မိန်းမသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အဆီအများဆုံးစုဝေးတဲ့ နေရာတစ်ခုကို ပြောပါဆိုရင် ပေါင်အတွင်းသားတွေပါပဲ။ ဒီလိုပေါင်အတွင်းသားမှာ အဆီတွေစုနေလို့ ပေါင်သားက ပျော့တွဲတွဲကြီးဖြစ်နေတာက ကြည့်ရတာလည်း အင်မတန်ဆိုးလွန်းပါတယ်။

ကိုရီးယားမလေးတွေလို ပေါင်သားလှလှလေးနဲ့ ကျစ်ကျစ်လစ်လစ်လေးဖြစ်ချင်တယ်ဆိုရင်တော့ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပြီးတော့ မှန်ကန်သင့်တော်တဲ့ လေ့ကျင့်ခန်းလေးတွေကို လုပ်ပေးဖို့ လိုပါမယ်။

ဒါဆိုရင်တော့ ကိုယ်အမြဲလိုချင်ခဲ့တဲ့ ပေါင်တံသေးသေးသွယ်သွယ်လေးတွေ ရနိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းလေးတွေကို ပြုလုပ်ပေးလိုက်ရအောင်ပါ။

Burpee

ကြမ်းပြင်ပေါ်လက်ထောက်ပြီးတော့ ခြေဖျားနှစ်ခုကို ထောက်ထားပေးပါ။ လက်နဲ့ခြေထောက်မှာ အားစိုက်ပြီးတော့ Plank အနေအထားနဲ့ မိမိတတ်နိုင်သလောက် တောင့်ခံပေးထားလိုက်ပါ။

Curtsy lunge

ပုံမှာပြထားတဲ့အတိုင်း ဘယ်ခြေထောက်ကို ညာခြေထောက်အနောက်သို့ပို့လိုက်ပါ။ လက်နှစ်ဖက်ကိုလည်း ပူးကပ်ထားပါ။ ထိုပုံစံနည်းတူ ညာခြေထောက်ကိုလည်း ပြုလုပ်ပေးပါ။ ဘယ်ညာ နှစ်ဖက်လုံးပြီးလို့ ၁ ကြိမ်ပြီးပြီဆိုရင် ၁၅ ကြော့ပြုလုပ်ပေးပါ။

Glute kickbacks

ကြမ်းပြင်မှာ လေးဘက်ထောက်အနေအထားနဲ့နေပြီးတော့ ခါးကိုလည်း ကြမ်းနဲ့တစ်ပြေးညီ တန်းထားပါ။ ပြီးရင်တော့ ခြေထောက်တစ်ဖက်ကို မိုးပေါ်သို့ ထောင်လိုက်ပါ။

ထိုပုံစံအတိုင်း စက္ကန့်အနည်းငယ်လောက်နေပြီးရင် နဂိုပုံစံသို့ပြန်သွားပါ။ နောက်ခြေထောက်တစ်ဖက်ကိုလည်း ထိုနည်းတူပြုလုပ်ပေးပါ။ ခြေထောက်တစ်ဖက်လျှင် ၁၀ ကြိမ်လောက် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Frog jumps

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်လောက်ချဲထားကာ လက်နှစ်ဖက်ကို အရှေ့မှာပူးပြီးတော့ ဒူးကိုကွေးချလိုက်ပါ။ ထိုပုံစံအတိုင်း တစ်စက္ကန့်လောက်နေပြီးတော့ ဖားခုန်သလိုမျိုး အရှေ့ကိုခုန်လိုက်ပါ။

Jumping jacks

ငယ်စဉ်ချိန်က အေရိုးဗစ်ကစားသလိုပဲ မတ်မတ်ရပ်ကာ ခုန်လိုက်တဲ့အချိန်မှာ ခြေထောက်နှစ်ဖက် လက်နှစ်ဖက်ကို ဘေးသို့ကားပေးလိုက်ပါ။ ငါးကြိမ်ပြုလုပ်ပေးရပါမယ်။

Source: BrightSide

By MyStyle Myanmar