အခုဆိုရင် ကလေးအတွက် သင်ထောက်ကူပစ္စည်းတွေလည်း အများကြီးရှိလာပြီဖြစ်ပါတယ်။ သင်ထောက်ကူပစ္စည်းတွေ ရှာရခက်တဲ့ဒေသတွေမှာလည်း ကလေးကို သင်္ချာ သင်ပေးဖို့အတွက် ဘာမှ စိတ်ပူစရာမလိုပါဘူး။ ကလေးတွေအနေနဲ့ ဂဏန်းသင်္ချာကို အလွယ်ကူဆုံး သင်ယူတတ်မြောက်နိုင်စေဖို့ နည်းလမ်းကောင်းတွေကိုမျှဝေပေးချင်ပါတယ်။

၁။ အစားအစာတွေနဲ့ သင်ပေးမယ်

အ၀ိုင်းလေးတွေဝိုင်းပြီး ကွတ်ကီးမှုန့်တွေ၊ အစားအစာတွေနဲ့ ဂဏန်းသင်္ချာကို သင်ပေးလို့ရပါတယ်။ အသီးတွေနဲ့လည်း သင်ပေးလို့ရပါတယ်။

၂။ ရေခဲချောင်းမှာပါတဲ့ တုတ်တံနဲ့ သင်ကြားပေးမယ်

အဲဒီတုတ်တံမှာ ရောင်စုံပန်းချီလေးဆွဲရင်း ၁ ၊ ၂၊ ၃၊ ၄ သင်ကြားပေးလို့ရပါတယ်နော်။

၃။ အခုလိုမျိုးသင်ပေးရအောင်

အန်စာတုံးကို အသုံးပြုပြီး အခုလိုမျိုး သင်ပေးလို့ရပါတယ်။

၎။ ပန်းချီဆွဲရင်းသင်ပေးမယ်

ပန်ချီဆွဲရင်း သစ်ပင်လေးတွေကို ဘယ်နှစ်ပင်ဆွဲမယ်၊ အသီးဘယ်နှစ်လုံးသီးမယ် စသဖြင့် ပုံလေးတွေနဲ့ သင်ပေးလို့ရပါတယ်။

၅။ ကိန်းဂဏန်းအကြီးအသေး

ကလေးကို သင်္ချာနားလည်စေဖို့ မိဘတိုင်းသိထားသင့်တဲ့ ရိုးရှင်းလွယ်ကူတဲ့ သင်ကြား နည်းတွေ

ဘယ်ကိန်းဂဏန်းက ပိုကြီးတယ်၊ ဘယ်ကိန်းဂဏန်းက ပိုသေးတယ်ဆိုတာကိုလည်း အခုလို စိတ်ဝင်စားဖွယ်ကောင်းတဲ့ သင်ထောက်ကူပစ္စည်းတွေကို ကိုယ်တိုင်လုပ်ပြီး သင်ကြားပေးနိုင်ပါတယ်နော်။

၆။ ပန်းသီးစိတ်လေးတွေနဲ့သင်ပေးမယ်

မိခင်ကိုယ်တိုင်က ပန်းသီးစိတ်ကိုခွဲပေးပြီး စက္ကူပြားတစ်ခုမှာ ဂဏန်းလေးတွေရေးထားကာ ပန်းသီးစိတ်လေးတွေကို လိုက်ဖြည့်ခိုင်းလိုက်ပါ။ အပိုင်းကိန်းတွေဖြစ်တဲ့ ၁/၂ လား၊ ၁/၄ လား ဆိုတာကို သင်ပေးနိုင်ပါတယ်။

၇။ နာရီပုံဆွဲပြီးလည်း သင်လို့ရသေးတယ်နော်

စက်ဝိုင်းရဲ့သဘောအပါအ၀င် သင်္ချာရဲ့ သဘောကိုပါ နားလည်အောင် အခုလိုသင်ပေးလို့ရပါတယ်။ ကပ်ထူစက္ကူပေါ်မှာ ရောင်စုံလေးတွေချယ်ရင်း အခုလို မျိုးသင်ပေးလို့ရပါသေးတယ်။

၈။ ကြမ်းပြင်မှာ ဂဏန်းရေးရင်သင်ပေးမယ်

ကြမ်းပြင်ပေါ်မှာ ၁ ၊ ၂၊ ၃၊ ၄ ရေးပြီး သင်ပေးပါ။ သင်က ဂဏန်းကို ပြောပြီး သင့်ကလေးကို ရှာခိုင်းပါ။ အခုလို သင်ကြားနည်းဟာ ကလေးအတွက်လည်း မှတ်မိလွယ်စေပြီး အမြန်ဆုံးလည်း သင်ယူတတ်မြောက်စေနိုင်ပါတယ်။