မိဿရာသီဖွား (မတ်လ ၂၁ရက်မှ – ဧပြီ ၁၉ ရက်အထိ)

အလုပ်ခွင်မှာ စကားပြောဆိုဆက်ဆံရာမှာ ပြဿနာများ ပေါ်ပေါက်လာနိုင်ပါတယ်။ ထိုပြဿနာတွေက မိဿရာသီဖွားတွေကို ကဖျက်ကယက်ဖြစ်စေပြီး လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်းကြား ဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့်လည်း စိတ်မပူပါနဲ့ ညနေခင်းရောက်တဲ့အခါမှာ အရာအားလုံး ပြန်လည်အဆင်ပြေသွားမှာပါ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ – မေ ၂၀ အထိ)

ပြိဿရာသီဖွားတွေ အချိန်အကြာကြီး စီစဉ်ထားတဲ့ ပရောဂျက်ကနေပြီး ငွေဝင်ကိန်းရှိပါတယ်။ ဒီနေ့မရလည်းဘဲ စိတ်ပျက်မသွားပါနဲ့။ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေတာလည်းဖြစ်နိုင်ပါတယ်။ ဒီနေ့အချိန်မှာ ဘယ်ပရောဂျက်အသစ်ကိုမှ စတင်လုပ်ဆောင်ဖြစ်မှာမဟုတ်ဘဲ အကြံအစည်တွေ အများကြီးရှိတာတောင် ဒီနေ့မှာ ဆုံးဖြတ်ချက်တွေချဖြစ်မှာမဟုတ်ပါဘူး။

မေထုန်ရာသီဖွား (မေ ၂၁ ရက်မှ – ဇွန် ၂၀ အထိ)

မေထုန်ရာသီဖွားတို့ ဒီနေ့အချိန်မှာ သူငယ်ချင်းအသစ်တွေ မိတ်ဖွဲ့ဖြစ်ရုံသာမက အဖိုးတန်တဲ့အဆက်အသွယ်တွေကိုပါ ရရှိမှာဖြစ်ပါတယ်။ ဒီလိုမျိုး သွားလာလှုပ်ရှားမှုတွေက အိမ်မကပ်စေဘဲ မိသားစုကိုလည်း စိတ်တိုင်းကျ အချိန်ပေးနိုင်မှာမဟုတ်ပေမယ့် တနေ့တာကုန်သွားသည့်အခါမှာတော့ စိတ်တိုင်းကျစရာ အောင်မြင်မှုတွေကိုပိုင်ဆိုင်နိုင်မှာပါ။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ ရက်မှ – ဇူလိုင် ၂၂ ရက်အထိ)

ဒီနေ့မှာ စိတ်ကူးစိတ်သန်းအတွေးကောင်းတွေ ဖြစ်လာနိုင်လို့ ခေါင်းထဲပေါ်လာသမျှကို ချရေးထားလိုက်ပါ။ ဒါပေမယ့်လည်း ပေါင်းသင်းဆက်ဆံရေးတွေ၊ ပါတီပွဲတွေ၊ အလည်အပတ်တွေက ဒီလိုမျိုး ချရေးတာကို အနှောင့်အယှက်ဖြစ်လာစေနိုင်ပါတယ်။ ကိုယ်ကမကြိုက်နှစ်သက်ပေမယ့်လည်း အခြားသူများရဲ့ အတွေးတွေ၊ စိတ်ခံစားချက်တွေနဲ့ ယဉ်ပါးသွားနိုင်ပါတယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ ရက်မှ – သြဂုတ် ၂၂ ရက်အထိ)

အဖွဲ့လိုက်လှုပ်ရှားမှုတွေက သင့်တနေ့တာရဲ့ အချိန်တွေ၊ အင်အားတွေကို ကုန်ဆုံးသွားစေနိုင်ပါတယ်။ အလုပ်နဲ့သက်ဆိုင်တဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေက ခေါင်းထဲမှာ စုပြုံနေတတ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုမျိုး အဖွဲ့လိုက်လှုပ်ရှားမှုတွေက သင့်အတွက် အလွန်အရေးကြီးလို့ စိတ်ရှုပ်စရာကောင်းပေမယ့်လည်း သူ့ဟာနဲ့သူ အဆင်ပြေသွားမှာပါ။ တခုသတိရနေဖို့က ဒီလိုနေ့ဟာ ကိုယ့်ကိုယ်ကို အတင်းအကြပ်တွန်းအားပေးဖို့ မသင့်ပါဘူး။

ကန်ရာသီဖွား (သြဂုတ် ၂၃ ရက်မှ – စက်တင်ဘာ ၂၂ ရက်အထိ)

ကန်ရာသီဖွားတွေကတော့ ဒီနေ့မှာ အလုပ်ပိနေမှာပါ။ ပုံမှန်ထက်ပိုပြီး အချိန်အများကြီးပေးရဖို့ ရှိပေမယ့်လည်း စိတ်ကတော့မပါပါဘူး။ ကိုယ်ဝါသနာပါတာတွေ၊ ကိုယ်စိတ်ဝင်စားတာတွေအပြင် သူငယ်ချင်းတွေ သို့မဟုတ် ချစ်သူနဲ့ အချိန်ကုန်ဖို့ပြင်ဆင်ထားတယ်ဆိုရင် အရာရာကို အတတ်နိုင်ဆုံး အမြန်ပြီးအောင် လုပ်တာအကောင်းဆုံးပါပဲ။ ဒါမှမဟုတ်လည်း သိပ်ပြီးအရေးမကြီးတာဆိုရင် ချန်ထားခဲ့ပြီး ကိုယ့်ကိုယ်ကို အနားပေးလိုက်ပါ။

တူရာသီဖွား (စက်တင်ဘာ ၂၃ ရက်မှ – အောက်တိုဘာ ၂၂ ရက်အထိ)

တူရာသီဖွားတွေဟာ ဒီနေ့အချိန်တွင် စိတ်နဲ့ကိုယ်နဲ့ကပ်နေမှာမဟုတ်ပါဘူး။ စိတ်တ၀က်က ဒီလိုပင်ပန်းတဲ့လူ့အဖွဲ့အစည်းတွေကနေ ပြေးထွက်ပြီး ဘ၀ရဲ့လွတ်လပ်မှုကို ရှာဖွေလိုပေမယ့်လည်း နောက်တစ်ဖက်ကတော့ တာဝန်ဝတ္တရားတွေကို လက်မလွှတ်ချင်ပါဘူး။ ဒါပေမယ့်လည်း ဒါတွေအကုန်လုံးက တရက်ထပ်ကျော်ပြီး မဖြစ်နိုင်တော့လို့ အတင်းမပြုပြင်ဘဲ လွှတ်ထားလိုက်ပါ။ အခုချိန်မှာ အရေးကြီးတာက စိတ်နဲ့ကိုယ်ပြန်ကပ်အောင် ကြိုးစားဖို့ပါပဲ။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ ရက်မှ – နိုဝင်ဘာ ၂၁ ရက်အထိ)

ကိုယ်ပါဝင်နေတဲ့ အဖွဲ့အတွင်းက စိတ်ခုစရာအသေးလေးကနေပြီး ငွေကြေးပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ အတတ်နိုင်ဆုံး ဒီလိုပြဿနာထဲမှာ ကိုယ်မပါအောင် အထူးကြိုးစားပါ။ ညဖက်အချိန်မှာ အိမ်မက်ဆိုးတွေက နှောင့်ယှက်နိုင်ပေမယ့်လည်း တအားအာရုံမထားပါနဲ့။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ ရက်မှ – ဒီဇင်ဘာ ၂၁ ရက်အထိ)

အချိန်ပိုဆင်းတာကြောင့်ဖြစ်ဖြစ် တနည်းနည်းနဲ့ ဒီနေ့မှာ ငွေပိုဝင်မယ့် အခွင့်အလမ်းရှိနေပါတယ်။ ဒါပေမယ့်လည်း ကိုယ်ပါဝင်ပတ်သက်နေတဲ့ ပေါင်းသင်းဆက်ဆံရေးပွဲများကြောင့် ပျောက်ပျက်သွားနိုင်ပြီး သူငယ်ချင်းများ၊ မိသားစုများအကြား စိတ်ခုစရာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ချစ်သူနဲ့လည်း ပြဿနာအနည်းငယ်တက်စေနိုင်ပေမယ့် ဒီလိုစိတ်ညစ်စရာက အချိန်တန်ရင်ပျောက်သွားမှာဖြစ်တာကို ကိုယ့်ကိုယ်ကို သတိပေးနေပါ။

မကရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်မှ – ဇန်န၀ါရီ ၁၉ ရက်အထိ)

ကံမကောင်းစွာနဲ့ပဲ ဒီနေ့ဟာ မကရရာသီဖွားတွေအတွက် စိတ်ပျက်စရာနေ့တနေ့ဖြစ်နေမှာပါ။ မပြီးဆုံးနိုင်တဲ့ အလုပ်တာဝန်တွေက အချိန်အများကြီးယူနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုခဏတာစိတ်ညစ်စရာကို အနာဂတ်ကိုသယ်မသွားမိပါစေနဲ့။ ရှေ့လျှောက် တက်လမ်းအသစ်တွေ ပျောက်သွားနိုင်ပါတယ်။

ကုံရာသီဖွား (ဇန်န၀ါရီ ၂၀ ရက်မှ – ဖေဖော်ဝါရီ ၁၈ ရက်အထိ)

ဒီနေ့ညမှာ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပြီး မထင်မှတ်တဲ့ တွေ့ဆုံမှုမျိုးကို မျှော်လင့်နေပြီး သင့်ဘ၀ရဲ့လက်တွဲဖော်ကလည်း သင့်ကို အဖော်ပြုပေးဖို့ အလွန်ဆန္ဒရှိနေပါတယ်။ သို့သော်ငြားလည်း မထင်မှတ်ထားတဲ့ အခြေအနေတွေက သင့်ရဲ့အကြံအစည်တွေကို နှောင့်ယှက်နိုင်ပြီး ဒီညမှာဘယ်လိုဆက်သွယ်မှုကိုမှ လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါကနေပြီး စိတ်ရှုပ်ထွေးစရာ၊ ဒေါသဖြစ်စရာတွေဖြစ်လာစေနိုင်ပေမယ့် ကယောင်ခြောက်ခြားမဖြစ်သွားပါနဲ့။ မနက်ဖြန်ဆိုရင် အရာရာပြန်အဆင်ပြေသွားမှာပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ ရက်မှ – မတ် ၂၀ ရက်အထိ)

အိမ်ရဲ့တာဝန်တွေနဲ့ အလုပ်ရဲ့ဝတ္တရားနှစ်ခုကြားထဲမှာ ပြဿနာဖြစ်ပေါ်လာနိုင်ပါတယ်။ နှစ်ခုထဲက တစ်ခုကိုရွေးချယ်ဖို့ မတတ်နိုင်သလို နှစ်ခုကြားမှာလည်း ဗျာများနေနိုင်ပါတယ်။ ဒါပေမယ့်လည်း အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောင်ရွက်လိုက်ပါ။ မနက်ဖြန်ရောက်တဲ့အခါ ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။