မင်္ဂလာပါ MyStyle Myanmar ကိုအားပေးကြတဲ့ပျိုမေတို့ရေ။ သင်ဘယ်လိုဖက်ရှင်ဝတ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ပထမဆုံးသင်က ဘယ်လို Type ထဲပါဝင်လဲအရင်ရွေးရပါမယ်။ ပထမဆုံးတစ်ခုက Sporty Type ပါ။ ဒီ Type ကပေါ့ပေါ့ပါးပါးရှိတဲ့ အဝတ်အစားမျိုးကိုဝတ်ဆင်ပါတယ်။

ဥပမာ- Hoodie နဲ့ဘောင်းဘီရှည်ဝတ်တဲ့မိန်းကလေးမျိုးပေါ့။  နောက်တစ်မျိုးက Elegant Type ပါ။ သူကတော့ ကျက်သရေရှိပြီး မိန်းကလေးဆန်တဲ့ အဝတ်အစားမျိုးကိုဝတ်ဆင်သူပါ။ Romantic type ဆိုတာလည်းရှိပါတယ်။ ဒီ Type က ပန်းရောင်လေးတွေနှစ်သက်တယ်။ ဝတ်စုံတိုင်းမှာပန်းပွင့်ပုံစံလေးတွေ အတွန့်အတက်လေးတွေပါတတ်ပါတယ်။

သင်က အထက်တန်းဆန်ပြီး မြင်သူတိုင်းလေးစားစေချင်တဲ့ပုံစံမျိုးရချင်ရင်တော့ Elegant Type ဘက်သွားသင့်ပါတယ်။ ဒါကြောင့် ပျိုမေတို့အတွက် လုံလုံခြုံခြုံရှိပြီး Elegant ဆန်တဲ့ ဖက်ရှင်ပုံစံတွေကို ဖော်ပြလိုက်ပါတယ်။

ဘောင်းဘီရှည်အတွဲအစပ်များ

ဒီဝတ်စုံတွေထဲမှာ ပျိုမေတို့ သတိထားကြည့်ဖို့က အရောင်စပ်ပုံပါ။ အရောင်တွေက နှစ်မျိုးလောက်ကို Blend လုပ်ထားတာပါ။ ဥပမာ အပေါ်ပုံမှာဆိုရင် နားကပ်ကပန်းရောင်အနုလေးပါ။ ဘောင်းဘီကလည်း ပန်းရောင်နုအတူတူပါပဲ။ ကျန်တဲ့ပုံတွေကိုလည်း သတိထားကြည့်ကြည့်ပါ။ တူတဲ့အရောင်နှစ်ခုလောက်ကို ဝတ်စုံမှာပါအောင်ထည့်ထားပါတယ်။ ပျိုမေတို့ ဒီသီအိုရီကို သိရင်တော့ စတိုင်ကျကျနဲ့ အားလုံးရဲ့ မျက်လုံးကိုလှည့်စားနိုင်ပါလိမ့်မယ်။

စကပ်ရှည်ဂါဝန်လေးတွေ

စကပ်ရှည်ပုံစံကတော့ Romantic ဘက်သွားပါတယ်။ ဒီပုံစံကိုတော့ အပြင်လျှောက်လည်တဲ့အချိန် ပေါ့ပေါ့ပါးပါး နေတဲ့အချိန်မှာ ဝတ်ဆင်ရင် ပိုသင့်လျော်ပါတယ်။

ကဲ…ပြထားတဲ့ အင်္ကျီတွေကြည့်ပြီး ဝတ်ချင်စိတ်တွေတဖွားဖွားပေါက်လာပြီမလား။

Source: Pinterest