မိဿရာသီဖွား (မတ်လ ၂၁ရက်မှ – ဧပြီ ၁၉ ရက်အထိ)

မိဿရာသီဖွားတွေ လူအများနဲ့ဆက်ဆံတဲ့အခါမှာ အထူးသတိထားပါ။ လူတစ်ယောက်ချင်းစီကို ဆက်ဆံတိုင်းမှာ ပုံစံတစ်မျိုးတည်းနဲ့ပဲ ဆက်ဆံပါ။ ကိုယ်က အခြားလူများနဲ့ အရောတ၀င်ရှိအောင် ပြောင်းလဲတယ်ဆိုပေမယ့်လည်း အခြားသူများကတော့ ကိုယ်ဘယ်လိုတွေဟန်ဆောင်နေလည်းဆိုတာကို သေချာသိမြင်နိုင်ပါတယ်။ အခြားသူများကို လှည့်ဖြားခြင်းက ထိုသူတို့ကို အလေးမထားတာနဲ့ အတူတူပါပဲ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ – မေ ၂၀ အထိ)

ပြိဿရာသီဖွားတွေအတွက် ဒီနေ့အခြေအနေကတော့ ပြင်းထန်တဲ့စိတ်ခံစားချက်တွေက သင့်ရဲ့လက်ရှိလမ်းကြောင်းပြောင်းအောင် ဖြားယောင်းနိုင်ပါတယ်။ ထိုကဲ့သို့ ဆွဲဆောင်မှုကို မယိမ်းယိုင်ဘဲနဲ့ မိမိဝန်းကျင်ရှိလူများကို တာဝန်တွေခွဲပေးပြီး စိတ်နှစ်ပြီးလုပ်မယ်ဆိုရင် ထိုပြဿနာတွေ ပျောက်ကင်းသွားမှာပါ။

မေထုန်ရာသီဖွား (မေ ၂၁ ရက်မှ – ဇွန် ၂၀ အထိ)

မေထုန်ရာသီဖွားကို အမျိုးမျိုးသောလှုပ်ရှားတွေက စိတ်ပြောင်းလဲသွားစေနိုင်ပါတယ်။ ထိုအခါမှာ သွားနေစဉ်တစ်လျှောက် အခြားသူများရဲ့ လမ်းပြမှုကို ရယူပါ။ အကူအညီလိုအပ်ပါက ရကိုရမှာပါ။ တချိန်တည်းမှာပဲ ကိုယ့်ကိုကူညီလိုက်တဲ့ လူများရဲ့အကြောင်းနဲ့ပတ်သက်ပြီး သေချာနားလည်သဘောပေါက်သွားမှာပါ။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ ရက်မှ – ဇူလိုင် ၂၂ ရက်အထိ)

ကရကဋ်ရာသီဖွားတွေကတော့ အလွန်ခေါင်းမာတတ်မှုနဲ့ ပတ်သက်ပြီး သတိထားပေးပါ။ ကိစ္စအသေးအဖွဲလေးတွေမှာပါ လိုက်ပြီး ခေါင်းမာနေမယ်ဆိုရင် လူတစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးအကြားမှာ နားလည်လွဲမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ ရက်မှ – သြဂုတ် ၂၂ ရက်အထိ)

သိဟ်ရာသီဖွားတွေရဲ့ လူသူမရွေးပေါင်းသင်းဆက်ဆံတတ်မှုက ဒီနေ့မှာ အလွန်အထောက်အကူပြုနေမှာပါ။ ပတ်ဝန်းကျင်က ပြောင်းလဲလွယ်တဲ့ စိတ်ခံစားချက်တွေနဲ့ ခေါင်းမာတဲ့သဘောထားတွေက ၀န်းရံလာတဲ့အခါ ကိုယ့်စရိုက်ကြောင့် အရာရာအဆင်ပြေသွားစေမှာပါ။ မေးခွန်းအတွက် အဖြေကို အခြားသူများထံမှ အတင်းအကြပ်ရယူတာထက် ရေလိုက်ငါးလိုက်လေး နေလိုက်ပါ။

ကန်ရာသီဖွား (သြဂုတ် ၂၃ ရက်မှ – စက်တင်ဘာ ၂၂ ရက်အထိ)

ဒီနေ့မှာ အခြားသူများရဲ့ ကတိစကားမတည်မှုတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေနိုင်ပါတယ်။ အခြားသူများနဲ့ အစီအစဉ်၊ အကြံအစည်တွေပြုလုပ်နိုင်ပေမယ့်လည်း ထိုသူတွေက သူတို့လုပ်ချင်တာနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောင်းနေနိုင်ပါတယ်။ ဖြစ်နိုင်တာကတော့ စိတ်ထဲမှာမသေချာမရေရာဖြစ်နိုင်ပြီး နောက်တဆင့်တက်ရမှာကို ကြောက်နေလို့ပါပဲ။ ကိုယ့်ရဲ့အကြံတွေကို အခြားသူတို့ရဲ့ နှောင့်ယှက်မှုတွေကြောင့် အပျက်စီးမခံဘဲ သေချာပိုင်ပိုင်နိုင်နိုင်ပြုလုပ်ပါ။

တူရာသီဖွား (စက်တင်ဘာ ၂၃ ရက်မှ – အောက်တိုဘာ ၂၂ ရက်အထိ)

တူရာသီဖွားတွေကတော့ ဒီနေ့မှာ စိတ်ပိုင်းဆိုင်ရာ အလွန်သန်မာနေမှာပါ။ သေချာသတိမထားဘူးဆိုရင် ခေါင်းထဲကအရှုပ်အထွေးတွေက အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အခုချိန်မှာလုပ်ရမယ့် အရေးကြီးဆုံးအရာကတော့ နှလုံးသားစေညွှန်ရာကို လိုက်နာဖို့ပါပဲ။ ကိုယ်ဝါသနာပါတာကို လုပ်ကိုင်ပြီး ကိုယ်ချစ်ခင်လေးစားရသူတွေနဲ့ ပူးတွဲလုပ်ကိုင်ပါ။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ ရက်မှ – နိုဝင်ဘာ ၂၁ ရက်အထိ)

ဗြိစ္ဆာရာသီဖွားတွေ ဒီနေ့လုပ်ဖို့လိုအပ်တာကတော့ ခန္ဓာကိုယ်ရေနဲ့ ထိတွေ့ဖို့ပါပဲ။ ပင်လယ်၊ မြစ်၊ ကန်ပဲဖြစ်နေပါစေ ထိုအထဲမှာနေပြီး ရလာတဲ့ စိတ်ချမ်းသာမှုက ဘယ်လောက်တောင်ကုသပေးနိုင်သလဲဆိုတာကို သိလာနိုင်မှာပါ။ ကိုယ့်အတွက်ကိုယ်သာလျှင် အကြီးမားဆုံးကုသပေးနိုင်သူတစ်ယောက်ဖြစ်တာကို သိထားပါ။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ ရက်မှ – ဒီဇင်ဘာ ၂၁ ရက်အထိ)

ဓနုရာသီဖွားတို့ကတော့ ဒီနေ့မှာ စိတ်နဲ့လူကပ်နေမှာမဟုတ်ပါဘူး။ တနေရာရာမှာ ငုတ်တုပ်ထိုင်ပြီး ကိုယ့်အတွင်းအသံကိုနားထောင်ဖို့ အချိန်ရဖို့တောင် ခက်ခဲနိုင်ပါတယ်။ ဘေးပတ်ပတ်လည်မှာ မတူညီတဲ့ဦးတည်ချက်တွေကို ဆွဲဆောင်နေမယ့် အနှောင့်အယှက်တွေရှိနိုင်ပါတယ်။

မကရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်မှ – ဇန်န၀ါရီ ၁၉ ရက်အထိ)

မကရရာသီဖွားတွေရဲ့ နှလုံးသားဟာ ဒီနေ့မှာတော့ တင်းနစ်ဘောလုံးလိုမျိုး ရှေ့သွားလိုက်နောက်သွားလိုက်ဖြစ်နေမှာပါ။ တစ်မိနစ်မှာ ခဏတာဆွဲခေါ်ခံသွားရနိုင်ပြီး နောက်ထပ်မိနစ်တွေပြီးရင်တော့ လုံးဝခြားနားတဲ့ဦးတည်ချက်တွေကို အပြည့်ရောက်သွားနိုင်ပါတယ်။ ဒီလိုခံစားချက်ကို အတင်းအကြပ်တွန်းကန်မယ့်အစား အကျိုးကျေးဇူးရယူလိုက်ပါ။ သိသိ၊ မသိသိ ကိုယ်လုပ်နေတဲ့အရာက စူးစမ်းရှာဖွေနေတာပါ။ ကိုယ်ဘာလိုလဲဆိုတာကို ရှာမတွေ့မချင်း အသစ်သစ်တွေကို စမ်းသပ်ကြည့်ပါ။

ကုံရာသီဖွား (ဇန်န၀ါရီ ၂၀ ရက်မှ – ဖေဖော်ဝါရီ ၁၈ ရက်အထိ)

ကုံရာသီဖွားတွေရဲ့ စွမ်းအင်ပမာဏက ဒီနေ့မှာ အလွန်မြင့်တက်နေပေမယ့်လည်း ဆတ်ကော့လတ်ကော့ဖြစ်မနေဖို့ သတိထားရပါမယ်။ အလုပ်ခွင်ထဲမှာဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ်ရှိနေဖို့ လိုအပ်လို့ ခိုင်ခိုင်မာမာသတိရှိဖို့တော့ လိုပါတယ်။ ပြဿနာကြုံလာတဲ့အခါမှာ ထိုပြဿနာကြောင့် ကိုယ့်ကိုဒုက္ခရောက်စေဖို့လွှတ်ထားမယ့်အစား ကိုယ့်ရဲ့အကောင်းမြင်တတ်တဲ့ စွမ်းအင်ကိုအသုံးပြုပြီး ဖြေရှင်းလိုက်ပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ ရက်မှ – မတ် ၂၀ ရက်အထိ)

အခြားသူတွေ ဂရုစိုက်ဖို့အတွက် ကိုယ့်ဘ၀က အလွန်ပျင်းစရာကောင်းတယ်လို့ ထင်နိုင်ပါတယ်။ ဒီလိုမျိုးတွေးပြီး ခံစားနေမယ့်အစား နေလာတဲ့ဘ၀တလျှောက်မှာ စိတ်လှုပ်ရှားစရာလုံလုံလောက်လောက် မကြုံရသေးဘူးဆိုပြီး ကိုယ့်ကိုယ်ကို လက်ခံယုံကြည်စေပါ။ ကိုယ့်ရဲ့ခံစားချက်တွေကို အမှန်အတိုင်း ဖွင့်ပြောနိုင်မယ် စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးတဲ့အသင်းအဖွဲ့တွေကိုဖြစ်ဖြစ် ၀င်ရောက်ဖို့စဉ်းစားကြည့်ပါ။