အားလုံးပဲ မင်္ဂလာပါ။ မိန်းကလေးတွေက ကိုရီးယားကားတွေကို ဘာ့ကြောင့် နှစ်နှစ်ခြိုက်ခြိုက်နဲ့ မငြီးမငွေ့ပဲ ကြည့်ရှုနိုင်ကြတာလဲ။ အဖြေကတော့ ရှင်းပါတယ်။ ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပြီး ရိုမန့်တစ်ဆန်တဲ့အပြင် ကိုရီးယားမင်းသား၊ မင်းသမီးတွေကလည်း ချောကြလို့ပါပဲ။

ဒါပေမဲ့ သူတို့လေးတွေ ကိုရီးယားကားကြည့်တဲ့ရည်ရွယ်ချက်က စိတ်အပန်းဖြေရုံသပ်သပ် ကြည့်ကြတာမဟုတ်သလို ကိုရီးယားမင်းသားချောလေးတွေကို ချောလိုက်တာဆိုပြီး မျက်စိအစာကျွေးချင်လို့လည်း မဟုတ်ပါဘူး။ တကယ်တော့ သူတို့လေးတွေက ကိုရီးယားမင်းသမီးလေးတွေရဲ့ ဖက်ရှင်စတိုင်လ်ကို လေ့လာဆည်းပူးနေကြတာပါ။

နတ်သမီးလေးလို လှပတဲ့ ကိုရီးယားမင်းသမီးလေးတွေ ဘယ်လိုလှလှပပ ဝတ်စားဆင်ယင်ကြလဲဆိုတာကို လေ့လာရင်း ကိုယ့်ကိုယ်ကို ဘယ်လို လှပကြော့ရှင်းနေအောင် ပြင်ပြင်ဆင်ဆင်နေထိုင်မလဲဆိုပြီး တွေးတောနေကြတာပါ။

ကိုရီးယားမင်းသမီးလေးတွေရဲ့ အသားအရေထိန်းသိမ်းပုံတွေ စမတ်ကျလှပစေတဲ့ ဖက်ရှင်စတိုင်လ်တွေ ဆံပင်စတိုင်လ်တွေကို အတုယူရင်း အလုပ်များနေရင်တောင် လှချင်ပချင်တဲ့စိတ်ကို အရင်းတည်ပြီး ပြင်ပြင်ဆင်ဆင်နေရမှာပဲဖြစ်ပါတယ်။

ဖက်ရှင်ကျပြီး သပ်သပ်ရပ်ရပ်နဲ့လှပနေမှာသာ လူပုံအလယ်သွားလာတဲ့အခါ မိမိကိုယ်ကိုယုံကြည်ချက်ရှိနိုင်မှာပါ။ဒီတစ်ခါမှာတော့ အလှအပမြတ်နိုးတဲ့ ပျိုမေလေးတို့အတွက် ကိုရီးယားမင်းသမီးလေးတွေရဲ့ ဆံပင်စတိုင်လ်လေးတွေကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။

ဆံပင်အတိုညှပ်ပြီး အလန်းစား အမိုက်စားစတိုင်လ်ကို အရယူချင်တဲ့ပျိုမေလေးတွေ အကြိုက်တွေ့စေမယ့် ဆံပင်ကေလေးတွေပဲဖြစ်ပါတယ်။ ဘယ်လိုပုံလေးတွေဖြစ်မလဲဆိုတာ အတူတူဆက်ကြည့်လိုက်ရအောင်။

ဘယ်လိုလဲ ပျိုမေလေးတို့ရေ… အခုဖော်ပြသွားတဲ့ ဆံပင်စတိုင်လ်လေးတွေကို သဘောတွေ့ကြရဲ့လား။ သဘောကျတယ်ဆိုရင်တော့ ဆံပင်ညှပ်ဆိုင် မြန်မြန်ပြေးပြီး ဆံပင်ကေအသစ်လေးနဲ့ အလန်းစားစတိုင်လ်လေး ဖန်တီးလိုက်ကြရအောင်နော်။

Source: Pinterest.com

By MyStyle Myanmar