[Zawgyi]

မိမိႀကိဳက္ႏွစ္သက္သမွ် အက်ႌအ၀တ္အစားအားလံုးကို စိတ္တိုင္းက်၀တ္ဆင္ႏိုင္ဖို႕အေရး ကိုယ္ခႏၶာေလးက်စ္လ်စ္လွပေနဖို႕လိုပါတယ္ေနာ္။ အားကစားလုပ္တာက က်န္းမာေရးကို ေကာင္းမြန္ေစၿပီး ခႏၶာကိုယ္ကို အားတက္ေစပါတယ္။ ဒါေပမယ့္လည္း ထုိကဲ့သို႕ေလ့က်င့္ခန္းလုပ္ဖို႕ဆိုတာနဲ႕ Gym ေတြကို ပိုက္ဆံအကုန္အက်ခံစရာ မလိုပါဘူး။ ဒါေႀကာင့္ ကိုယ္ခႏၶာက်စ္က်စ္လ်စ္လ်စ္နဲ႕ လွလွပပေလးျဖစ္ေနေစဖို႕ ေငြကုန္ေႀကးက်သက္သာၿပီး အလြယ္တကူလုပ္ေဆာင္ႏုိင္မယ့္ ကိုယ္လက္ေလ့က်င့္ခန္းအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ လမ္းေလွ်ာက္ျခင္း

အင္မတန္ေ၀းလံတဲ့ေနရာမ်ားကို သြားရမွာမဟုတ္ဘူးဆိုရင္ အတတ္ႏုိင္ဆံုးေျခက်င္ေလွ်ာက္ေပးပါ။ လမ္းေလွ်ာက္ေပးျခင္းက ကယ္လိုရီေတြကိုေလာင္ကၽြမ္းေစတဲ့ အထိေရာက္ဆံုးနည္းလမ္းမ်ားေတြထဲက တစ္ခုအပါအ၀င္ပါပဲ။

၂။ စက္ဘီးစီးျခင္း

ေျခေထာက္အတြက္ပဲ ေကာင္းက်ိဳးေပးစြမ္းႏိုင္တာမဟုတ္ဘဲ တစ္ကိုယ္လံုးအတြက္ကို အက်ိဳးေက်းဇူးေပးစြမ္းႏုိင္ပါတယ္။ တေနရာနဲ႕တေနရာသြားဖို႕လည္း ခရီးေျဖာင့္ေစၿပီး ေလ့က်င့္ခန္းလည္းလုပ္ၿပီးသားျဖစ္သြားလို႕ အလြန္ေကာင္းမြန္တဲ့နည္းလမ္းတစ္ခုပါပဲ။

၃။ ေယာဂေလ့က်င့္ခန္းမ်ား

ဖုန္းအသံုးျပဳေနစဥ္၊ တီဗြီႀကည့္ေနစဥ္အခ်ိန္မ်ားမွာ သေရစာေတြစားၿပီးအခ်ိန္ကုန္မည့္အစား ေယာဂကဲ့သို႕ ရိုးရိုးရွင္းရွင္းေလ့က်င့္ခန္းေတြကို ေျပာင္းလုပ္ႀကည့္ပါ။ ကိုယ္ခႏၶာလည္း က်စ္လ်စ္လွပလာေစႏုိင္ၿပီး အခ်ိန္ႀကာသြားရင္ အေလ့အက်င့္ျဖစ္သြားႏုိင္တာေႀကာင့္ ကိုယ့္အတြက္အက်ိဳးျပဳေစမည့္ ေလ့က်င့္ခန္းေလးမ်ားကိုလုပ္ဖုိ႕ အႀကံျပဳခ်င္ပါတယ္။

၄။ ကခုန္ျခင္း

ကခုန္ျခင္းဟာ တစ္ကိုယ္ရီအဆီေတြကို ဖယ္ရွားပစ္ႏုိင္သလို ကယ္လိုရီေတြကိုလည္း အလ်င္ျမန္ဆံုး ေလာင္ကၽြမ္းေစႏုိင္တဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။

၅။ တင္းနစ္၊ ႀကက္ေတာင္ကစားျခင္းမ်ား

ေဘာလံုး၊ ႀကက္ေတာင္အေနာက္ကို အခ်ိန္ျပည့္လုိက္ေနရၿပီး လက္ကေနလည္းဘက္တံကို အားၿပဳထားရတာေႀကာင့္ ေျခေထာက္ႏွင့္လက္ေလ့က်င့္ခန္းကို တခ်ိန္တည္းမွာ လုပ္ၿပီးသားျဖစ္သြားမွာပါ။

၆။ ေျပးျခင္း

ၿခံထဲမွာျဖစ္ေစ၊ ပန္းၿခံမ်ားတြင္ျဖစ္ေစ၊ မနက္တိုင္း၊ ညေနတုိင္းေျပးျခင္းက ေနေရာင္ထဲမွာ လတ္ဆတ္တဲ့ေလကို ရွဴရႈိက္ႏုိင္တာေႀကာင့္ ကိုယ္ခႏၶာအတြက္ကသာမက က်န္းမာေရးအတြက္ပါ အလြန္ေကာင္းမြန္ပါတယ္။ ခႏၶာကိုယ္အားအင္ျပည့္ေစရန္သာမက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္မႈကိုလည္း ျဖစ္ေစတာေႀကာင့္ အိပ္မရသူမ်ားအတြက္လည္း သင့္ေတာ္တဲ့ေလ့က်င့္ခန္းတစ္ခုျဖစ္ပါတယ္။

Featured Image Source: hnmagazine.co.uk

[Unicode]

မိမိကြိုက်နှစ်သက်သမျှ အင်္ကျီအဝတ်အစားအားလုံးကို စိတ်တိုင်းကျဝတ်ဆင်နိုင်ဖို့အရေး ကိုယ်ခန္ဓာလေးကျစ်လျစ်လှပနေဖို့လိုပါတယ်နော်။ အားကစားလုပ်တာက ကျန်းမာရေးကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အားတက်စေပါတယ်။ ဒါပေမယ့်လည်း ထိုကဲ့သို့လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာနဲ့ Gym တွေကို ပိုက်ဆံအကုန်အကျခံစရာ မလိုပါဘူး။ ဒါကြောင့် ကိုယ်ခန္ဓာကျစ်ကျစ်လျစ်လျစ်နဲ့ လှလှပပလေးဖြစ်နေစေဖို့ ငွေကုန်ကြေးကျသက်သာပြီး အလွယ်တကူလုပ်ဆောင်နိုင်မယ့် ကိုယ်လက်လေ့ကျင့်ခန်းအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ လမ်းလျှောက်ခြင်း

အင်မတန်ဝေးလံတဲ့နေရာများကို သွားရမှာမဟုတ်ဘူးဆိုရင် အတတ်နိုင်ဆုံးခြေကျင်လျှောက်ပေးပါ။ လမ်းလျှောက်ပေးခြင်းက ကယ်လိုရီတွေကိုလောင်ကျွမ်းစေတဲ့ အထိရောက်ဆုံးနည်းလမ်းများတွေထဲက တစ်ခုအပါအဝင်ပါပဲ။

၂။ စက်ဘီးစီးခြင်း

ခြေထောက်အတွက်ပဲ ကောင်းကျိုးပေးစွမ်းနိုင်တာမဟုတ်ဘဲ တစ်ကိုယ်လုံးအတွက်ကို အကျိုးကျေးဇူးပေးစွမ်းနိုင်ပါတယ်။ တနေရာနဲ့တနေရာသွားဖို့လည်း ခရီးဖြောင့်စေပြီး လေ့ကျင့်ခန်းလည်းလုပ်ပြီးသားဖြစ်သွားလို့ အလွန်ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါပဲ။

၃။ ယောဂလေ့ကျင့်ခန်းများ

ဖုန်းအသုံးပြုနေစဉ်၊ တီဗွီကြည့်နေစဉ်အချိန်များမှာ သရေစာတွေစားပြီးအချိန်ကုန်မည့်အစား ယောဂကဲ့သို့ ရိုးရိုးရှင်းရှင်းလေ့ကျင့်ခန်းတွေကို ပြောင်းလုပ်ကြည့်ပါ။ ကိုယ်ခန္ဓာလည်း ကျစ်လျစ်လှပလာစေနိုင်ပြီး အချိန်ကြာသွားရင် အလေ့အကျင့်ဖြစ်သွားနိုင်တာကြောင့် ကိုယ့်အတွက်အကျိုးပြုစေမည့် လေ့ကျင့်ခန်းလေးများကိုလုပ်ဖို့ အကြံပြုချင်ပါတယ်။

၄။ ကခုန်ခြင်း

ကခုန်ခြင်းဟာ တစ်ကိုယ်ရီအဆီတွေကို ဖယ်ရှားပစ်နိုင်သလို ကယ်လိုရီတွေကိုလည်း အလျင်မြန်ဆုံး လောင်ကျွမ်းစေနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၅။ တင်းနစ်၊ ကြက်တောင်ကစားခြင်းများ

ဘောလုံး၊ ကြက်တောင်အနောက်ကို အချိန်ပြည့်လိုက်နေရပြီး လက်ကနေလည်းဘက်တံကို အားပြုထားရတာကြောင့် ခြေထောက်နှင့်လက်လေ့ကျင့်ခန်းကို တချိန်တည်းမှာ လုပ်ပြီးသားဖြစ်သွားမှာပါ။

၆။ ပြေးခြင်း

ခြံထဲမှာဖြစ်စေ၊ ပန်းခြံများတွင်ဖြစ်စေ၊ မနက်တိုင်း၊ ညနေတိုင်းပြေးခြင်းက နေရောင်ထဲမှာ လတ်ဆတ်တဲ့လေကို ရှူရှိုက်နိုင်တာကြောင့် ကိုယ်ခန္ဓာအတွက်ကသာမက ကျန်းမာရေးအတွက်ပါ အလွန်ကောင်းမွန်ပါတယ်။ ခန္ဓာကိုယ်အားအင်ပြည့်စေရန်သာမက နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်မှုကိုလည်း ဖြစ်စေတာကြောင့် အိပ်မရသူများအတွက်လည်း သင့်တော်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။