(Zawgyi Version)

သူငယ္ခ်င္းအခ်င္းခ်င္း အရင္ကေတာ့ အရမ္းခင္မင္လာတဲ့ Best Friend ေတြျဖစ္ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ ေျပာင္းလဲသြားတာေတြ၊ အရင္လိုမခင္မင္ေတာ့တာေတြ ရွိတတ္ပါတယ္။ ကိုယ့္အေနနဲ႔ Best Friend လို႔သတ္မွတ္ထားတဲ့သူေတြက ေနာက္ထပ္သူငယ္ခ်င္းအသစ္ေတြရသြားတဲ့အခါ သူတို႔နဲ႔ပိုေပါင္းျဖစ္ၿပီး ကိုယ္နဲ႔သိပ္မေပါင္းျဖစ္ေတာ့တာမ်ိဳး ျဖစ္ေလ့ရွိပါတယ္။

ဘာေၾကာင့္ပဲျဖစ္ျဖစ္ လူဆိုတာေတာ့ ေျပာင္းလဲတတ္တာခ်ည္းပါပဲ။ ကိုယ့္အေနနဲ႔ ဒါေတြကို လိုက္ခံစားေနဖို႔ မလိုပါဘူး။ အရင္လို ကေလးေသးေသးေလးလည္းမဟုတ္ေတာ့တဲ့အတြက္ သူကငါ့ကိုမေခၚေတာ့ဘူး၊ မခင္ေတာ့ဘူးဆိုၿပီး ဝမ္းနည္းမေနပါနဲ႔။ အရာရာကိုလိုက္ၾကည့္ၿပီး မျမင္ပါနဲ႔ မခံစားပါနဲ႔။ ဒါက အေရးမႀကီးတဲ့ အေသးအမႊားကိစၥတစ္ခုပါ။ ကိုယ့္မွာေရွ႔ဆက္ရမယ့္ အနာဂတ္နဲ႔ ေန႔ရက္ေတြ၊ လုပ္ရမယ့္အရာေတြက အမ်ားႀကီးရွိပါတယ္။ ကိုယ္လည္း လူသစ္ေတြနဲ႔ ခင္မင္သြားမွာပဲ။

ကိုယ္နဲ႔အက်င့္စရိုက္ခ်င္းမတူရင္လည္း လူေတြက အလိုလိုကဲြထြက္သြားတာပါပဲ။ ဥပမာ သူက Club သြားရတာႀကိဳက္တယ္၊ ကိုယ္က Club သြားရတာမႀကိဳက္ဘူး ဝါသနာမပါဘူး။ သူ Club သြားခ်င္တဲ့အခါ သင့္ကိုမေခၚပဲ Club သြားခ်င္တဲ့ အျခားတစ္ေယာက္ကို ေခၚၿပီးသြားမွာပဲ။ ဒါက သူ႔အမွားလည္းမဟုတ္ဘူး။ ကိုယ္နဲ႔အက်င့္ခ်င္းတူတာေတြနဲ႔ပဲ အမ်ားဆံုးေပါင္းသင္းျဖစ္ၾကတာပဲ။ ဒါေတြကို လိုက္ခံစားေနမယ့္အစား ကိုယ့္ေအာင္ျမင္မႈအတြက္ ပိုက္ဆံရွာဖို႔အတြက္ပဲ ေခါင္းထဲထည့္ထားၿပီး ဆက္လုပ္ပါ။ ကိုယ့္မိသားစုကိုပဲ တန္ဖိုးထားၿပီးဂရုစိုက္ပါ။

ကိုယ္နဲ႔ခင္ခဲ့ဖူးတဲ့သူေတြကိုလည္း အရင္တိုင္းပဲဆက္ခင္ပါ။ သူတို႔ဘက္ကေကာင္းသည္ျဖစ္ေစ၊ မေကာင္းဘူးျဖစ္ေစ ကိုယ့္အေနနဲ႔ကေတာ့ စိတ္ထဲဘာမွမထားပဲ ေတြ႔ရင္ရယ္ျပ စကားေျပာ၊ ႏႈတ္ဆက္တာေလာက္ေတာ့ လုပ္ေပးပါ။ ကိုယ့္ဘက္က သူတို႔အေခၚေတာ့လို႔၊ အရင္လိုမခင္ေတာ့လို႔ဆိုၿပီး စိတ္ဆိုးၿပီး စကားမေျပာေတာ့တာမ်ိဳးမလုပ္ပါနဲ႔။ ဘယ္သူေကာင္းေကာင္းမေကာင္းေကာင္း ကိုယ္ေကာင္းေနဖို႔ ကိုယ့္ဘက္ကမွန္ေနဖို႔ပဲ လိုပါတယ္။

Photo Source: www.freepik.com

(Unicode Version)

သူငယ်ချင်းအချင်းချင်း အရင်ကတော့ အရမ်းခင်မင်လာတဲ့ Best Friend တွေဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ပြောင်းလဲသွားတာတွေ၊ အရင်လိုမခင်မင်တော့တာတွေ ရှိတတ်ပါတယ်။ ကိုယ့်အနေနဲ့ Best Friend လို့သတ်မှတ်ထားတဲ့သူတွေက နောက်ထပ်သူငယ်ချင်းအသစ်တွေရသွားတဲ့အခါ သူတို့နဲ့ပိုပေါင်းဖြစ်ပြီး ကိုယ်နဲ့သိပ်မပေါင်းဖြစ်တော့တာမျိုး ဖြစ်လေ့ရှိပါတယ်။

ဘာကြောင့်ပဲဖြစ်ဖြစ် လူဆိုတာတော့ ပြောင်းလဲတတ်တာချည်းပါပဲ။ ကိုယ့်အနေနဲ့ ဒါတွေကို လိုက်ခံစားနေဖို့ မလိုပါဘူး။ အရင်လို ကလေးသေးသေးလေးလည်းမဟုတ်တော့တဲ့အတွက် သူကငါ့ကိုမခေါ်တော့ဘူး၊ မခင်တော့ဘူးဆိုပြီး ဝမ်းနည်းမနေပါနဲ့။ အရာရာကိုလိုက်ကြည့်ပြီး မမြင်ပါနဲ့ မခံစားပါနဲ့။ ဒါက အရေးမကြီးတဲ့ အသေးအမွှားကိစ္စတစ်ခုပါ။ ကိုယ့်မှာရှေ့ဆက်ရမယ့် အနာဂတ်နဲ့ နေ့ရက်တွေ၊ လုပ်ရမယ့်အရာတွေက အများကြီးရှိပါတယ်။ ကိုယ်လည်း လူသစ်တွေနဲ့ ခင်မင်သွားမှာပဲ။

ကိုယ်နဲ့အကျင့်စရိုက်ချင်းမတူရင်လည်း လူတွေက အလိုလိုကွဲထွက်သွားတာပါပဲ။ ဥပမာ သူက Club သွားရတာကြိုက်တယ်၊ ကိုယ်က Club သွားရတာမကြိုက်ဘူး ဝါသနာမပါဘူး။ သူ Club သွားချင်တဲ့အခါ သင့်ကိုမခေါ်ပဲ Club သွားချင်တဲ့ အခြားတစ်ယောက်ကို ခေါ်ပြီးသွားမှာပဲ။ ဒါက သူ့အမှားလည်းမဟုတ်ဘူး။ ကိုယ်နဲ့အကျင့်ချင်းတူတာတွေနဲ့ပဲ အများဆုံးပေါင်းသင်းဖြစ်ကြတာပဲ။ ဒါတွေကို လိုက်ခံစားနေမယ့်အစား ကိုယ့်အောင်မြင်မှုအတွက် ပိုက်ဆံရှာဖို့အတွက်ပဲ ခေါင်းထဲထည့်ထားပြီး ဆက်လုပ်ပါ။ ကိုယ့်မိသားစုကိုပဲ တန်ဖိုးထားပြီးဂရုစိုက်ပါ။

ကိုယ်နဲ့ခင်ခဲ့ဖူးတဲ့သူတွေကိုလည်း အရင်တိုင်းပဲဆက်ခင်ပါ။ သူတို့ဘက်ကကောင်းသည်ဖြစ်စေ၊ မကောင်းဘူးဖြစ်စေ ကိုယ့်အနေနဲ့ကတော့ စိတ်ထဲဘာမှမထားပဲ တွေ့ရင်ရယ်ပြ စကားပြော၊ နှုတ်ဆက်တာလောက်တော့ လုပ်ပေးပါ။ ကိုယ့်ဘက်က သူတို့အခေါ်တော့လို့၊ အရင်လိုမခင်တော့လို့ဆိုပြီး စိတ်ဆိုးပြီး စကားမပြောတော့တာမျိုးမလုပ်ပါနဲ့။ ဘယ်သူကောင်းကောင်းမကောင်းကောင်း ကိုယ်ကောင်းနေဖို့ ကိုယ့်ဘက်ကမှန်နေဖို့ပဲ လိုပါတယ်။

Photo Source: www.freepik.com