City Love & Hope Foundation အနေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို တစ်ဖက်တလမ်းက ပံ့ပိုးတဲ့အနေနဲ့ No Plastic Bag Day ခေါ် ပလတ်စတစ်အိတ် တားမြစ်တဲ့နေ့ကို 2014 ခုနှစ်မှစ၍ City Mart Supermarket ရန်ကုန်ဆိုင်ခွဲတိုင်း တစ်လမှာ တစ်ရက်ပြုလုပ်လေ့ရှိပြီး ဈေးဝယ်သူမိဘပြည်သူများရဲ့ ပူးပေါင်းပါဝင်မှုကြောင့် (၄) နှစ်ဆက်တိုက် အဆင်အလာတစ်ခုအဖြစ်ပြုလုပ်လေ့ရှိပါတယ်။ စပြီး ပြုလုပ်တဲ့ အခါမှာတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် (၄) နှစ်တာအတွင်း ဈေးဝယ်သူဧည်သည်များရဲ့ ပူးပေါင်း ထောက်ခံအားပေးမှုတွေကို အခုဆိုရရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

No Plastic Bag Day ဟာ ကိုယ်ပိုင်ဈေးဝယ်အိတ်နဲ့ ဈေးဝယ်တတ်စေမယ့် အလေ့အထကို အားပေးတဲ့ အစီအစဉ် တစ်ခုလို့ ပြောရရင်လည်းမမှားပါဘူး။ အဲ့ဒီရက်မှာဆို City Mart Supermarket ဆိုင်များမှာ ပလတ်စတစ်အိတ်ကို မပေးဘဲဈေးဝယ်သူမိဘပြည်သူများအနေနဲ့ ကိုယ်ပိုင်ဈေးဝယ်အိတ်ယူဆောင်ကာ ၀ယ်ယူထားသော ကုန်ပစ္စည်းများအားထည့်ပြီး သယ်ဆောင်နိုင်ပါတယ် ဒါမှမဟုတ် အိမ်ကဈေးဝယ်အိတ် မယူလာပါက City Mart Supermarket မှာ ရောင်းချပေးသော အကြိမ်ကြိမ်ပြန်လည် အသုံးပြုနိုင်သည့် Reusable Bag ကိုဝယ်ယူပြီးလည်း သယ်ဆောင်နိုင်ပါတယ်။

တကယ်တော့ No Plastic Bag Day နေ့များတွင် ရောင်းချရသော Reusable Bag ရောင်းရငွေတွေရဲ့ ၅၀% ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ခုဖြစ်တဲ့ Forest Resource Environment Development and Conservation Association (FREDA) နဲ့ ပူးပေါင်းပြီး နှစ်စဉ် သစ်ပင်များစိုက်ပျိုးရာမှာ အသုံးပြုသွားတာဖြစ်တဲ့ အပြင် သစ်ပင်စုစုပေါင်း ( ၁၅၀,၀၀၀) ကျော်ကိုလည်း ၄နှစ်အတွက်မှာ စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ နောက်ပြီး စာနယ်ဇင်း၊ မီဒီယာများမှ တဆင့်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး ဆောင်းပါးများကို ထည့်သွင်းရာမှာလည်း အသုံးပြုပေးပါတယ်။

ပလတ်စတစ်အိတ်တွေဟာ နှစ်ပေါင်းရာချီကြာကြာ မပျက်စီးမဆွေးမြေ့တဲ့အပြင် စည်းကမ်းမဲ့ စွန့်ပစ်မှုတွေကြောင့် နိုင်ငံအရပ်ရပ်မှာလည်း ပင်လယ်သမုဒ္ဒရာထဲသို့ ရောက်ရှိခြင်းဟာ ရေနေသတ္တ၀ါတွေရဲ့ ဘ၀ကို ခြိမ်းခြောက်လျက်ရှိပါတယ်။ ယခုအတိုင်းဆက်သွားမယ်ဆို နောက်နှစ်ပေါင်း (၃၀) အထိသမုဒ္ဒရာအတွင်းမှာ ငါးများထက် ပလတ်စတစ်အမှိုက်တွေဟာ ပိုပြီးများလာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်သူတွေက စိုးရိမ်ပူပန်နေကြပါတယ်။ မြန်မာနိုင်ငံမှာလည်း မကြာသေးမီကပင်ဖြစ်ပွားသွားတဲ့ အမှိုက်ပုံမီးလောင်မှုမှာ ပလတ်စတစ်အမှိုက်တွေက ထွက်လာတဲ့ အဆိပ်ငွေ့တွေဟာလေထုထဲပြန့်နှံ့တာကြောင့် အထူးစိုးရိမ်စရာဖြစ်ပြီး ပလတ်စတစ်အိပ် အဆမတန် အသုံးပြုမှုတွေကို လျှော့ချသင့်တဲ့ Wakeup call လားဆိုတာကို သတိပြုသင့်နေပါပြီ။

နိုင်ငံတကာတွင်ရော ပြည်တွင်းမှာပါ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုတွေ အသိပညာပေးမှုတွေကို ပိုမိုလုပ်ဆောင်လာကြတာကို လည်းတွေ့ရပါတယ်။ CMHL အနေနဲ့လည်း City Mart Supermarket ဆိုင်များတွင် တစ်လလျှင် တစ်ရက်သာ No Plastic Bag Day အဖြစ် သတ်မှတ်ပြုလုပ်လျက်ရှိရာမှ ယခုအခါ တစ်လလျှင် (၂) ရက် တိုးပြီး ပြုလုပ်ဖို့ စီစဉ်ဖြစ်သွားတာပဲဖြစ်ပါတယ်။ ဒီလို အစီအစဉ်ကို စစချင်းပြုလုပ်တုန်းကဆို ဆိုင်တွင်းမှာရော social media မှာရော customer complaints တွေအများကြီး နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပလတ်စတစ်အိတ် အသုံးစရိတ်တွေ လျှော့ချင်လို့၊ အိတ်တွေရောင်းချင်လို့ စတဲ့  ထင်မြင်ချက်တွေ အမျိုးမျိုးရှိခဲ့သလို No Plastic Bag Day ကိုရှောင်ပြီး ဈေးလာဝယ်တာတို့ No Plastic Bag Day မှန်းမသိလို့ cashier counter ရောက်ပြီးရှင်းခါနီးမှ မ၀ယ်တော့ဘဲ ထားသွားတာမျိုးတွေလည်း ကြူံတွေ့ခဲ့ရပါတယ်။ စလုပ်ဖြစ်တဲ့ တစ်နှစ် နှစ်နှစ်လောက်မှာတော့ No Plastic Bag Day တိုင်း ရောင်းအား တွေအရမ်းကျပေမယ့် ကျွန်မတို့အနေနဲ့ လက်မလျှော့ပဲ အစဉ်တစိုက်ပြုလုပ်ခဲ့တာဟာ ခုဆိုရင် No Plastic Bag Day မှာလည်း ပုံမှန်ရက်တွေအတိုင်းပဲ ကျွန်မတို့ customer တွေက ၀ယ်ယူအားပေးနေကြပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ကျွန်မတို့အနေနဲ့ ဈေးဝယ်သူမိဘပြည်သူတွေ နဲ့အတူ နောက်ထပ်ရှေ့ကို တဆင့်ထပ်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ပါတယ်လို့ City Mart Supermarket မှ CSR လုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်သူ ဒေါ်နှင်းလဲ့ဝေ ကဖြေခဲ့ပါတယ်။

ခုလိုရှေ့သို့ဆက်လှမ်းဖို့ သတ်မှတ်ထားတဲ့ အစီအစဉ်မှာ City Mart Supermarket တို့တွင် လစဉ် ပြုလုပ်လျက်ရှိသော No Plastic Bag Day အား ဇွန်လ ၂၀၁၈ မှအစပြုကာ လရဲ့နောက်ဆုံးအပတ် တနလာင်္နေ့ နဲ့ အဂါင်္နေ့များ အဖြစ် လစဉ် နှစ်ရက်တိုင်တိုင် ပြောင်းလဲသတ်မှတ်သွားမှာ ဖြစ်ပါတယ်။ ယခင်က City Mart Supermarket ရန်ကုန်ဆိုင်ခွဲများတွေမှာသာ ပြုလုပ်ခဲ့ရာ ခု ဇွန်လ မှစတင်ပြီး မန္တလေးဆိုင်ခွဲဖြစ်သော City Mart Supermarket 19thStreet ဆိုင်ခွဲတွင်လည်း ရန်ကုန်ဆိုင်များ နည်းတူ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ ဈေးဝယ်သူမိဘပြည်သူများလည်း သဘာဝပတ်ဝန်းကျင်အတွက် အားတက်တရော ပါဝင်ကြမယ်လို့ မျှော်လင့်ပါတယ်။