[Zawgyi]

တခ်ိဳ႔မိန္းကေလးေတြက အလွအရမ္းျပင္ရတာ မႀကိဳက္ၾကပါဘူး။ Natural Look ေလးေတြ၊ ရိုးရိုးေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ပံုေလးေတြ ျပင္ရတာကိုပဲ ပိုႀကိဳက္ၾကတာပါ။ ဒါေၾကာင့္ ပ်ိဳေမတို႔ကို ခ်စ္စရာေကာင္းၿပီးလွသြားေစမယ့္ ထသြားထလာမိတ္ကပ္ျပင္ဆင္ပံု အဆင့္ဆင့္ကိုမွ်ေ၀ေပးလိုက္ပါတယ္။

ပထမဆံုးအေနနဲ႔ မ်က္ခံုးေမႊးကို သင္ဆဲြေနက်အတိုင္း အရင္ဆဲြေပးပါ။

မ်က္လံုးျခယ္ဖို႔အတြက္ မ်က္ခံြေပၚမွာ လိေမၼာ္ေရာင္ဘက္သြားတဲ့ Eyeshadow ေလးကို ျခယ္ေပးပါ။ အညိဳေရာင္ဘက္သြားတဲ့ Eyeshadow ကိုယူၿပီး မ်က္လံုးေထာင့္စြန္းေနရာေလးမွာ ျခယ္ေပးပါ။

မ်က္ကြင္းညိဳတာေတြနဲ႔ အေရးအေၾကာင္းေတြကိုဖံုးဖို႔  မ်က္လံုးေအာက္မွာ Concealer ကိုသံုးေပးပါ။ မ်က္လံုးေအာက္မွာလည္း လိေမၼာ္ေရာင္ဘက္သြားတဲ့ Eyeshadow ကိုျခယ္ေပးပါ။ ဒီလိုေလးျခယ္ေပးတာက မ်က္လံုးကိုပိုလင္းသြားေစပါတယ္။

Eyeliner ကိုဆဲြတဲ့အခါမွာေတာ့ ပါးပါးေလးပဲဆဲြေပးပါ။ ဒါမွလည္း Natural Look ေလးကို ရရွိေစမွာပါ။ မ်က္ေတာင္ေကာ့တဲ့အတံေလးနဲ႔ မ်က္ေတာင္ေကာ့ေပးပါ။ ၿပီးရင္ေတာ့ Mascara နဲ႔ အေပၚမ်က္ေတာင္၊ ေအာက္မ်က္ေတာင္ကို ေကာ့ေပးပါ။ Highlighter ေလးနဲ႔ မ်က္လံုးေအာက္နားနဲ႔ မ်က္လံုးထိပ္နားေလးကို နည္းနည္းျခယ္ေပးပါ။

ေနာက္တစ္ဆင့္မွာေတာ့ Foundation ကို လိမ္းေပးပါ။ Foundation လိမ္းတဲ့အခါမွာ လက္နဲ႔မလိမ္းပဲ ေဖာ့တံုးေလးေတြနဲ႔ လိမ္းေပးတာပိုေကာင္းပါတယ္။

Liquid Highlighter ကို နဖူး၊ ႏွာေခါင္း၊ ႏႈတ္ခမ္းအေပၚ၊ ေမးေစ့နဲ႕ ပါးေနရာေလးေတြမွာ သုတ္လိမ္းေပးပါ။ ၿပီးရင္ေတာ့ Loose Powder (သို႕) သင္သံုးေနက်တစ္ခုခုကို Brush ေလးနဲ႔ယူၿပီး လိမ္းေပးပါ။

အညိဳေရာင္ Eyeshadow Pallete ကိုယူၿပီး ေမးရိုးနည္းနည္းခ်ေပးပါ။ ဒါကေတာ့ ေမးရိုးမခ်ခ်င္လည္း ဒီအဆင့္ကိုေက်ာ္သြားလို႔ရပါတယ္။ ၿပီးရင္ေတာ့ ႏွာတံေဖာ္ေပးပါ။

မ်က္ႏွာကို ေျပာင္ေျပာင္ေလးျဖစ္ေနခ်င္ရင္ေတာ့ ခုနက Liquid Hightlighter သံုးထားတဲ့ေနရာေတြမွာ Hightlighter ကိုထပ္သံုးေပးပါ။ ဒီထဲမွာေတာ့ The Balm က Highlighter ေလးကို သံုးထားပါတယ္။

ေနာက္ဆံုးအဆင့္အေနနဲ႔ ပါးနီကို ပန္းေရာင္ေလးသံုးေပးပါ။ ႏႈတ္ခမ္းနီကိုလည္း ပန္းေရာင္ဘက္သြားတာေလးကို ဆိုးေပးပါ။ ႏႈတ္ခမ္းအတြင္းသားေလးကို Lip Tint အနီေရာင္ေလး နည္းနည္းထည့္ဆိုးေပးရင္ ပိုလွပါတယ္။

ဒါဆိုရင္ေတာ့ ရိုးရိုးေလးနဲ႔ အရမ္းလွၿပီး ခ်စ္စရာေကာင္းေနတဲ့ ထသြားထလာမိတ္ကပ္ျပင္ဆင္ပံုေလးလည္း ၿပီးဆံုးသြားပါၿပီ။ ပ်ိဳေမတို႔အားလံုးလည္း သေဘာက်ႏွစ္သက္မယ္လို႔ ထင္ပါတယ္။

Photo Source: www.deviennamakeup.com

[Unicode]

တချို့မိန်းကလေးတွေက အလှအရမ်းပြင်ရတာ မကြိုက်ကြပါဘူး။ Natural Look လေးတွေ၊ ရိုးရိုးလေးနဲ့ ချစ်စရာကောင်းတဲ့ပုံလေးတွေ ပြင်ရတာကိုပဲ ပိုကြိုက်ကြတာပါ။ ဒါကြောင့် ပျိုမေတို့ကို ချစ်စရာကောင်းပြီးလှသွားစေမယ့် ထသွားထလာမိတ်ကပ်ပြင်ဆင်ပုံ အဆင့်ဆင့်ကိုမျှဝေပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ မျက်ခုံးမွှေးကို သင်ဆွဲနေကျအတိုင်း အရင်ဆွဲပေးပါ။

မျက်လုံးခြယ်ဖို့အတွက် မျက်ခွံပေါ်မှာ လိမ္မော်ရောင်ဘက်သွားတဲ့ Eyeshadow လေးကို ခြယ်ပေးပါ။ အညိုရောင်ဘက်သွားတဲ့ Eyeshadow ကိုယူပြီး မျက်လုံးထောင့်စွန်းနေရာလေးမှာ ခြယ်ပေးပါ။

မျက်ကွင်းညိုတာတွေနဲ့ အရေးအကြောင်းတွေကိုဖုံးဖို့  မျက်လုံးအောက်မှာ Concealer ကိုသုံးပေးပါ။ မျက်လုံးအောက်မှာလည်း လိမ္မော်ရောင်ဘက်သွားတဲ့ Eyeshadow ကိုခြယ်ပေးပါ။ ဒီလိုလေးခြယ်ပေးတာက မျက်လုံးကိုပိုလင်းသွားစေပါတယ်။

Eyeliner ကိုဆွဲတဲ့အခါမှာတော့ ပါးပါးလေးပဲဆွဲပေးပါ။ ဒါမှလည်း Natural Look လေးကို ရရှိစေမှာပါ။ မျက်တောင်ကော့တဲ့အတံလေးနဲ့ မျက်တောင်ကော့ပေးပါ။ ပြီးရင်တော့ Mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင်ကို ကော့ပေးပါ။ Highlighter လေးနဲ့ မျက်လုံးအောက်နားနဲ့ မျက်လုံးထိပ်နားလေးကို နည်းနည်းခြယ်ပေးပါ။

နောက်တစ်ဆင့်မှာတော့ Foundation ကို လိမ်းပေးပါ။ Foundation လိမ်းတဲ့အခါမှာ လက်နဲ့မလိမ်းပဲ ဖော့တုံးလေးတွေနဲ့ လိမ်းပေးတာပိုကောင်းပါတယ်။

Liquid Highlighter ကို နဖူး၊ နှာခေါင်း၊ နှုတ်ခမ်းအပေါ်၊ မေးစေ့နဲ့ ပါးနေရာလေးတွေမှာ သုတ်လိမ်းပေးပါ။ ပြီးရင်တော့ Loose Powder (သို့) သင်သုံးနေကျတစ်ခုခုကို Brush လေးနဲ့ယူပြီး လိမ်းပေးပါ။

အညိုရောင် Eyeshadow Pallete ကိုယူပြီး မေးရိုးနည်းနည်းချပေးပါ။ ဒါကတော့ မေးရိုးမချချင်လည်း ဒီအဆင့်ကိုကျော်သွားလို့ရပါတယ်။ ပြီးရင်တော့ နှာတံဖော်ပေးပါ။

မျက်နှာကို ပြောင်ပြောင်လေးဖြစ်နေချင်ရင်တော့ ခုနက Liquid Hightlighter သုံးထားတဲ့နေရာတွေမှာ Hightlighter ကိုထပ်သုံးပေးပါ။ ဒီထဲမှာတော့ The Balm က Highlighter လေးကို သုံးထားပါတယ်။

နောက်ဆုံးအဆင့်အနေနဲ့ ပါးနီကို ပန်းရောင်လေးသုံးပေးပါ။ နှုတ်ခမ်းနီကိုလည်း ပန်းရောင်ဘက်သွားတာလေးကို ဆိုးပေးပါ။ နှုတ်ခမ်းအတွင်းသားလေးကို Lip Tint အနီရောင်လေး နည်းနည်းထည့်ဆိုးပေးရင် ပိုလှပါတယ်။

ဒါဆိုရင်တော့ ရိုးရိုးလေးနဲ့ အရမ်းလှပြီး ချစ်စရာကောင်းနေတဲ့ ထသွားထလာမိတ်ကပ်ပြင်ဆင်ပုံလေးလည်း ပြီးဆုံးသွားပါပြီ။ ပျိုမေတို့အားလုံးလည်း သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။

Photo Source: www.deviennamakeup.com