Loading Events
This event has passed.

British University of Yangon ဖွင့်ပွဲ (Grand Opening and Culture Exchange Event) ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ နေ့လည် ၁ နာရီခွဲ တွင် ကျင်းပပြုလုပ်သွားမည်။

မြန်မာနိုင်ငံမှာ လေ့လာသင်ယူနိုင်ရန်ခက်ခဲသော ပညာရပ်များဖြစ်သော Aircraft Engineering with Pilot Studies အပါအ၀င် အင်ဂျင်နီယာ ဘာသာရပ်များစွာကို British University of Yangon (BU) နှင့် အင်္ဂလန်မြောက်ပိုင်းတက္ကသိုလ်များအဖွဲ့အစည်း NCUK တို့မှ မြန်မာနိုင်ငံတွင် ၂ နှစ်၊ အင်္ဂလန်နိုင်ငံတွင် ၂ နှစ် ပူးပေါင်းဖွင့်လှစ်သွားမည် ဖြစ်သည်။

စက်တင်ဘာလ ၂၁ ရက်နေ့၊ နေ့လည် ၁ နာရီခွဲမှာတော့ UK နှင့် မြန်မာနိုင်ငံ ၂ ခုလုံး၏ သမိုင်းသစ်မှတ်ကျောက်တခုဖြစ်လာမည့် British University of Yangon Launch Event ကို ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ဒီ အခမ်းအနားကို British University of Yangon ရဲ့ မိတ်ဖက်တက္ကသိုလ်တခုဖြစ်တဲ့ အင်္ဂလန်နိုင်ငံ နာမည်ကြီး တက္ကသိုလ်တခုလည်းဖြစ်ပြီး ကမ္ဘာမှာ လူသားအကျိုးပြုမှု အမြင့်ဆုံးဆုဖြစ်တဲ့ နိုဗယ်ဆုရှင် (၆) ယောက်ကို မွေးထုတ်ထားတဲ့ University of Sheffield၊ သင်ကြားမှုနှင့် ကျောင်းပြီးလုပ်ငန်းခွင်ဝင်ရောက်မှု ရွှေအဆင့်တက္ကသိုလ် တခုဖြစ်တဲ့ အင်္ဂလန်တက္ကသိုလ် Huddersfield၊ မြန်မာနိုင်ငံ ဗြိတိသျှသံရုံးမှ ကူးသန်းရောင်းဝယ်မှု ဒါရိုက်တာဖြစ်သူ Mr. Warren Pain (Director of Trade, British Embassy) နှင့် Mr. Peter Crowhurst (Director, British Chamber of Commerce) တို့ဟာ လည်းကောင်း သင်တို့နဲ့အတူ၊ ကျွန်တော်၊ ကျွန်မတို့နဲ့အတူ ဒီသမိုင်းမှတ်ကျောက်မှာ ပါဝင်ဆင်နွှဲဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ဒီအခမ်းအနားမှာ Culture Exchange Session လည်းပါဝင်မှာ ဖြစ်ပြီး မြန်မာအစားအစာ၊ အင်္ဂလန်အစားအသောက်များ မြည်းစမ်းခြင်းနှင့် မြန်မာနှင့် အင်္ဂလန် ၂ နိုင်ငံတို့၏ အားကစား၊အနုပညာ၊ ၀တ်စားဆင်ယင်မှုများ လေ့လာခြင်းတို့ ပါဝင်မှာ ဖြစ်ပါသည်။

အသေးစိတ် အကြောင်းအရာများအတွက် British University of Yangon၊ အမှတ် 11A၊ အင်းယားလမ်း၊ ဖုန်းနံပါတ် ၀၉ ၇၉၉၀ ၁၀၀၀ ၁ တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။ http://bit.ly/BritishUevents တွင်လည်း တက်ရောက်ရန်စာရင်းပေးသွင်းနိုင်ပါသည်။

Go to Top