Celebrities တွေ ထင်ပေါ်ကျော်ကြားသူတွေဟာ ဈေးကြီးတဲ့ စားသောက်ဆိုင်တွေ၊ ကမ္ဘာပေါ်မှာ ၃ စီးထုတ်တဲ့ကားတွေ၊ အရမ်းဈေးကြီးတဲ့ အ၀တ်အစားတွေပဲ ၀တ်ကြ သုံးကြတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဟိတ်ဟန်ကြီးပြီး ငွေကြေးကို များများစားစား အသုံးပြုကြတယ်လို့ လူတွေအများအားဖြင့် မြင်ကြပါတယ်။ ဒါပေမယ့် သင်ထင်ထားသလိုဟုတ်မဟုတ် အခုပဲကြည့်လိုက်ရအောင်။

၁။ Jennifer Lawrence

သူ့ကိုတော့ မြန်မာပြည်က ပရိသတ်တွေလည်း ရင်းနှီးကြမှာပါနော်။ သူဟာ Volkswagen ကထုတ်တဲ့ Volkswagen Eos ကားကိုအသုံးပြုပါတယ်။ အပြင်က ရိုးရိုး စတိုးဆိုင်တွေမှာ မကြာခဏတွေ့ရလေ့ရှိပြီး Discount Coupon တွေကို အသုံးတဲ့သူပါ။ ဂျနီဖာဟာ သူ့ရဲ့ ဇာတိမြို့လေးဖြစ်တဲ့ Louisville မြို့က ကလေးဆေးရုံးမှာ Jennifer Lawrence Foundation Cardiac Intensive Care Unit က နှလုံးရောဂါဝေဒနာခံစားနေရတဲ့ကလေးတေအတွက် ဒေါ်လာ ၂ သန်းလောက် လှူဒါန်းထားပါတယ်။

၂။ Keanu Reeves

ရုပ်ရှင်မင်းသားလည်းဖြစ်တယ်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့ Musician တစ်ဦးလည်းဖြစ်တဲ့ Keanu Reeves ကလည်း သူ့ဝင်ငွေတွေကို တစ်ကိုယ်ရေစာအတွက် မဖြုန်းတီးတဲ့သူပါ။ လုံခြုံရေးတွေလည်း သိပ်မထားသလို အများပြည်သူသွားလာရေးယဉ်တွေနဲ့ပဲ သွားလာလေ့ရှိပါတယ်။

သူဟာ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ Matrix ရုပ်ရှင်ဇာတ်ကားကနေ သူရရှိခဲ့တဲ့ အနုပညာကြေးရဲ့ ၉၀% ကို ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ကူညီခဲ့ကြတဲ့ TV နောက်ကွယ်က လုပ်သားတွေကို ပေးအပ်လှူဒါန်းခဲ့တဲ့သူပါ။

၃။ Sarah Jessica Parker

သူဟာ မင်းသမီးလည်းဖြစ် ထုတ်လုပ်သူ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ ငွေကြေးကို စနစ်တကျသုံးစွဲတတ်ပြီးသူ့ကလေးတွေကိုလည်း အဲဒီလိုဆုံးမတဲ့သူတွေပါ။ ကလေးတွေရဲ့ အင်္ကျီကိုလည်း ကိုယ်တိုငချုပ်ပေးလေ့ရှိပြီး ဖိနပ်ကိုပဲ ၀ယ်ပေးလေ့ရှိပါတယ်။ Secondhand တွေကိုလည်း သူက ၀တ်လေ့ရှိပါတယ်။ ပရတိတတွေကိုလည်း လုပ်ဆောင်တဲ့သူတစ်ဦးပါ။

၎။ Kate Middleton

ကိန်းဘရစ်မြို့စားကြီး မင်းသားဝီလျံရဲ့ ဇနီး ကိတ်က တူညီတဲ့ အ၀တ်အစားပုံစံဒီဇိုင်းတွေကို ၀တ်ဆင်လေ့ရှိပြီး အရမ်းဈေးကြီးတဲ့ Brand တွေကို ၀တ်ဆင်လေ့မရှိပါဘူး။ ပရဟိတတော်တော်များများကိုလည်း လုပ်ဆောင်တဲ့သူပါ။

၅။ Vincent Kartheiser

အမေရိကန်နာမည်ကျော် ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ Vincent Kartheiser ကလည်း ပြည်သူ့သွားလာရေးယာဉ်တွေကိုပဲအသုံးပြုလေ့ရှိပြီး သာမန်အိမ်လေးတစ်လုံးမှာပဲနေထိုင်တဲ့သူပါ။ သူဟာ သူ့ဘေးမှာ ဈေးကြီးကြီးပစ္စည်းတွေ၊ ငွေကြေးပမာဏများများစားစားရှိတာမျိုးကို စိတ်ရှုပ်တတ်တဲ့သူလည်းဖြစ်ပြီး တခြားသူတွေကို ပေးကမ်းရက်ရောတတ်တဲ့သူပါ။

၆။ Leonardo Dicaprio

ကိုယ့်တကိုယ်ရေစာအတွက် ငွေမဖြုန်းတီးကြတဲ့ နိုင်ငံတကာက ထင်ပေါ်ကျော်ကြားသူများ

ကိုယ့်အတွက် ငွေကြေးများများစားစား မသုံးတဲ့ထဲမှာ ကမ္ဘာကျော် အော်စကာဆုရှင် လီယိုနာဒိုလည်းပါပါတယ်နော်။ Toyota ကထုတ်တဲ့ Toyota Prius ကားလေးကိုပဲစီးလေ့ရှိပါတယ်။ ၁၉၉၈ ခုနှစ်မှာ လီယိုနာဒိုဒီကာပရီယိုဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့ပြီး တခြား ပရဟိတလုပ်ငန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေသူဖြစ်ပါတယ်။

၇။ Jennifer Garner

ဟောလိဝုအကျော်အမော်တစ်ဦးဖြစ်တဲ့ Jennifer Garner ကလည်း ငွေကြေးကို သေချာစီမံခန့်ခွဲပြီး အသုံးပြုတတ်သူဖြစ်ပါတယ်။ သူ့ကို ကုန်ပစ္စည်းတွေပေါပေါလောလော ရလေ့ရှိတဲ့ ဈေးတွေမှာ ခဏခဏ တွေ့ရလေ့ရှိပါတယ်။ သူဟာပရဟိတလုပ်ငန်းတော်တော်များများကိုလည်း လုပ်ဆောင်လေ့ရှိပြီး အထူးသဖြင့်တော့ ကလေးတွေရဲ့ အခွင့်အရေးနဲ့ ပညာရေးအတွက် လုပ်ဆောင်ပါတယ်။

၈။ Russell Crowe

အော်စကာဆုရှင် Russell Crowe က ဇိမ်ကျတဲ့လူနေမှုပုံစံမျိုးအစား မွေးမြူရေးခြံနဲ့ ဂျစ်ကားအဟောင်းတစ်စီးဝယ်ပြီး သြစတြေးလျမှာ နေထိုင်နေပါတယ်။ မကြာခဏဆိုသလိုလည်း ကျောင်းတွေမှာ ငွေကြေးလှူဒါန်းလေ့ရှိပါတယ်။