ကျွန်မ နောက်ဆုံးသွားခဲ့တဲ့ ခရီးစဉ်လေးကတော့ တနသာင်္ရီတိုင်း ဒေသကြီးမှာ ပါဝင်တဲ့ ထားဝယ် ခရီးစဉ်လေးပါ.. ?ထားဝယ်ဆို သိထားပြီးတဲ့အတိုင်း ပင်လယ်နဲ့ အလှမ်းမဝေးလှပါဖူး.. ?? ကျွန်မတို့လို ကချင်ပြည်နယ်သူ /သား တွေအတွက်တော့ ပင်လယ်ဆိုတာ တကယ်ကို အံ့သြ ပျော်ရွှင်မှုတွေ စိတ်လှုပ်ရှားမှုတွေ ပေးနိုင်မယ်ဆိုတာ ကျွန်မ ခရီးစထွက်ကတည်း ကနေကြိုပြီး စိတ်ကူးထားခဲ့ပြီးပါ.. ???

ကျွန်မခုခရီးကို ကချင်ပြည်နယ်YMCAက သူငယ်ချင်းတွေနဲ့ ဆရာမတချို့နဲ့အတူ မြစ်ကြီးနားမြို့ကနေ ခရီးထွက်လာခဲ့တာပါ.. အားလုံးစုစုပေါင်း အယောက်(၂၀) ပါ High class ကားနဲ့ နံနက် ၁၀နာရီ မြစ်ကြီးနား မြို့ကနေစထွက် လာပါတယ်။ နောက်နေ့ ၉ခွဲလောက် ရန်ကုန်ရောက်ပါတယ်။ ခရီးကလည်း ပန်းလာတော့ ကျွန်မတို့ နားလိုက်ကြပါတယ်။ (နားလည်းနား လည်လည်းလည်ပေါ့.. ??) ဒီလိုနဲ့ကျွန်မတို့ ခရီးကိုဆက်ဖို့ နောက်နေ့ ညနေ၅နာရီ မန္တလာမင်းကားနဲ့ ရန်ကုန်ကနေ ထားဝယ်ကို ထွက်လာပါတယ်။

တစ်ညလုံး ကားပေါ်မှာပဲ အိပ်လိုက်ကြပါတယ်။ ဒီလိုနဲ့ နံနက် ၃နာရီခွဲလောက်မှာ တနသာင်္ရီ တိုင်းဒေသကြီးကို ရောက်ရှိလို့လာခဲ့ပါပြီ။ ”တနင်္သာရီ တိုင်းဒေသကြီးမှ ကြိုဆိုပါ၏”ဆိုတဲ့ ‘မုဒ်ဦး’အကျော်နားလေးမှာ ဂိတ်ရှိပါတယ်။ အဲ့ဂိတ်ရောက်ရင် ကားပေါ်က အားလုံး ဆင်းပြီး လူနဲ့မှတ်ပုံစစ်ပါတယ် ? (နံနက်၃နာရီဆိုတာ အိပ်လို့ကောင်းတဲ့ချိန်လည်း ဆင်းရတာပဲ.. ???)စစ်ပြီးတာနဲ့ ကားပေါ်တက်ပြီး ခရီးဆက်ရပါတယ်။ ?

ဒီလိုနဲ့ နံနက်၆ခွဲတော့ ထားဝယ်ကို ရောက်ပါတယ်။ ?? ကျွန်မတို့ကို YMCA က ဆရာမရဲ့ မိတ်ဆွေက လာကြိုတော့ အဆင်ပြေသွားတယ် ကျွန်မတို့တစ်ဖွဲ့လုံး နံနက်စာစားအရက်သွားစားကြတာပေါ့နော်။ နံနက်စာကို ဘူဖေးစနစ်နဲ့ သုံးဆောင်ခဲ့ကြပါတယ်။ ပင်လယ်ဒေသဆိုတော့ ကင်းမွန်ငါးတို့ ပုစွန်တို့ ဂဏန်းတို့ပေါ့.. ☺☺(ကိုယ်တွေအကြိုက် ??)

ဒီပုံက မောင်းမကန် ကမ်းခြေက ကျောက်ဆောင် ပေါ်က ခုန်ချနေတာ.. ??

ကျွန်မတို့ တစ်ဖွဲ့လုံး နံနက်စာစားပြီးတာနဲ့ မောင်းမကန် ကမ်းခြေ ကိုသွားကြတယ်။ ? အရမ်းမိုက်တာပဲ။ (ကိုယ်တွေဘက်မှာက ပင်လယ်ဆိုတာ မြင်ရဖို့ ခက်ခဲတယ်လေ.. ??) ပင်လယ်ကြီးကိုလည်း မြင်လိုက်ရော ပင်ပန်းထားတာတွေအားလုံးပျောက်သွားတယ်.. ?အဲ့နေ့က မိုးအုံ့တယ် မိုးလည်းအေးတယ် ကျွန်မတို့ ပင်လယ်ထဲ ရေဆော့ဖို့ ဆင်းတာနဲ့ မိုးကစရွာတာပဲ ?? (ဒါပေမယ့် မဆော့ဖူး မထင်ပါနဲ့ မိုးရွာတော့ ပိုတောင်ပျော်သေး ??) ကျွန်မတို့ ရောက်ရောက်ချင်း နားတောင်မနားပဲ ရေကစားလိုက်ကြတာ ၃နာရီနီးပါးကြာသွားတယ်.. ? ဒီလိုနဲ့ ကျွန်မတို့လည်း ရေကစားလို့ ဝသွားတော့ ရေချိုးပြီး နားကြတာပေါ့ ကစားလည်း ကစားပြီးပြီဆိုတော့ ဗိုက်က ဆာလာတယ်.. ??

ဒီပုံလည်း မောင်းမကန် ကမ်းခြေ တစ်နေရာမှာပါ.. ??

ဒါနဲ့ ကျွန်တို့နားတဲ့အဆောင်နားက ဆိုင်တွေမှာ ပင်လယ်စာ တွေဝယ်စားကြတာပေါ့.. ?? ကြိုမှာထားရတယ် သူတို့က စားမယ်ဆိုမှ တစ်ခါတည်းချက်ပြုတ်ပေးကြတာ.. စောင့်ရတာနဲ့လည်းတန်ပါတယ်… ?? မှာထားတာ တွေက ရခိုင်ဂဏန်းပြုတ်,ဂဏန်း  မာဆလာချက်,ပုစွန်ကင်, ကင်းမွန်သုပ်တို့မှာ စားကြတာ.. ??

ဒီလိုနဲ့ပင်လယ်ရောက်တုန်း ရောက်ခိုက် ပုံတွေရိုက် ကစားလိုက်နဲ့ ညနေစောင်းသွားတယ် ညနေတာစောင်းသွားတာပါ တစ်နာရီ ၆၀၀၀နဲ့ဆိုင်ကယ်ငှါးပြီး ပင်လယ်ကမ်းရိုးတစ်လျှောက် ဆိုင်ကယ် ပတ်စီးတယ် ဒီလိုနဲ့ ညရောက်သွားတယ် .. ?ညရောက်တော့ ရန်ကုန်ကတည်းက အားလုံးပိုက်ဆံစုပြီး  ဝယ်လာတဲ့ရိက္ခာတွေနဲ့ ထမင်းသုတ်စားကြတယ် ?? ပီးတော့ အားလုံးမောမောနဲ့ အိပ်ယာ ဝင်ကြတယ်.. ??

ဗိုက်ဆာတော့ ဝါးတီးဆွဲကြ.. ??

နောက်နေ့ရောက်တော့ ကျွန်မတို့ Snorkeling လုပ်ဖို့တွက် တီချယ်က စီစဉ်ပေးတယ်..Snorkeling လုပ်တာက လူနေအိမ်နဲ့အလှမ်းဝေးတဲ့ ကျွန်းတွေဆီသွားလုပ်ပါတယ်.. Snorkeling ကတစ်ခါမှ မလုပ်ဖူးတော့ တကယ် စိတ်လှုပ်ရှားမှု အပြည့်ပါဘဲ ရေလည်းမကူးတတ်တော့ ကြောက်လည်းကြောက်တယ်.. ? ဒါပေမယ့် Save Jacketတွေ ဝတ်ထားပါတယ်။

ဒါကတော့ ပင်လယ်က ကျွန်းတွေဆီ Save Jacket နဲ့ Snorkeling လုပ်ဖို့ ရွာကနေထွက်လာကြတဲ့ တစ်ဖွဲ့လုံးးပုံ ??

တစ်ဖွဲ့လုံး စက်လှေနဲ့ ကျွန်းတွေဆီ သွားနေတာပါ..??

ရေအောက်က သန္တာကျောက်တန်းတွေ ကြည့်ဖို့ မျက်မှန်လည်း တပ်ထားရပါတယ်။ ပင်လယ်ရေအောက်ထဲကငါးလေးတွေ သန္တာကျာက်တန်းလေးတွေကို ကြည့်ရတာ အံ့သြဖို့ကောင်းပါတယ် ရေအောက်ကမ္ဘာထဲ ရောက်သွားသလိုပါဘဲ.. ?? Discovery ကြည့်ရတာထက်တောင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်.. ?

ရေတွေက စိမ်းပြီးကြည်နေတာဘဲ.. ? Snorkeling လုပ်ကြတာ ပျော်စရာကြီးး.. ??

တစ်ဖွဲ့လုံး.. ???

ဒီလိုနဲ့ကျွန်မတို့ Snorkeling လုပ်ပြီးလို့ ညနေ စောင်းတော့ ကျွန်မတို့ အဖွဲ့က ဘုန်းကြီးကျောင်းမှာ ဝင်တည်းကြပါတယ်။ ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဆရာတော်ကို ကျွန်မတို့ တစ်ဖွဲ့လုံး တတ်နိုင်သလောက် ငွေလေးစုပြီး လှူခဲ့ပြီး လို့ဆရာတော် နားခိုင်းတဲ့အဆောင်မှာ နားလိုက်ကြပါတယ်..

မယင်းကြီးရွာရဲ့ ဘုန်းကြီးကျောင်းနားက ညနေ နေဝင်ကွယ်ပျောက် တော့မယ့်ပုံ… ??

ဒီလိုနဲ့ နောက်နေ့ နံနက် ၇နာရီ အဲ့ဘုန်းကြီးကျောင်းက ထွက်လာပြီး မယင်းကြီးရွာက မူလတန်းကျောင်းငယ် လေးကို ပရဟိတ လုပ်ဖို့ခရီး ဆက်ခဲ့ကြပါတယ်..အဲ့ရွာရောက်ဖို့ တော်တော်ကြာ ကားစီးရပါတယ် ရွာမှာက လျှပ်စစ်မီးက အချိန်နဲ့ လွှတ်ပေး တာပါတဲ့.. အာ့နဲ့ ကျွန်မတို့ အဖွဲ့က ငွေလေးစုပြီး အဲ့ကျောင်းအတွက် Solar လေးလည်း လှူပေးခဲ့ပါတယ်။

ဒါက မယင်းကြီးရွာက မူလတန်းကျောင်းမှာ ပရဟိတ လုပ်ခဲ့တုန်းက.. ??

ကျွန်မတို့လည်း အဲ့ရွာနဲ့ ဘုန်းကြီးကျောင်းမှာပဲ နောက်တစ်ခါထပ်တည်းခဲ့ကြပါတယ်။ အဲ့ဘုန်းကြီးကျောင်းက ကုန်းပေါ်မှာပါ။ ကုန်းပေါ်က ဆင်းရင် ပင်လယ်ကမ်းစပ်ရောက်ပါတယ်။ တကယ် သာယာတဲ့ ရွာလေးပါ။ ညရောက်တော့ ကျွန်မတို့အဖွဲ့တွေ သဲသောင်ပြင်မှာ မီးပုံပွဲ လုပ်ရင်း ခုခရီးထွက်လာရတဲ့ Feeling တွေကို တစ်ယောက်နဲ့တစ်ယောက် Sharing လုပ်ပြီး တစ်ညတာ ကို တူတူပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြတယ်..??

ဒီမုန့်လေးတွေက ထားဝယ်က အစားစာလေးတွေ.. ??

ဒီလိုနဲ့နောက်နေ့ နံနက်ရောက်တော့ မယင်းကြီးရွာက ကားနဲ့ထွက်ပြီး Local market ထွက်လာခဲ့ကြပါတယ်.. ပင်လယ်နဲ့နီးတော့ ငါးခြောက်တွေ ပုစွန်တွေ ငပိတွေ ပေါပါတယ် ဈေးလည်းတန်တယ်  အိမ်တွက် လက်ဆောင်ဆိုပြီး ဝယ်လာလိုက်တာ တစ်ဖွဲ့လုံး စီးလာတဲ့ကားတောင် ငါးပိစော်တွေ နံသွားတာဘဲ.. ??အော်.. ဒါနဲ့ ပြောဖို့ကျန်ခဲ့တယ် အဲ့ရွာမှာ ဝါးပလုတ်ဆိုတဲ့ အရည်ကြည်ကြည်လေး နဲ့ အုန်းရည်လိုမျိုးဘဲ ဒါပေမယ့် သူက ဝါးကနေရတာလို့ပြောတယ် အာ့လေးသောက်ဖြစ်အောင်သောက်ခဲ့ပါလို့ ??

ဒါက ဝါးပလုတ် လို့ခေါ်တဲ့ ဝါးပင်ကရတဲ့ ဂျယ်လီလို အတုံးလေးတွေ ??

ခရီးစဉ် ပြီးဆုံးတော့ အိမ်ပြန်ရတော့မယ်လေ.. ??

ပြိုင်ပွဲပုံစံ

စာဖတ်သူတို့ နောက်ဆုံးသွားခဲ့တဲ့ ခရီးစဉ်အမှတ်တရတစ်ခုကို မိမိကြိုက်နှစ်သက်တဲ့ ပုံစံမျိုးနဲ့ Review အကောင်းဆုံးရေးပြီး ဓာတ်ပုံများနဲ့အတူတကွ MyStyle Myanmar ရဲ့  FB Messenger ကို ပေးပို့ရမှာဖြစ်ပါတယ်။ ပုံမှန်တွေ့ဖူးနေကြ ပြိုင်ပွဲတွေနဲ့မတူဘဲ တမျိုးဆန်းသစ်တဲ့ပုံစံလေးနဲ့မို့လို့ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်နော်။

ပြိုင်ပွဲစတင်မယ့်အချိန်

Review ရေးပြိုင်ပွဲအစီအစဉ်ကိုတော့ မတ်လ၊ ၂၄ ရက်နေ့ကစတင်လျက်ရှိပြီး ဧပြီလ ၇ရက်နေ့ နောက်ဆုံးထားကာ Review လေးတွေကို ပေးပို့သွားရမှာဖြစ်ပါတယ်။ အနိုင်ရရှိသူကိုတော့ ဧပြီလ၊ ၈ ရက်နေ့မှာ ကြေငြာပေးသွားမှာဖြစ်လို့ အချိန်ရှိတုန်းလေး အပြေးရေးထားလိုက်ရအောင်လား။

ပေးအပ်သွားမည့် ဆုလက်ဆောင်

ပေးပို့လာတဲ့ Review တွေထဲကမှ Like အများဆုံး ရရှိမယ့် Review ပိုင်ရှင်တစ်ဦးကိုသာ ရွေးချယ်သွားမှာဖြစ်ပါတယ်။ ဆုအနေနဲ့ကတော့ Hedgren မှ စပွန်ဆာပေးထားသည့် 1 Year Warranty နဲ့  ၂၉၅၀၀၀ ကျပ်တန်ဖိုးရှိ ခဲရောင်ခရီးဆောင်အိတ်ကို ချီးမြှင့်ပေးသွားမှာဖြစ်သည့်အတွက် အခွင့်အရေးကောင်းကို လက်လွှတ်မခံဘဲ အပြေးလေး ပါဝင်ယှဉ်ပြိုင်လိုက်ကြရအောင်။

Hedgren bags are available at Casabella Show Rooms in Yangon, Mandalay and Naypyidaw

Yangon: 22 Pyay Road, 9 Mile. Phone: 664 363, 660 769
Naypyidaw: Ocean Super Center Ground Floor (Oatarathri) Phone: 06741 7621-25
Mandalay: Corner of 32nd 77th Street, Chanayetharzan T/S Phone: 02 69366

https://www.facebook.com/hedgren.myanmar