သင်ကိုယ်အလေးချိန် မကျလို့ စိတ်ညစ်နေပါသလား။ ကိုယ်အလေးချိန်က ခဏလေးနဲ့တော့ မကျနိုင်ပေမယ့် နှစ်ရှည်ကာလာများစွာ ဇွဲရှိရှိနဲ့ လေ့ကျင့်ခန်းလုပ်ရင် ကျနိုင်တယ်ဆိုတဲ့ စိတ်အားတက်ဖွယ် စံပြလူသားတွေအကြောင်းကို ကြည့်လိုက်ရအောင်နော်။

Luiz Trigo : ကိုယ်အလေးချိန် ပေါင် ၂၃၀ ချနိုင်သူ

၂၀၁၁ ခုနှစ်က မစ္စတာ Luiz Trigo အတွက် အဆိုးရွားဆုံးနှစ်ပါဘဲ။ ကိုယ်အလေးချိန်က ၃၉၉ ပေါင်ရှိပြီး အလုပ်လည်းပြုတ်ခဲ့ကာ သူ့ရည်စားနဲ့လည်း ကွဲခဲ့ပါတယ်။
ကိုယ်အလေးချိန် မချရင် အသက်အန္တရာယ်ရှိတယ်လို့လည်း သူ့ဆရာဝန်က သတိပေးခဲ့ပါတယ်။
ကိုယ်အလေးချိန်စတင်ချပြီး ၆ နှစ်အကြာမှာတော့ ပေါင် ၁၆၉ ပေါင်ဘဲရှိတော့ကာ ပေါင် ၂၃၀ လောက်ချနိုင်ခဲ့သူပါ။
အခုအချိန်မှာတော့ သူစိတ်ဝင်စားတဲ့အလုပ်မှာ အောင်မြင်နေတဲ့အပြင် ဘ၀လက်တွဲဖော်အသစ်လည်း ရနေပါပြီ။ Luiz က အခုဆိုရင် Personal Trainer လုပ်ကိုင်နေပြီး သူနဲ့ဘ၀တူ ကိုယ်အလေးချိန်များသူများကို အားပေးကာ ကိုယ်အလေးချိန် ချနိုင်အောင် ကူညီနေပါတယ်။

Pasquale Brocoo: ပေါင်ချိန် ၂၉၉ ပေါင် ချနိုင်ခဲ့သူ

အသက် ၃၁ နှစ်အရွယ် Pasquale Brocoo က ကိုယ်အလေးချိန် အရမ်းများတာကို စိတ်ပျက်လာပြီး တစ်နေ့ကို ၁ နာရီ ကိုယ်အလေးချိန်လျော့ချတဲ့လေ့ကျင့်ခန်းတွေ လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဝိတ်မတဲ့လေ့ကျင့်ခန်းနဲ့ မိုင်နဲ့ ချီပြီး လမ်းလျှောက်ခဲ့ပါတယ်။ ဒါကြောင့် ၃နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၂၉၉ ပေါင်ကျဆင်းသွားပါတယ်။
အခုတော့ ကာယဗလမောင်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေပါပြီ။

Rick Snowdon: ကိုယ်အလေးချိန် ၁၈၀ ပေါင်ချနိုင်သူ

သူက သကြားဓာတ်ကို စွဲလန်းတဲ့ရောဂါခံစားနေရတာကြောင့် ကိုယ်အလေးချိန် ၃၆၄ ပေါင်ရှိခဲ့သူဖြစ်ပါတယ်။
အရမ်းဝနေတဲ့ သူ့ခန္ဓာကိုယ်က ရှက်ရွံ့လာတာကြောင့် ကိုယ်အလေးချိန်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကိုယ်အလေးချိန်စတင်ချကာစက စိတ်အလိုမကျမှု ဆာလောင်မှုတို့ကို ဂစ်တာတီးရင်း ဖြေသိမ့်ခဲ့ရာအခုဆိုရင် ပေါင် ၁၈၀ လုံးလုံးကျဆင်းခဲ့တဲ့အပြင် နာမည်ကြီး ဂစ်တာသမားလည်း ဖြစ်နေပါပြီ။

Nathan Priestley: ကိုယ်အလေးချိန် ၁၆၉ ပေါင် ချနိုင်ခဲ့သူ

Nathan Priestley က အသက် ၁၈ နှစ်အရွယ်တုန်းက ကိုယ်အလေးချိန်များတာနဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ခဲ့စားခဲ့ရပါတယ်။ ကိုယ့်ကိုကိုပါ သတ်သေဖို့ ကြံစည်ခဲ့တဲ့အထိ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ ဆိုးရွားခဲ့ပါတယ်။
၂နှစ်အကြာမှာတော့ ၁၆၉ ပေါင် ချနိုင်ခဲ့ပြီး ကိုယ်အလေးချိန် ၁၉၄ ပေါင်ဘဲ ကျန်တော့ပါတယ်။ အခုဆိုရင် gym မှာ နည်းပြအဖြစ် လုပ်ကိုင်နေပါတယ်။