါပဲ။ ဒီလိုသွားတဲ့အခါမှာ တချို့ကဆံပင်တွေကို Festival ပွဲနဲ့လိုက်ဖက်အောင် ပြင်လေ့ရှိကြပါတယ်။ ဒီလို Festival ပွဲတွေသွားတဲ့အခါမှာ ဆံပင်ပုံစံကိုသူများနဲ့မတူအောင်ပြင်သွားချင်တဲ့သူတွေအတွက် ဆံပင်ပုံစံအလန်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

Source: www.pinterest.com

ဆံပင်ကိုနှစ်ဖက်ခွဲပြီး အောက်ဖျားရှူးရှူးလေးဖြစ်အောင် ကျစ်ဆံမြီးကျစ်တာလေးကတော့ Festival ပွဲနဲ့အလိုက်ဖက်ဆုံး ဆံပင်ပုံစံလေးပါ။ ဆံပင်ရှည်တဲ့သူတွေနဲ့ဆို ပိုပြီးမိုက်မှာသေချာပါတယ်။ ဒီဆံပင်ပုံစံလေးက နိုင်ငံခြားသူလေးတွေ Festival ပွဲသွားရင် လုပ်နေကျဆံပင်ပုံစံလေးပါ။

Source: www.pinterest.com

ကျစ်ဆံမြီးကို ဒီဇိုင်းဆန်းဆန်းလေးဖြစ်အောင်လည်း ကျစ်လို့ရပါသေးတယ်။ ဒီကျစ်ဆံမြီးပုံလေးဆိုရင် ကျစ်တဲ့သူမရှိသလောက်ပါပဲ။ ဒါကြောင့် အသစ်အဆန်းလေးလည်းဖြစ်တဲ့အပြင် Festival ပွဲနဲ့လည်းလိုက်ဖက်တာလေးဖြစ်လို့ ပျိုမေတို့အနေနဲ့ ရွေးချယ်လို့အကောင်းဆုံး ဆံပင်ပုံစံလေးပါ။

Source: www.pinterest.com

ဆံပင်ကိုဒီတိုင်းလေးချပြီး တစ်ဖက်ကိုသိမ်းကာကျစ်ဆံမြီးလေးကျစ်ပြီး ကွင်းလေးတွေတပ်တာကလည်း အခုနောက်ပိုင်းခေတ်စားလာတဲ့ အသစ်အဆန်းတစ်ခုပါပဲ။ ဒီလိုကွင်းလေးတွေတပ်ထားတာကိုက Festival ပွဲနဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံလေးဖြစ်သွားတာပါ။

Source: www.pinterest.com

ကျစ်ဆံမြီးကို အပေါ်ကနေနှစ်ဖက်ခွဲကျစ်ပြီး အနောက်ရောက်မှပြန်စုကျစ်ထားတာပါ။ ဘေးနှစ်ဖက်မှာလည်း ကျစ်ဆံမြီးသေးသေးလေးတွေကျစ်ထားတာက အရမ်းချစ်စရာကောင်းပါတယ်။ ဒီဆံပင်ပုံလေးကတော့ ဆံပင်ရှည်တဲ့သူတွေနဲ့မှ အဆင်ပြေမှာပါ။

Source: www.pinterest.com

ဒီကျစ်ဆံမြီးဒီဇိုင်းလေးကတော့ အရမ်းလှပတဲ့ပုံစံလေးဖြစ်တဲ့အပြင် ကျစ်ရတာလည်း တော်တော်လေးခက်ခဲပါတယ်။ ကျစ်တတ်တဲ့သူတွေဆိုရင်တော့ Festival ပွဲသွားရင် ဒီလိုလေးသာကျစ်သွားလိုက်ပါ။ နောက်ကျောလေးကို အသားပေးရိုက်ရင်တော့ တော်တော်လှမှာသေချာပါတယ်။

Source: www.pinterest.com

Festival ပွဲနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့အပြင် လုပ်တဲ့သူလည်းများတဲ့ ဆံပင်ပုံစံလေးပါ။ ထိပ်မှာဆံထုံးလေးနှစ်ခုထုံးထားတဲ့အပြင် ကျစ်ဆံမြီးပါကျစ်ထားတာဆိုတော့ ပိုပြီးတော့မိုက်သွားစေတဲ့ဆံပင်ပုံစံလေးပါ။

Source: www.pinterest.com

ဆံပင်တွေကိုလိပ်ပြီး ရေတံခွန်ပုံစံကျစ်ဆံမြီးလေးကျစ်တာလည်း အရမ်းလှပပြီးချစ်စရာကောင်းပါတယ်။ Festival ပွဲနဲ့လည်းလိုက်ဖက်တဲ့အပြင် သူများသိပ်မလုပ်ဖူးတဲ့ဆံပင်ပုံစံလေးတွေပဲမို့ အရမ်းကိုမိုက်ပါတယ်။ သင့်အနေနဲ့လည်း Festival ပွဲအတွက် ဒီဆံပင်ပုံလေးတွေကိုကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။