အားလုံးပဲ မင်္ဂလာပါ။ စာဖတ်သူတွေထဲမှာ Kang So-ra ရဲ့ ချစ်ပရိသတ်လေးတွေ ဘယ်နှယောက်လောက် ရှိမလဲမသိဘူးနော်။

Dream High 2 ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲထဲမှာ ချစ်စရာကောင်းပြီး အသံကောင်းတဲ့ ဆယ်ကျော်သက်ကောင်မလေးအဖြစ် သရုပ်ဆောင်ထားတဲ့သူလေးပေါ့။ အဲ့ကားလေးနဲ့ပဲ ပရိသတ်တွေရဲ့အချစ်ကို ဆွဲသိမ်းသွားတဲ့ ကိုရီးယားမင်းသမီးလေးပါပဲ။

သူမကို ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ Gangdong ခရိုင်မှာ မွေးဖွားခဲ့ပါတယ်။

သူမက အခုဆိုရင် အသက် ၂၈ နှစ်ရှိပြီဖြစ်ပေမယ့်လည်း ၁၈ နှစ်သမီးလေးလိုပဲ ငယ်ရွယ်နုပျိုနေတာကတော့ ပရိသတ်ကြီး မျက်မြင်ပါပဲ။

သူမက ငယ်စဉ်ကတည်းက သီချင်းဆိုခြင်း ကခုန်ခြင်း စတဲ့ အနုပညာတွေကို ဝါသနာပါခဲ့ပြီး ကြီးလာရင် မင်းသမီးဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကူးအိပ်မက်ကလေးရှိခဲ့ပါတယ်။ သူမရဲ့ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်သူတစ်ယောက်ပါပဲနော်။

သူမရဲ့ အရပ်အမြင့်က ၁.၆၈ မီတာ (၅ ပေ ၅ လက်မ) ရှိပါတယ်။ သူမကို Doctor Stranger ကားထဲမှာလည်း ချစ်စရာကောင်းတဲ့ ဆရာဝန်မလေးအဖြစ် မြင်တွေ့ရမှာပါ။

ဒါဆိုရင် သူမရဲ့ ချစ်ပရိတ်သတ်ကြီးအတွက် သူမရဲ့ စတိုင်လ်ကျလှပတဲ့ ပွဲတက်ဖက်ရှင်လေးတွေ၊ ချစ်စရာကောင်းပြီး မိန်းကလေးဆန်တဲ့ ဖက်ရှင်လေးတွေ၊ ပေါ့ပေါ့ပါးပါးဖက်ရှင်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Photo Source: Pinterest.com