နွေရာသီပိတ်ရက်လေးမှာ သင့်ရဲ့ မိသားစု၊ ချစ်သူ ခင်သူ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ခရီးထွက်ဖို့စီစဉ်နေတာလား။ www.vietjetair.comဖြင့် ဗီယက်နမ်နိုင်ငံရဲ့ ပြည်တွင်းလေကြောင်းလိုင်းများကို အသုံးပြုကာ မြန်မာငွေသုညကျပ်နဲ့ နွေရာသီခရီးစဉ် ကုန်ဆုံးနိုင်မယ့်အခွင့်အရေးကို အမိအရဖမ်းဆုပ်လိုက်ပါ။

Vietjet ဆိုတာက အာရှရဲ့ အကောင်းဆုံးနဲ့ ဈေးအသက်သာဆုံး လေကြောင်းလိုင်းဖြစ်ပြီး အခုဆိုရင် မြန်မာငွေသုညကျပ် (အခွန်နှင့်အခြားအဖိုးအခမပါ)မှစတင်တဲ့ အထူးလျှော့ဈေး လေယာဉ်လက်မှတ် ၁.၄ သန်းကို ရောင်းချပေးနေပြီပဲဖြစ်ပါတယ်။ အထူးလျှော့ဈေးလက်မှတ်များကို ယနေ့ မတ်လ ၂၀ ရက်မှ မတ်လ ၂၂ ရက်နေ့အထိ ရွှေရောင်နာရီအဖြစ်သတ်မှတ်ထားတဲ့ မြန်မာစံတော်ချိန် နေ့လည် ၁၁:၃၀ မှ ၁:၃၀ အတွင်း www.vietjetair.comမှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒီအထူးလျှော့ဈေးလေယာဉ်လက်မှတ်များက ပြည်တွင်းလေကြောင်းလိုင်းအားလုံးအတွက် အကျုံးဝင်ပါတယ်။ လျှော့ဈေးလက်မှတ်များရဲ့ လေယာဉ်ပျံသန်းချိန်များကတော့ ၂၀၁၉ ခုနှစ် မေလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ (ပိတ်ရက်များမပါ) ဖြစ်ပါတယ်။

ကိုယ်ချစ်ခင်တဲ့သူတွေနဲ့ အမှတ်ရစရာခရီးတစ်ခု ဖန်တီးဖို့ဆိုရင် ပိုက်ဆံကုန်ရကျိုးနပ်တဲ့ နေရာကောင်းတစ်ခုကို ရွေးချယ်ရမှာပါ။ ဘယ်နေရာသွားရင်ကောင်းမလဲဆိုပြီး တိုင်ပင်လိုက်တဲ့အခါတိုင်း မတူညီတဲ့နေရာတွေ၊ မတူညီတဲ့အကြံဥာဏ်တွေနဲ့ တစ်ယောက်တစ်မျိုးစီ အဆိုတင်သွင်းလေ့ရှိကြပါတယ်။ တိကျသေချာပြီး သာယာလှပတဲ့နေရာတစ်ခုတည်းကို ရွေးချယ်ရမယ့်အစား သွားချင်တဲ့နေရာတွေက မတူတော့ ငြင်းခုန်ကြရင်း အဆုံးသတ်သွားလေ့ရှိပါတယ်။

အဲ့ဒီလိုငြင်းခုန်နေရတဲ့ ပြဿနာကို အဆုံးသတ်ပေးဖို့အတွက် သာယာလှပပြီး ရင်သပ်ရှုမောစရာကောင်းတဲ့ရှုမျှော်ခင်းတွေနဲ့ ပြည့်နှက်နေတဲ့နေရာကောင်းတစ်နေရာကို ညွှန်းပေးချင်ပါတယ်။ တကယ်လို့ စာဖတ်သူက သဘာဝကိုချစ်မြတ်နိုးသူတစ်ယောက်၊ အံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ရှုခင်းများကို စူးစမ်းရှာဖွေချင်သူတစ်ယောက်ဆိုရင် ဗီယက်နမ်က စာဖတ်သူအတွက် အသင့်တော်ဆုံးနိုင်ငံတစ်ခုပဲဖြစ်ပါတယ်။

Hoi An ဆိုတဲ့ ရှေးဟောင်းမြို့တော်မှာ ရိုးရာအိမ်များ၊ ဘုရားပုထိုးများ၊ ရိုးရာတံတားများက သင့်ကို လည်ပတ်လေ့လာဖို့အတွက် ဆွဲဆောင်နေမှာပါ။ ကမ်းခြေချစ်သူတွေအတွက်ကတော့ ရာသီဥတုသာယာပြီး ကြည်လင်သန့်စင်နေတဲ့ ပင်လယ်ပြာ၊ သာယာလှပတဲ့ သဲသောင်ပြင်တွေတည်ရှိရာ ကမ်းခြေမြို့လေးဖြစ်တဲ့ Nha Trang က ကမ်းလင့်ကြိုဆိုနေမှာပဲဖြစ်ပါတယ်။ ဗီယက်နမ်မြို့ရဲ့ အကြီးဆုံးမြို့တော်ဖြစ်တဲ့ ဟိုချီမင်းမြို့ကလည်း သွားရောက်လည်ပတ်သင့်တဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ရာစုနှစ်များစွာ သက်တမ်းရှိပြီဖြစ်တဲ့ ဘုရားပုထိုးများ၊ ပြင်သစ်ကိုလိုနီခေတ်က အဆောက်အဦးများ၊ ကြည်လင်သန့်စင်တဲ့ပင်လယ်ပြာပြာနဲ့ သာယာလှပနေသောကမ်းခြေများ၊ စိမ်းလန်းစိုပြေတဲ့ အမျိုးသားပန်းခြံတို့တည်ရှိရာ Da Nang မြို့ကိုလည်း သွားရောက်လည်ပတ်သင့်ပါတယ်။ ဗီယက်နမ်မှာရှိတဲ့ ရင်သပ်ရှုမောစရာနေရာများနဲ့ သာယာလှပတဲ့ရှုမျှော်ခင်းများက လာရောက်လည်ပတ်သူတွေကို ပိုမိုလည်ပတ်စူးစမ်းချင်စိတ် တစ်စထက်တစ်စတိုးစေပါတယ်။

ခမ်းနားလှပတဲ့ ဟိုချီမင်းမြို့ရှိ Ben Thanh ဈေးတစ်နေရာကို အပေါ်စီးမှ မြင်တွေ့ရပုံ

အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အလှပဆုံးကမ်းခြေတွေထဲမှာ ဗီယက်နမ်နိုင်ငံက ကမ်းခြေတွေလည်း ပါဝင်ပါတယ်။

ဘာ့ကြောင့် ဗီယက်နမ်နိုင်ငံကို သွားရောက်လည်ပတ်သင့်လဲဆိုတဲ့ အရေးကြီးဆုံးအချက်ကို စိတ်မဝင်စားကြဘူးလား။ Vietjet လေကြောင်းလိုင်းက အခုဆိုရင် ပြည်တွင်းလေကြောင်းလိုင်းအားလုံးအတွက် မြန်မာငွေ သုညကျပ် (အခွန်နှင့် အခြားအဖိုးအခမပါ)မှစတင်ပြီး လေယာဉ်လက်မှတ်ပေါင်း ၁.၄ သန်းကို ရောင်းချပေးနေပြီပဲဖြစ်ပါတယ်။ ပြည်တွင်းလေကြောင်းလိုင်း စုစုပေါင်း ၃၉ ခု ရှိပြီး ဟနွိုင်းကနေ ဗီယက်နမ်ရှိအခြားပြည်တွင်းလေကြောင်းလိုင်းများဆီသို့ မြန်မာငွေသုညကျပ်မှစတင်ပြီး သွားရောက်လည်ပတ်နိုင်ပြီပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ Vietjet က ဟနွိုင်းကနေ Can Tho သို့ ပျံသန်းပြေးဆွဲတဲ့ လေကြောင်းလိုင်းတစ်ခုထပ်မံတိုးချဲ့လိုက်တဲ့အထိမ်းအမှတ်အနေနဲ့ ခရီးသွားများက Can Tho သို့ သွားရောက်မယ်ဆိုရင် မြန်မာငွေသုညကျပ်ဖြင့် ဘိုကင်ပြုလုပ်နိုင်ပါပြီ။

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရဲ့ အဓိကမြို့ဖြစ်တဲ့ သာယာလှပသော Can Tho မြို့က တောင်တရုတ်ပင်လယ်ထဲသို့ စီးဝင်သွားသော မဲခေါင်မြစ်တည်ရှိရာမြို့ဖြစ်တဲ့အပြင် သယ်ယူပို့ဆောင်ရေးအတွက် အချက်အချာကျတဲ့မြို့ဆိုလည်း မမှားပါဘူး။

မြန်မာခရီးသွားများအနေဖြင့် တစ်ပတ်ကို ငါးရက်ဖြင့် ပျံသန်းပြေးဆွဲနေတဲ့ Vietjet ဖြင့် ခရီးသွားမယ်ဆိုရင် ရန်ကုန်မှ ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်းသို့ တိုက်ရိုက်ပျံသန်းသွားလာနိုင်မှာပဲဖြစ်ပါတယ်။

Vietjet လေကြောင်းလိုင်းက၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံးနဲ့ ဈေးအသက်သာဆုံးလေကြောင်းလိုင်းလို့ ခေါ်တွင်ခြင်းခံရတဲ့အပြင် ၂၀၁၈ ခုနှစ်တုန်းက AirlineRatings.com ဝက်ဘ်ဆိုက်က ပေးအပ်ချီးမြှင့်တဲ့ လုံခြုံမှုအဆင့်အတန်းအမြင့်ဆုံး ကြယ် ၇ လုံးရရှိထားတဲ့ ကမ္ဘာ့တစ်ခုတည်းသော စိတ်အချရဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်ပါတယ်။

ခရီးသွားနေတဲ့အချိန်မှာ ခရီးသည်များအနေနဲ့ အကောင်းဆုံးဝန်ဆောင်မှုကို ရရှိနိုင်ဖို့ကလည်း အရေးကြီးဆုံးပဲဖြစ်ပါတယ်။ Vietjet နဲ့ ပျံသန်းမယ်ဆိုရင် ရင်းနှီးပျူငှာတဲ့ လေယာဉ်အမှုထမ်းများက ခရီးသည်တစ်ယောက်စီတိုင်းကို အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်တာကြောင့် ဝန်ဆောင်မှုနဲ့ပတ်သက်ရင်တော့ စိတ်ပူစရာမလိုပါဘူး။ လေယာဉ်ပျံသန်းချိန်မှာလည်း ခရီးသည်များကို ပူနွေးနေတဲ့အစားအသောက်ကိုးမျိုးဖြင့် တည်ခင်းဧည့်ခံမယ့်အပြင် အခြားမတူညီတဲ့ စားသောက်ဖွယ်ရာများကိုလည်း မှာယူစားသောက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဖျော်ဖြေမှုအစီအစဉ်များအနေနဲ့ ကံကောင်းစေတဲ့ ကုလားထိုင်အစီအစဉ်၊ ကခုန်ခြင်း၊ သီချင်းဆိုခြင်း၊ မျက်လှည့်ပွဲများ၊ ရင်ခုန်စိတ်လှုပ်ရှားစရာဆုလာဘ်လောင်များ၊ မင်္ဂလာပွဲအခမ်းအနားများ စတဲ့အစီအစဉ်များကို နေ့ကြီးရက်ကြီးများမှာ ပြုလုပ်ပေးလေ့ရှိပါတယ်။

လျော့ဈေးလက်မှတ်များကို မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း ရွှေရောင်နာရီအဖြစ်သတ်မှတ်ထားတဲ့ မြန်မာစံတော်ချိန် ၁၁:၃၀ မှ ၁:၃၀ အတွင်း ဝယ်ယူရရှိနိုင်ပါတယ်။ ထိုလက်မှတ်များကို www.vietjetair.com ဆိုတဲ့ ဝက်ဘ်ဆိုက်မှလည်းကောင်း၊ မိုဘိုင်းဖုန်းအသုံးပြုသူများအနေနဲ့ www.m.vietjetair.com မှလည်းကောင်း၊ Vietjet လေကြောင်းလိုင်းရဲ့ ဖေ့ဘွတ်အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ https://www.facebook.com/VietjetMyanmar/ စသည်တို့မှ လွယ်လင့်တကူ မှာယူနိုင်ပါတယ်။

လေယာဉ်လက်မှတ်ကို ဘိုကင်လုပ်ဖို့အတွက် နှစ်ခါပြန်စဉ်းစားမနေပါနဲ့တော့။ Vietjet နဲ့အတူပျံသန်းရင်း အသစ်သောအရာတွေကို စူးစမ်းလေ့လာကာ အမှတ်တရကောင်းတွေကို သိမ်းဆည်းထားရင်း အတွေ့အကြုံသစ်များစုဆောင်းလိုက်ပါ။ တစ်ချိန်တည်းမှာပဲ ပိုက်ဆံစုဆောင်းရာလည်း ရောက်တာပေါ့။

လှပတဲ့ဗီယက်နမ်နိုင်ငံကို Vietjet နဲ့အတူ စူးစမ်းရှာဖွေ လည်ပတ်လိုက်ရအောင်။