Loading Events
This event has passed.
Zawgyi
I don’t hate men. I love men and they need to love us back, too.
ကျွန်မတို့ရဲ့ PSC ပွဲလေးတိုင်ခင် ယခုဖော်ပြပါ YouTube link http://youtube.com/watch?v=ygsVEouHU68 ထဲမှလည်း ကြိုတင်ဝင်ရောက်လေ့လာနိုင်ပါတယ်။
Unicode
“ကျွန်မက ယောကျင်္ားတွေကို မုန်းတာမဟုတ်ပါဘူး၊ ဒါပေမဲ့ ယောကျင်္ားတွေကလည်း မေတ္တာတရားထားဖို့တော့လိုပါတယ်။” ဒီခေါင်းစဉ်လေးဖတ်လိုက်တာနဲ့ သူငယ်ချင်းတို့လည်း စိတ်ထဲမှာ တစ်ခုခုကို စဉ်းစားမိသွားမယ်ထင်တယ်။ Racism, LGBT, Gender Equality, Feminism စသည့် အသုံးအနှုန်းတွေကိုယခုခေတ်မှာ ကျွန်မတို့ ခဏခဏ မြင်ဖူးနေကြဖြစ်မှာပါ။ ကျွန်မတို့ ဒီကျယ်ပြန့်လှတယ့် ကမ႓ာကြီးမှာ Feminism ဆိုတာရှိရောရှိလို့လား၊၊ Gender Equality ဆိုတာဘာကြီးလဲ၊ မသိသေးသူတွေ ရှိနေပါသေးတယ်။ ကျွန်မတို့ရဲ့ ဒီတပတ် Public Speaking Club မှာတော့ Feminism တို့၊ Gender Equalityတို့နဲ့ ပတ်သတ်ပြီး “He” နဲ့ “She” ညီမျှခြင်းဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလား စတာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ PSC ပွဲလေးတိုင်ခင် ယခုဖော်ပြပါ YouTube link youtube.com/watch?v=ygsVEouHU68 ထဲမှလည်း ကြိုတင်ဝင်ရောက်လေ့လာနိုင်ပါတယ်။
အပတ်စဉ် သောကြာနေ့ ၃းဝဝ နာရီတိုင်းမှာ American University of Yangon တွင် Public Speaking Club နှင့် Public Event Series ကို တစ်ပတ်ခြားစီ ပြုလုပ်သွားမှာဖြစ်ပြီး အခမဲ့တက်ရောက်နိုင်ပါသည်။ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး ကျောင်းသား၊ကျောင်းသူများနှင့် လူငယ်များအားလုံးလာရောက်နိုင်တဲ့ အခမဲ့ Public Speaking Club တစ်ခုဖြစ်ပြီး အင်္ဂလိပ်စာ အရည်အသွေးများကို လေ့ကျင့်နိုင်အောင် ဖွင့်လှစ်ပေးထားခြင်းဖြစ်ပါတယ်။
ပုံမှန်လာရောက်သူများအတွက် တိုးတက်နိုင်တဲ့ အရည်အသွေးများကတော့
– အင်္ဂလိပ်စာ အရည်အသွေးများ (English Skills)
– သမရိုးကျမဟုတ်တဲ့ ဖောက်ထွက်စဉ်းစားတွေးခေါ်နိုင်စွမ်းများ (Creative Thinking)
– မိမိကိုယ်ကို ယုံကြည်မှုများ (Confidence)
– အကြောင်းအရာတစ်ခုပေါ်မှာ ဖြန့်ကျက်စဉ်းစားတွေးခေါ်နိုင်များ (Mind Exercise)
– နှစ်ဘက်မျှတတွေးခေါ်နိုင်တဲ့ အလေ့အကျင့်ကောင်းများ (Habit of seeing both sides)
– လူအများရှေ့မှာ ပြောဆိုဆက်ဆံနိုင်စွမ်းများ (Public Speaking)
– ဝေဖန်သုံးသပ်နိုင်စွမ်းများ (Critical Thinking)
တို့ပဲဖြစ်ပါတယ်။ AUY ရဲ့ Public Speaking Club ကို လာရောက်လိုသူများအတွက် ၀၉ ၇၇ ၉၀၀၀ ၉၀၀ ကို ဆက်သွယ်ပြီး သို့မဟုတ် http://bit.ly/eventsoclock link ထဲမှလည်း စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။
Go to Top