ယောက်ျားလေးတွေရဲ့ ဖက်ရှင်က အရမ်းသတိထားပြီး ရွေးချယ်ရပါတယ်။ ယောကျာ်းလေးတယောက်အတွက် အဝတ်အစားဆင်ယင်ရတာဟာ အရမ်းလွယ်ကူတဲ့အလုပ်တခုလို့ ကွီးတို့ ထင်ချင်ထင်နေပါလိမ့်မယ်။

ဒါပေမယ့် စတိုင်ကျကျ ဆွဲဆောင်မှုရှိရှိ ဝတ်ဖို့အတွက် အဝတ်အစားတွေအကြောင်း အသေးစိတ်သိဖို့လိုအပ်ပါတယ်။ ကွီးတို့ ဝတ်စားဆင်ယင်ပုံအမှားတွေကို ထောက်ပြပေးပြီးတော့ ဘယ်လိုပုံစံ ပြင်ဆင်ပြီး ဝတ်သင့်လဲဆိုတာပြောပြပေးသွားမှာပါ။

(၁) တွန့်ကြေနေတဲ့ အဝတ်အစားတွေ

မီးပူတိုက်ရတဲ့အလုပ်က အလွန်ငြီးငွေ့ဖို့ကောင်းတဲ့ အလုပ်တခုပါ။ ဒါပေမယ့် အဝတ်အစားတွေကို သေသေသပ်သပ် ဝတ်ချင်ရင်တော့ ဒါက မလုပ်မဖြစ်တဲ့ အလုပ်တခုပါပဲ။ တွန့်ကြေနေတဲ့ အဝတ်အစားတွေက လျော့တိလျော့ရဲနိုင်ပြီးတော့ ကွီးတို့ရဲ့ ယုံကြည်မှုကိုလည်း ပျက်စီးစေပါတယ်။ကွီးတို့ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အဝတ်အစားတွေကို မီးပူတိုက်ပေးဖို့ လိုအပ်ပါတယ်။

(၂) Suit အင်္ကျီ ဆိုဒ်မှားယွင်း ဝတ်ဆင်တာ

ကွီးတို့ Suit ဝတ်ဆုံဝယ်ဖို့ စိတ်ကူးရှိတယ်ဆိုရင် ဆိုင်မှာသွားဝယ်ဖို့ထက် Suit ဝတ်ဆုံချုပ်ပေးတဲ့ ဆိုင်သွားပြီး ချုပ်ခိုင်းဖို့ အကြံပေးချင်ပါတယ်။ Suit ဝတ်ဆုံတွေက ကွီးတို့ရဲ့ခန္ဓာကိုယ်နဲ့ ကွတ်တိကျမှ ကြည့်လို့ကောင်းတာပါ။ အရမ်းကျပ်နေရင်လည်း ဝတ်စုံကဖောင်းထွက်နေမှာမို့ ကြည့်ရတာအရမ်းရုပ်ဆိုးစေပါတယ်။

(၃) အင်္ကျီ လက်ရှည်ပါတဲ့ တီရှပ်တွေ

တံတောင်ဆစ်ရောက်လောက်အောင်ထိ အင်္ကျီလက်ရှည်ပါတဲ့ တီရှပ်တွေက ရပ်အဆိုတော်တွေအတွက်တောင် ရုပ်ဆိုးလွန်းလှပါတယ်။ အင်္ကျီတွေက ကွီးတို့ကို အလှဆင်ပေးတဲ့ အရာတွေပါ။ နောက်တခါ တီရှပ်ဝယ်မယ်ဆိုရင် အင်္ကျီလက်က လက်ဖျံ အလယ်လောက်ပဲရောက်တဲ့ တီရှပ်ကိုပဲ ရွေးဝယ်ပါ။ ပိုပြီးလက်တိုတဲ့ တီရှပ်တွေကတော့ ကွီးတို့ရဲ့ ကြီးမားတဲ့ လက်မောင်းကိုပြဖို့ အသုံးဝင်ပါတယ်။

(၄) အင်္ကျီ လက်ရှည်က လက်ပတ်နာရီကို ဖုံးနေတာ

ကွီးဟာ လက်ပတ်နာရီဝတ်ရတာ ကြိုက်တဲ့သူတယောက်ဆိုရင် အင်္ကျီ လက်ရှည် ကိုခေါက်ပြီးဝတ်ဖို့အကြံပေးချင်ပါတယ်။လက်ပတ်နာရီက အင်္ကျီ လက်ရှည် အောက်ကနေ လျှောခနဲ့ ထွက်ထွက်လာတာဟာ ကြည့်ရတာရုပ်ဆိုးလွန်းလှပါတယ်။ တကယ်လို့ ဒါက အင်္ကျီ လက်ရှည် ကိုခေါက်တင်ပြီးဝတ်မယ်ဆိုရင် လိုအပ်တာနဲ့ လက်ပတ်နာရီကို ဖျက်ခနဲ့ကြည့်ဖို့ အဆင်ပြေစေပါတယ်။

(၅) စာလုံးသို့ရုပ်ပုံတွေပါတဲ့ တီရှပ်တွေဝတ်တာ

တီရှပ်ပေါ်ကနေဂျာကင် ထပ်ဝတ်မယ်ဆိုရင် ရုပ်ပုံသို့စာလုံးတွေမပါတဲ့ တီရှပ်ကိုရွေးဝတ်ပါ။ ရုပ်ပုံသို့စာလုံးတွေပါတဲ့ တီးရှပ်တွေက နည်းနည်း အမြင်ရှုပ်ပြီးတော့ စတိုင်ကျကျဝတ်ဆင်ဖို့ အဆင်မပြေပါဘူး။ စတိုင်ကျကျ ဂျာကင်လေးဝတ်ချင်တယ်ဆိုရင် ဘောင်းဘီကို ဂျင်း၊ အထဲကတီရှပ်ကို အဖြူရောင်ပြောင် ရွေးချယ်ဝတ်ဆင်ဖို့ အကြံပေးပါရစေ။

Source: Bright Side