လက်ကို လျှပ်တပြက် ကြည့်လိုက်တာနဲ့ လက်သည်းတွေ ကိုက်ထားတာတို့ အရေပြားတွေလန်နေတာတို့ မညီမညာညှက်ထားတဲ့လက်သည်းတွေကြောင့် အခြားသူတွေရဲ့ ကဲ့ရဲမှုကိုခံရနိုင်ပါတယ်။ နောက်ပြီး မှန်ထဲမှာကိုယ့်ဆံပင်ကိုယ်ကြည့်လိုက်ရင်လည်း မွဲခြောက် ဆံသားတွေကြေမွပြီး နှစ်ခွဖြစ်တာမျိုး၊ ဆံပင်အရောင် မွဲတာမျိုးတွေဟာ မိန်းကလေးတစ်ယောက်မှာ မဖြစ်သင့် မရှိသင့်တဲ့အခြေအနေပါပဲ။
အမြဲတမ်း ၁၂ရာသီ Beauty Salon သွားပြီး ဒီအရာတွေအချိန်ပေးပြုပြင်နေရအောင်လဲ ကိုယ်ဟာ မင်းသမီးလည်းမဟုတ် မော်ဒယ်လည်းမဟုတ် ပြောချင်တာက ပိုက်ဆံအကုန်အကျအများကြီးခံပြီး လုပ်ယူဖို့မလိုဘူးဆိုတာပါပဲ။

အရိုးရှင်းဆုံးနည်းလမ်းကတော့ အစားအသောက်ပါပဲ။ Vitamins တို့ Minerals တို့ပါတဲ့ အစားအသောက်တွေဟာ ဆံပင်တွေ လက်သည်းတွေကို အားဖြည့်ပေးပြီး တောက်ပြောင်တဲ့ ဆံကေသာ လှပတဲ့ လက်သည်းလေးတွေကို မွေးထုတ်ပေးနိုင်ပါတယ်။

ဆံပင်နဲ့ လက်သည်းတွေအတွက် အလိုအပ်ဆုံးဓာတ်တွေကတော့ Biotin ၊ Vitamin C ၊ Vitamin A ၊ Protein နဲ့ Zinc တို့ပဲဖြစ်ပါတယ်။ များသောအားဖြင့် ထိုဓာတ်တွေကို ငှက်ပျောသီး၊ ဥအမျိုးမျိုး၊ ပန်းဂေါ်ဖီ၊ မြေပဲ၊ ပဲနီလေး၊ သရက်သီး၊ အုတ်ဂျုံ၊ ကန်စွန်းဥ၊ တရုတ်ဆီးသီး၊ သခွားမွှေးနဲ့ မုန်လာဥနီတို့မှရရှိပါတယ်။ နောက်ပြီး Sugar Bear တို့လို ယုံကြည်ရပြီး စိတ်ချရတဲ့ဖြည့်စွက်စာတို့ကို အစားအသောက် ကောင်းကောင်းစားရင်း တွဲဖက်သောက်သုံးနိုင်ပါတယ်။

Source: Shutterstock