မင်္ဂလာပါနော်။ လက်လေးတွေရဲ့အလှဟာကျွန်မတို့ မိန်းကလေးအတွက် အရေးပါလှပါတယ်။ လက်ကလေးတွေက ကျွန်မတို့ရဲ့ နေ့စဉ် အရာဝတ္ထုတွေကို အမြဲတမ်း ကိုင်တွယ်အသုံးပြုနေရတာမို့ လက်အသားအရေကိုလည်း အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။

ပါဝင်ပစ္စည်း

ရေနွေးနဲ့ ဇလုံတစ်လုံး

သံလွင်ဆီ

သကြား (သို့) Body Scrub

မိတ်ကပ်ဖျက်ဆေး နဲ့ ဝါဂွမ်း

လက်သည်းညှပ်နဲ့ ကိရိယာများ

တဘက်

Moisturizer

ပြုလုပ်နည်း

အရင်ဆုံး လက်သည်းဆိုးဆေးတွေကိုသေချာဖျက်လိုက်ပါ။ ပြီးရင် လက်သည်းကို သေချာလေး ပြန်ညှိပြီး ညှပ်ပေးလိုက်ပါ။

ပြီးရင်တော သံလွင်ဆီ နည်းနည်းထည့်ပြီး လက်လေးကို ၂ မိနစ်လောက်ပွတ်ပေးလိုက်ပါ။

ပြီးရင်တော့သကြား (သို့) အသားအရေကြေးချွတ်တဲ့ Scrub ကိုယူပြီး ၃ မိနစ်လောက် လက်နဲ့ လက်သည်းတွေထဲ သေချာဝင်အောင် ပွတ်ပေး သန့်စင်ပေးပါ။

ရေနွေးထည့်ထားတဲ့ခွက်ထဲကို လက်ထည့်ပြီးဆေးချလိုက်ပါ။ ဒါတွေအားလုံးပြီးသွားရင်တော့ တဘက်နဲ့ ခြောက်အောင်သုတ်လိုက်ပြီး Moisturizer လိမ်းပေးလိုက်ပါ။

မိမိနှစ်သက်ရာ လက်သည်းနီကိုရွေးချယ်ပြီးလက်သည်းဆိုးပေးနိုင်ပါပြီ။

လက်လေးတွေနူးညံ့စိုပြေနေစေဖို့ နည်းလမ်းကောင်းတချို့

လက်လေးတွေကို ဆပ်ပြာနဲ့ ညင်သာစွာပွတ်ဆေးပါ။ အမြဲတမ်း Moisturizer လိမ်းပေးပါ။ ပန်းကန်ဆေးတဲ့အခါ လက်အိတ်ဝတ်ပါ။