အားလုံးပဲ မင်္ဂလာပါ။ လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားနဲ့ သူ့ရဲ့မသိစိတ်က ဆက်နွယ်မှုရှိနေတယ်လို့ ကျွမ်းကျင်ပညာရှင်များက ယုံကြည်ကြပါတယ်။ ရိုးရှင်းလွယ်ကူတဲ့ ဆုံးဖြတ်ချက်မျိုးချတဲ့အခါ၊ ဥပမာ ကွတ်ကီးပုံသဏ္ဍာန်တစ်ခုခုကို ရွေးချယ်လိုက်တာတောင် သင့်ရဲ့စိတ်နေစိတ်ထားကို ဖော်ပြပေးနိုင်ပါတယ်။

တကယ်လို့ စာဖတ်သူအနေနဲ့ မယုံဘူးဆိုရင် အခုဖော်ပြပေးမယ့် ကွတ်ကီးပုံ (၅) ပုံထဲက မိမိကြိုက်နှစ်သက်တစ်ခုကို ရွေးချယ်လိုက်ပါ။ သင့်အကြောင်းကို အသေးစိတ်ပြောပြပေးနိုင်ပါတယ်။

(၁) စက်ဝိုင်းပုံ ကွတ်ကီး

စက်ဝိုင်းပုံ ကွတ်ကီးလေးကို သင်က ရွေးချယ်လိုက်တယ်ဆိုတာ သင်က အတွေးအခေါ်သမား၊ ခွဲခြမ်းစိတ်ဖြာခြင်းမှာ အားသန်တဲ့သူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြပေးနေတာပါ။ အချိန်ဖြုန်းရတာ သဘောမကျပါဘူး။ မိမိလုပ်ဆောင်လိုက်တဲ့ကိစ္စတိုင်းမှာ အကောင်းဆိုးရလဒ်ကိုသာ ရယူလိုတဲ့သူပါ။ အခြားသူတွေ အရှုံးပေးထားတဲ့ ပြဿနာတစ်ခုကို မရ ရအောင် အဖြေရှာတတ်တဲ့လူစားမျိုးပါ။

(၂) ပဉ္စဂံပုံ ကွတ်ကီး

ဒီကွတ်ကီးလေးကို ရွေးချယ်လိုက်တဲ့သင်က အဖွဲ့အစည်းနဲ့ လုပ်ဆောင်ရတာထက် တစ်သီးပုဂ္ဂလ လုပ်ဆောင်ရခြင်းကို ပိုမိုသဘောကျတဲ့သူပါ။ သင့်ရဲ့ခံစားချက်ကို အခြားသူတွေကို ဖော်ပြလေ့မရှိပေမယ့် အခြားသူတွေရဲ့ခံစားချက်ကိုတော့ ကောင်းကောင်းကြီးဖတ်နိုင်ပါတယ်။ ဒါ့အပြင် သင်က တည်ငြိမ်ရင့်ကျက်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

(၃) ဗဟုဂံ ကွတ်ကီး

သင်က တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားပြီး အသစ် အသစ်သောအရာတွေကို စူးစမ်းရှာဖွေရခြင်းကို နှစ်သက်ပါတယ်။ အခြားသူတွေရဲ့ အာရုံစူးစိုက်မှုကို ရရှိတဲ့အခါ အလွန်အမင်းပျော်ရွှင်တတ်သူတစ်ယောက်ပါ။ စကားပြောအရာမှာ လိမ္မာပါးနပ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သင့်မှာ အကောင်းမြင်စိတ်လည်း ရှိပါတယ်။

(၄) ကြယ်ပုံ ကွတ်ကီး

ကြယ်ပုံကွတ်ကီးလေးကို ရွေးချယ်လိုက်တဲ့သင်က ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံနေသူတစ်ယောက်ပါ။ မိမိကိုယ်ကို စိန်ခေါ်ရတာကို ကြိုက်နှစ်သက်ပြီး “No” ဆိုပြီး ပြောရတာမျိုးကို မနှစ်သက်ပါဘူး။ ပြဿတိုင်းကိုလည်း ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ သင့် ဦးနှောက်ကို သွေးနေရတာကို ကြိုက်နှစ်သက်တဲ့ဖြစ်တဲ့အပြင် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိသူတစ်ယောက်ပါ။

(၅) အသည်းပုံကွတ်ကီး

သင်က မိမိပတ်ဝန်းကျင်ရှိလူများကို ကူညီရတာ၊ ဂရုစိုက်ရတာကို နှစ်သက်သူတစ်ယောက်ဖြစ်ပြီး အခြားသူပြောသမျှကို နှလုံးသားနဲ့ နားထောင်တတ်သူတစ်ယောက်ပါ။ ဒါ့ကြောင့်လည်း လူအများရဲ့လေးစားချစ်ခင်ခြင်းကို ခံရပါတယ်။ သစ္စာစောင့်သိတတ်သူတစ်ယောက်ဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားခြင်းကိုလည်း တတ်နိုင်သမျှရှောင်ကြဉ်ပါတယ်။ အခြားသူတွေကိုသာ ဂရုစိုက်လွန်းလို့ တစ်ခါတရံကျရင် မိမိခံစားချက်ကိုတောင် လျစ်လျူရှုတတ်တာကတော့ သင့်ရဲ့အားနည်းချက်ပါပဲ။

Source: Brightside.me

By MyStyle Myanmar