လှပပြီး စွဲဆောင်မှုရှိတဲ့ အ၀တ်အစားဖက်ရှင်တွေကို ၀တ်ဆင်ဖို့ သင့်ခန္တာကိုယ်အချိုးအစား ဘယ်လိုရှိရှိ ဒါက အရေးမကြီးပါဘူး။ အမျိုးသမီးအများစုက ကိုယ်အလေးချိန်တက်တာနဲ့ သူတို့ကိုယ်သူတို့ ဘာဝတ်ဝတ်မလှတော့ဘူးလို့ ထင်တတ်မြင်တတ်ကြပါတယ်။ လှပတဲ့အ၀တ်အစားဝတ်ဆင်ဖို့ သင့်အသားအရောင် အ၇ွယ်အစားတွေအစား ဖက်ရှင်ကျအောင် ၀တ်စားတတ်ဖို့ပဲလိုတာပါ။

ပေါ့ပေါ့ပါးပါးစတိုင်လ်

ပေါ့ပေါ့ပါးပါး ဒေါင့်ဖိနပ်၊ အဖြူရောင် ဘောင်းဘီ၊ အနက်ရောင်တီရှပ်၊ မီးခိုးရောင် အသားပျော့အိင်္ကျီလက်ရှည်

ပုဝါအကြီးကြီးနဲ့ အလန်းစားစတိုလ်

အနက်ရောင် ဘွတ်ဖိနပ်အမြင့် အနက်ရောင် ၀ိတ်စုံနဲ့ ရောင်စုံ ပုဝါကြီးတစ်ခု

အလုပ်နဲ့ နေ့စဉ်သွားလာရာဝယ်

အထဲက ရှပ်အိကျီ င်္အဖြူရယ် အပေါ်ကုတ်ရယ် (ပူရင်တော့ ရှပ်အိင်္ကျီအဖြူသာဝတ်ပါ) ဖိနပ်အလန်းစားရယ် ဦးထုပ်ရယ်

ဂါဝန်ဖက်ရှင်

ဂါဝန်ကို ခါးနားထိဝတ်ပြီး အထဲက အိင်္ကျီကို အထဲထည့်ဝတ်ထားတဲ့ ပုံစံမျိုးပါ။ ဒီလိုဝတ်တာက လူကို ပိုပြီး စွဲဆောင်မှုရှိစေပါတယ်။

ဂါဝန်တိုတိုနဲ့ စတော့ကင်ဖက်ရှင်

နေ့စဉ်အပြင်သွားမယ့်စတိုင်

ပြည့်ပြည့် ၀၀ ဆိုပေမဲ့ Street Style လို ၀တ်လို့မရဘူးလို့ ဘယ်သူပြောလဲ။ ကဲ ဒီလိုလေးဝတ်လိုက်တော့ ဘယ်လိုနေလဲရှင့်။

အဖြူရောင် ဖက်ရှင်

ရော့ခ်ကာစတိုင်လ်

ဘယ်လို စတိုင်လ်မျိုးမဆို ၀တ်ဆင်လို့ရပါတယ်။ ဒီဆောင်းပါးလေးကို မျှဝေလိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ ပြည့်ပြည့်၀၀ မိန်းကလေးဆိုပေမဲ့ ဘယ်လိုစတိုင်လ် ဘယ်လိုပုံစံမျိုးမဆို ၀တ်ဆင်လို့ရပြီး ဆွဲဆောင်မှုရှိတယ်ဆိုတာကို မျှဝေချင်တာပါ။ အဓိကကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ပါပဲ။