အခုနောက်ပိုင်းမှာဆိုရင် ဓာတ်ပုံရိုက်လို့ကောင်းတဲ့ ကော်ဖီဆိုင်လှလှလေးတွေက တစ်ဆိုင်ပြီးတစ်ဆိုင်ကို ပေါ်နေတာပါ။ ဒီလိုအချိန်မှာ ပို့စ်ကောင်းကောင်းပေးတတ်တဲ့သူတွေကတော့ ကော်ဖီဆိုင်တွေသွားပြီး ဓာတ်ပုံသွားရိုက်လို့ ကောင်းပါတယ်။

ပို့စ်မပေးတတ်တဲ့သူတွေ၊ ဓာတ်ပုံသိပ်မရိုက်တတ်တဲ့သူတွေကျတော့ အဆင်မပြေပါဘူး။ ဒါကြောင့် ကော်ဖီဆိုင်တွေသွားတဲ့အခါမှာ လွယ်လွယ်ကူကူရိုက်လို့ရမယ့် ပို့စ်ပေးနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီလိုပို့စ်လေးဆိုရင် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုလည်းရှိစေပါတယ်။

ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက်တော့ ဒီပို့စ်လေးက အဆင်ပြေစေမှာပါ။

ရိုးရိုးလေးနဲ့ ချစ်စရာကောင်းနေစေမယ့် ပို့စ်ပေးနည်းလေးဖြစ်လို့ လူတိုင်းလုပ်တတ်မှာပါ။

အဝေးကို ငေးကြည့်နေတဲ့ပုံလေးလည်း ရိုက်လို့ရပါသေးတယ်။

ခပ်မိုက်မိုက်ဖက်ရှင်လေးတွေနဲ့ဆိုရင် လူငယ်ဆန်ပြီးချစ်စရာကောင်းအောင် ဒီလိုလေးပို့စ်ပေးလို့ရပါတယ်။

မျက်နှာရှေ့မှာ ကော်ဖီကွယ်ပြီးလည်း ရိုက်လို့ရပါတယ်။ ဒါကတော့ ကိုရီးယားမလေးတော်တော်များများရိုက်တဲ့ ပုံလေးပါ။

Photo Source: www.pinterest.com