မိဿရာသီဖွား (မတ်လ ၂၁ရက်မှ – ဧပြီ ၁၉ ရက်အထိ)

မိဿရာသီဖွားအတွက် ဒီနေ့မှာတော့ အထူးကိုကျန်းမာသန်စွမ်းပြီး သြဇာအပြည့်ရှိနေမှာပါ။ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပါတီပွဲတွေကို ဖိတ်ကြားခြင်းခံရနိုင်သလို ကိုယ့်ရဲ့ ရုတ်ခြည်းတက်လာတဲ့ ကျော်ကြားမှုကိုတောင် အံ့သြသွားနိုင်ပါတယ်။ မိတ်ဆွေအသစ်တွေကနေ အလုပ်ဆိုင်ရာအခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာနိုင်သလို သူငယ်ချင်းအသစ်၊ အလုပ်အသစ်၊ ဖြစ်နိုင်ပါက အိမ်အသစ်တောင် ရှာဖွေတွေ့ရှိလာနိုင်မှာပါ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ – မေ ၂၀ အထိ)

ပြိဿရာသီဖွားတွေကတော့ အမျိုးသားဧည့်သည်တစ်ယောက်မှတဆင့် အံ့သြစရာကောင်းတဲ့ သတင်းတစ်ခုကို တဆင့်ကြားသိရနိုင်ပါတယ်။ ဒီနေ့ဟာဆိုရင် ငွေကြေးဆိုင်ရာ မြုပ်နှံခြင်း၊ ၀ယ်ယူခြင်းတို့ ပြုလုပ်ဖို့ နေ့ကောင်းတစ်ရက်ဖြစ်ပါတယ်။ အကယ်၍တရားဥပဒေဆိုင်ရာ စာရွက်စာတမ်းတွေ၊ စာချုပ်တွေကနေပြီး ငွေရဖို့မျှော်လင့်နေတယ်ဆိုရင်တော့ ဒီနေ့မေးလ်ရောက်လာနိုင်ပါတယ်။ ညဖက်အချိန်မှာလည်း သိသာထင်ရှားပြီး စိတ်ဝင်စားစရာကောင်းတဲ့ အိပ်မက်တွေကို မက်နိုင်ပါတယ်။ ကုန်ကုန်ပြောရရင်တော့ အလွန်စိတ်ချမ်းမြေ့စရာတွေပဲ ပြည့်နေမယ့် နေ့တစ်နေ့ပဲဖြစ်ပါတယ်။

မေထုန်ရာသီဖွား (မေ ၂၁ ရက်မှ – ဇွန် ၂၀ အထိ)

အခြားပြည်နယ် သို့မဟုတ် တိုင်းပြည်ကနေပြီးတော့မှ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းအချက်အလက်တွေ မေထုန်ရာသီဖွားများဆီ ရောက်ရှိလာနိုင်ပါတယ်။ သင့်ဘ၀ရဲ့လမ်းကြောင်းကို ပြောင်းလဲပစ်လိုက်နိုင်မယ့် ကြီးမားတဲ့ဆုံးဖြတ်ချက်တွေပါဝင်လို့ သေချာစဉ်းစားဖို့တော့ လိုပါမယ်။ ပညာရေးဆက်လက်သင်ယူဖို့ ကျောင်းတွေပြန်တက်နိုင်ပါတယ်။ ဒီနေ့မှာတော့ မေထုန်ရာသီဖွားတွေဟာ အကောင်းမြင်တတ်ဖို့ လိုအပ်ပါတယ်။ အနာဂတ်အတွက် စိတ်ကူးယဉ်ဆန်တဲ့ အကြံအစည်တွေပြည့်နေနိုင်လို့ ရက်အနည်းငယ်ကြာ ခေတ္တစောင့်ဆိုင်းပြီး တိကျသေချာတဲ့ အကြံအစည်တွေကို စတင်ပြုလုပ်ပါ။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ ရက်မှ – ဇူလိုင် ၂၂ ရက်အထိ)

ယုံကြည်ချက်အပြည့်နဲ့ သန်မာတဲ့စိတ်ဓာတ်တွေနဲ့ မနက်ခင်းမှာ နိုးထလာသင့်ပါတယ်။ ဒီနေ့မှာ သင့်ကိုပျော်ရွှင်စေမယ့် သတင်းကောင်းများကြားဖို့ မျှော်လင့်နေပါ။ နေ့လည်ခင်းမှာ ပါတီ သို့မဟုတ် အိမ်နီးနားချင်းစုပေါင်းတွေ့ဆုံပွဲကို တက်ရောက်နိုင်ပါတယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေအသစ်တွေနဲ့တွေ့ဆုံပြီး စကားလက်ဆုံပြောရင်း အချိန်ကောင်းတစ်ခုကိုပိုင်ဆိုင်နိုင်မှာပါ။ ညနေခင်းမှာတော့ အပြည့်အနားယူလိုက်ပါ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ ရက်မှ – သြဂုတ် ၂၂ ရက်အထိ)

သိဟ်ရာသီဖွားတွေရဲ့ ပျော်ပျော်နဲ့လွတ်လွတ်လပ်လပ်နေတတ်တဲ့ သဘာဝက ဒီနေ့မှာ ပိုပြီးအရှိန်မြင့်နေမှာပါ။ သင့်ရဲ့ရက်ရောမှုကလည်း အလွန်မြင့်နေမှာဖြစ်ပြီး ကိုယ့်ဘ၀ထဲက အရေးကြီးတဲ့တစုံတယောက်ရဲ့ အထင်ကြီးလေးစားမှုကို ခံရနိုင်ပါတယ်။ ဒီနေ့ညမှာ ကိုယ့်ရဲ့လက်တွဲဖော်နဲ့ အချိန်ကုန်ပေးပြီး သူ သို့မဟုတ် သူမကို ညနေခင်းရဲ့ဇာတ်လိုက်တစ်ယောက်လို့ ခံစားရအောင် ပြုလုပ်ပေးလိုက်ပါ။

ကန်ရာသီဖွား (သြဂုတ် ၂၃ ရက်မှ – စက်တင်ဘာ ၂၂ ရက်အထိ)

ဒီနေ့မှာတော့ ကန်ရာသီဖွားတွေအတွက် Keyword ကတော့ ဥာဏ်ကွန့်မြူးခြင်းပဲဖြစ်ပါတယ်။ အကောင်းမြင်တတ်ပြီး စိတ်အားထက်သန်တဲ့ သဘောထားက အနာဂတ်ပရောဂျက်တွေအတွက် ထင်ရှားတဲ့အကြံအစည်တွေဖြစ်လာရန် အားကောင်းတဲ့စိတ်ကူးစိတ်သန်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အနုပညာ၊ စီးပွားရေး စသဖြင့် မည်သည့်နယ်ပယ်ပဲဖြစ်နေပါစေ ဒီနေ့ကတော့ အကြံအစည်တွေကို အကောင်အထည်ဖော်လို့ကောင်းမယ့် နေ့တစ်နေ့ပဲဖြစ်ပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ ရက်မှ – အောက်တိုဘာ ၂၂ ရက်အထိ)

ကိုယ်နဲ့သက်ဆိုင်တဲ့ အဖွဲ့မှ သင့်ကိုစိတ်ပျော်ရွှင်စေပြီး အိမ်ပြန်ချိန်တစ်လျှောက်လုံးလည်း ဂနာမငြိမ်ဖြစ်နေစေမယ့် သတင်းကောင်းကို သယ်ဆောင်လာပေးနိုင်ပါတယ်။ တူရာသီဖွားဟာဆိုရင် ဒီနေ့မှာတော့ ပုံမှန်ထက်ပိုပြီး စိတ်ရင်းအပြည့်နဲ့ ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံသင့်ပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ ရက်မှ – နိုဝင်ဘာ ၂၁ ရက်အထိ)

ဗြိစ္ဆာရာသီဖွားတွေ အလုပ်နဲ့ပတ်သက်ပြီး ကြိုးစားအားထုတ်ထားတဲ့ အလုပ်အကိုင်တွေဟာ မကြာခင်မှာအသီးအပွင့်တွေဖြစ်လာပါတော့မယ်။ ဒီလိုနေ့မျိုးမှာ မိသားစုနဲ့ အချိန်အတူတူကုန်ဆုံးပေးပါ။ ဒါမှမဟုတ်လည်း ကြိုတင်ဂုဏ်ပြုပွဲလေးပဲဖြစ်ဖြစ် ပြင်ဆင်ထားနိုင်ပါတယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ ရက်မှ – ဒီဇင်ဘာ ၂၁ ရက်အထိ)

နောက်ဆုံးမှာတော့ ဓနုရာသီဖွားတွေ အချိန်အကြာကြီး အားစိုက်ထုတ်ထားရတဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိသွားပါပြီ။ အောင်မြင်မှုနဲ့ တိုးတက်ရေးတွေက သင့်ဆီလာနေပြီဖြစ်လို့ အနာဂတ်အတွက် ကြိုတင်စိတ်အားထက်သန်နေမှာပါ။ ကြီးမားတဲ့ ပြောင်းလဲမှုတွေက သင့်ဘ၀မှာနေရာယူလာနိုင်ပေမယ့်လည်း အကောင်းဖြစ်သွားမှာပါ။ ခရီးသွားဖို့နဲ့ အများကြီးသင်ယူဖို့ မျှော်မှန်းထားပါ။

မကရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်မှ – ဇန်န၀ါရီ ၁၉ ရက်အထိ)

သိသာထင်ရှားပြီး အံ့သြဖွယ်ကောင်းတဲ့ မနေ့ညကအိပ်မက်တွေက အစစ်မဟုတ်လို့ဆိုပြီး သင့်ကိုစိတ်ပျက်သွားစေနိုင်ပါတယ်။ ထိုအိပ်မက်တွေက သင့်ကိုတစ်ခုခုပြောပြနေတာဖြစ်လို့ မှတ်မိသမျှကို စာချရေးထားပြီး ခဏသိမ်းထားကာ အတန်ငယ်ကြာသည့်အခါ ပြန်လည်ပိုင်းခြားစိတ်ဖြာပါ။ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေနဲ့ စိတ်ကူးယဉ်စွမ်းအားတွေက ဒီနေ့မှာ အလွန်ထက်မြက်နေပါတယ်။

ကုံရာသီဖွား (ဇန်န၀ါရီ ၂၀ ရက်မှ – ဖေဖော်ဝါရီ ၁၈ ရက်အထိ)

ဒီနေ့ရဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းအင်တွေအပေါ်မှာ အကျိုးကျေးဇူး အပြည့်ရယူလိုက်ပါ။ အထူးသဖြင့် တွေ့ဆုံပွဲတွေသွားရောက်တဲ့အခါမှာ လူသစ်တွေနဲ့ စကားပြောတဲ့အခါ အိမ်မှာရှိနေသလိုမျိုး ပေါ့ပါးမှုရှိတာကို ခံစားရနိုင်ပါတယ်။ ပြောချင်တာကတော့ မိတ်ဆွေအသစ်၊ သူငယ်ချင်းအသစ်တွေကို တွေ့ဆုံဖို့ အကောင်းဆုံး နေ့တစ်နေ့ပဲဖြစ်ပါတယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ ရက်မှ – မတ် ၂၀ ရက်အထိ)

မိန်ရာသီဖွားတွေရေ ဒီနေ့မှာတော့ စိတ်ချမ်းမြေ့ဖွယ် သတင်းကောင်းလေးတွေကြားရဖို့ မျှော်လင့်နေပါ။ ချစ်သူမရှိသေးသူများလည်း သင့်ကိုစိတ်ဝင်စားနေသူထံမှ ဖုန်းလက်ခံရရှိနိုင်လာနိုင်ပါတယ်။ ဒါက ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုလည်း မြင့်တက်စေနိုင်သလို ဒီနေ့တစ်နေ့လုံးလည်း လေပေါ်မြောက်နေသလို ခံစားရမှာပါ။ ဒါကြောင့် Relationship အသစ်ဖြစ်ဖြစ်၊ ပရောဂျက်အသစ်ဖြစ်ဖြစ် ဒီနေ့မှာစတင်မယ်ဆိုရင် နောက်ပိုင်းမှာလည်း အံ့သြဖွယ်ကောင်းတာတွေပဲ ဖြစ်လာမှာပါ။