အသက် ၃၀ ပြည့်ပြီးနောက်မှ ဘဝကစတင်တာပါ ဆိုတဲ့ စကားကို ကြားဖူးကြလား စာဖတ်ပရိတ်တို့ရေ။ အသက် ၃၀ ဆိုတာဟာ ရင့်ကျက်တဲ့အရွယ်ရောက်လာပြီဖြစ်တာကြောင့် ငယ်စဉ်တုန်းကလို အရာရာတိုင်းကို ရင်ခုန်စိတ်လှုပ်ရှား၊ ဆုံးဖြတ်လွယ်တော့မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ကိုယ်မက်ခဲ့ရတဲ့ အိမ်မက်တွေ အမှန်တကယ်ဖြစ်လာစေဖို့နဲ့ အောင်မြင်မှုကို ထိပ်ဆုံးအထိ ပိုင်ဆိုင်နိုင်ဖို့အတွက် သင်ယူလေ့လာသင့်တဲ့ အရာလေးတွေတော့ ရှိနေပါတယ်။

ဒါဆိုရင် ဘယ်လိုအချက်လေးတွေက ကိုယ့်ဘဝအတွက် အရေးပါအရာရောက်တဲ့ အခြေအနေတွေဖြစ်မလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။

၁။ ကိုယ်ဝါသနာပါရာ အလုပ်ကို ရှာဖွေပါ

တက္ကသိုလ်ကနေ ဘွဲ့ရပြီးတာနဲ့ အလုပ်ခွင်ကို စတင်ဝင်ရပါပြီ။ ဝင်တဲ့အခါမှာလည်း စစချင်းကတည်းက ကိုယ်ကြိုက်ရာကို ချက်ချင်းလုပ်နိုင်သေးတာမဟုတ်ဘဲ တခုပြီးတခု ပြောင်းရတဲ့အခြေအနေတွေလည်း ကြုံဖူးကြမှာပါ။ ဒါပေမယ့် အသက် ၃၀ ရောက်ပြီဆိုရင်တော့ ကိုယ်ဝါသနာပါတာလည်းဖြစ်ရမယ်၊ ကိုယ့်အတွက် တက်လမ်းတွေရှိမယ့် အလုပ်တစ်ခုကို ပိုင်ဆိုင်ထားဖို့တော့ လိုပါလိမ့်မယ်။

၂။ ကိုယ့်အတွက် သူငယ်ချင်းကောင်းတွေက ဘယ်သူလဲဆိုတာ သေချာသိနားလည်ပါ

ငယ်စဉ်ချိန်မှာတော့ လူပေါင်းစုံနဲ့ ကြုံတွေ့ရတဲ့အတွက်ကြောင့် လွယ်လင့်တကူ မိတ်ဆွေသူငယ်ချင်းတွေ ရရှိနိုင်ပါတယ်။ မကြာခဏဆိုသလိုပဲ သူတို့ဟာ ကိုယ့်အတွက်တော့ သူငယ်ချင်းလို့ ယူမှတ်ခဲ့ပေမယ့်လည်း အချိန်အပိုင်းအခြားရောက်သည့်အခါမှာတော့ ကိုယ့်ဘေးနားကထွက်ခွာသွားတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်လိုအပ်ချိန် အနားမှာရှိပေးသူ၊ ကိုယ့်ဘဝရဲ့အောင်မြင်မှုတွေကို အတူတူ လိုက်ပြီး ပျော်ရွှင်ပေးမယ့်သူတွေကသာလျှင် သင့်အတွက်တော့ သူငယ်ချင်းကောင်းပါ။

၃။ လူတိုင်းကို ကိုယ့်ရဲ့အကြောင်းစုံ လိုက်မပြောပါနဲ့

တစ်ဦးနဲ့တစ်ဦးကြားက ပေါင်းသင်းဆက်ဆံရေးကို ရေရှည်ထိန်းသိမ်းထားချင်တယ်ဆိုရင် ကိုယ့်မှာကြုံတွေ့နေရတဲ့ ပြဿနာမှန်သမျှကို လူတိုင်းဆီ လိုက်မပြောမိပါစေနဲ့။ အကယ်လို့မှ ကိုယ်က ဘယ်လိုမှမျိုသိပ်ထားလို့မရဘူး၊ တအားမွန်းကြပ်လာပြီဆိုရင် စိတ်ကုထုံးဖြင့် ကုသပေးသူထံ သွားရောက်လိုက်ပါ။ ကိုယ့်ပြဿနာတွေကို သေချာနားထောင်ပေးပြီးတော့ လိုအပ်တဲ့ အကြံဥာဏ်တွေပါ တပါတည်း ပေးလိုက်ပါလိမ့်မယ်။

၎။ အနားယူဖို့အတွက် ငွေနဲ့အချိန်ကို ရှာဖွေပါ

အနားယူခြင်းမရှိဘဲ ပြင်းပြင်းထန်ထန်အလုပ်လုပ်မယ်ဆိုရင် ကိုယ်သာမက စိတ်ပါပင်ပန်းလာမှာဖြစ်ပြီးတော့ လုပ်ဆောင်နိုင်စွမ်းရည်လည်း လျော့ကျလာမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဆီမှာရှိတဲ့ပိုက်ဆံကို နောက်ဆုံးပေါ်ဖုန်းအသစ်ဝယ်မယ့်အစား ခရီးထွက်လိုက်ပါ။

၅။ အပိုဝင်ငွေရှာဖွေတတ်ပါ

ဘယ်လောက်ပဲ နိုင်ငံအတွင်းက အကြီးဆုံး ကုမ္မဏီကြီးမှာ အလုပ်လုပ်နေရပါတယ်ဆိုစေကာမူ၊ ကိုယ့်အတွက် သေချာရေရာတဲ့ အနာဂတ်ကို အာမ မခံပေးနိုင်ပါဘူး။ ဒါကြောင့်လည်း အခုချိန်တည်းက အချိန်ပိုင်းအလုပ်လေးတွေပါ ညှပ်လုပ်ပြီးတော့ ဝင်ငွေစုဆောင်းထားမှသာလျှင် အခက်အခဲကြုံတွေ့လာရတဲ့အခါ အဆင်ပြေပြေနဲ့ ကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။

၆။ ကိုယ့်ရဲ့ ကိုယ်ပိုင်စတိုင်ကိုရှာဖွေပါ

အရွယ်ရောက်ပြီးသားလူတစ်ယောက်မှာ သူ့ကိုသက်သောင့်သက်သာရှိစေမယ့် ကိုယ်ပိုင်စတိုင်လ်တစ်မျိုးတော့ ရှိထားသင့်ပါတယ်။ ကိုယ်ကဘယ်လိုစတိုင်လ်မျိုးကို ကြိုက်နှစ်သက်လဲ၊ ဘယ်လိုပုံစံနဲ့ လိုက်ဖက်သလဲဆိုတာ သိထားမယ်ဆိုရင်တော့ ဘာဝတ်ရင်ကောင်းမလဲဆိုပြီး အမြဲတွေဝေနေစရာမလိုတော့ပါဘူး။

၇။ စာပေတွေ ဖတ်ရှုပါ

ငယ်စဉ်တုန်းကတော့ တစ်ချို့အရေးအသားတွေက ခက်ခဲတာကြောင့် နားမလည်နိုင်လို့ မဖတ်ဖြစ်ခဲ့တာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဗဟုသုတ အတွေ့အကြုံတွေ ပေါများလာတဲ့ အသက် ၃၀ အရွယ်ရောက်လာပြီဆိုရင်တော့ စာဖတ်ဖို့ မပျင်းသင့်တော့ပါဘူး။ အခုချိန်မှာ စာဖတ်ရင်းနဲ့ ပေါ်ပေါက်လာတဲ့အတွေးနဲ့ ငယ်စဉ်ဘဝက အတွေးအခေါ်တွေ အများကြီး ကွာဟလာတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

Source: BrightSide