[Zawgyi]






Santa and Deer Nail Art









[Unicode]

Christmas လည်းရောက်ပြီ ဆိုတော့ ပျိုမေတို့ရဲ့အလှအပတွေကို ပိုပြီးထုတ်ပြဖို့အချိန်လေးပါနော်။ Bling Bling Dress တွေ၊ Jewelry လှလှလေးတွေ၊ Lady shoe လေးတွေနဲ့ ရှိုးထုတ်ဖို့အကောင်းဆုံးအချိန်ပေါ့။ ပိုပြီး ပြီးပြည့်စုံသွားအောင် Nail Art လေးတွေလည်း အလှဆင်လို့ရပါသေးတယ်။

ကိုယ့် အကြိုက်၊ ကိုယ့် စတိုင်လ်နဲ့ လိုက်ဖက်မှုရှိစေမယ့် Nail Art လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Autumn Christmas Nail Art

Photo Source : Pinterest

သူကတော့ Classic style မျိုးကို သဘောကျတဲ့မိန်းကလေးတွေအတွက် အလိုက်ဖက်ဆုံး Nail Art လေးပေါ့။ စပ်ထားတဲ့အရောင်လေးကလည်း အညိုနုလေးနဲ့ အဖြူရောင်လေးကို သုံးပြီး ဒီဇိုင်းဖော်ထားတော့ အနီရောင်ရဲရဲကြီးတွေမကြိုက်တဲ့ သူတွေအတွက် အလှဆုံးဖြစ်စေမှာပါ။

Santa and Deer Nail Art

Photo Source : Pinterest

ဒီ ဒီဇိုင်းလေးကတော့ Cutie pie လေးတွေအတွက်ပါ။ အနီရောင်ရဲရဲလေးကို အဖြူရောင်လေးနဲ့ စပ်ပြီး ချစ်စရာကောင်းတဲ့ပုံစံလေးဖြစ်အောင် သမင်လေးနဲ့ Santa Claus တို့နဲ့ ပုံဖော်ထားတဲ့ Design လေးဖြစ်ပါတယ်။ Sweater outfit လေးတွေ ဝတ်လေ့ရှိတဲ့သူတွေနဲ့ဆို အတော်ကို လိုက်ဖက်စေမှာပါ။

White Christmas Nail Art

Photo Source : Pinterest

Chic girl လေးတွေရှိမယ်လို့ယုံကြည်တယ်။ ဘာကြောင့်လဲဆိုရင် ဒီဇိုင်းလေးက Chic girl လေးတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်နေလို့ပါ။ အရောင်ဆန်းဆန်းပြားပြားတွေလည်း မသုံးချင်ဘူး။ Chic girl တွေရဲ့ favorite color ဖြစ်တဲ့ white color လေးနဲ့ပဲ လှချင်တယ်ဆိုရင် ဒီ ဒီဇိုင်းလေးက အလှဆုံးပါပဲ။

Hot Hot Christmas Nail Art

Hottie girl လေးတွေအတွက် Nail Art ပုံစံလေးကတော့ ဒီ ဒီဇိုင်းလေးပါ။ လက်သည်း ချွန်ချွန်လေးကိုမှ Christmas Theme လေးကို ခပ်မိုက်မိုက်လေးဖြစ်အောင် ပုံဖော်ထားတာဖြစ်ပါတယ်။ အရောင်စပ်ထားတာလေးကလည်း အနီ၊ အစိမ်းလေးနဲ့ အဖြူသုံးရောင်ကို မျှနေအောင် ပုံဖော်ထားတော့ Christmas vibe ကို အပြည့်အဝခံစားစေရမှာပါ ။