အခုမှ မိဘအသစ်စက်စက်လေးတွေဖြစ်ကြတဲ့ Bradley Cooper နဲ့ Irina Shayk ဟာ သူတို့ရဲ့ ပထမ ရင်သွေးလေးကို ပြီးခဲ့တဲ့ ဧပြီလကမှ မွေးဖွားခဲ့တာပါ။

သမီးဦးလေးဖြစ်ပြီး Lea de Seine Shayk Cooper ဖြစ်ပါတယ်။

သမီးဦးရတာ လအနည်းငယ်ပဲရှိသေးပေမယ့် ဒုတိယ ကလေးအတွက် သူတို့နှစ်ယောက်ဟာ အဆင်သင့်ဖြစ်နေကြပြီလို့ သူတို့နှစ်ဦးနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ဦးက ပြောပါတယ်။

Bradley တို့နှစ်ယောက်လုံး နောက်ထပ် ကလေး လိုချင်ကြပါတယ်။ နောက်နှစ်ထဲမှာ တစ်ယောက်ထပ်ရဖို့ သူတို့ကြိုးစားလိမ့်မယ်။ Irina က မိခင်ဖြစ်ရတာ သိပ်ကို သဘောကျတာလေ လို့ပြောပါတယ်။

သူတို့နှစ်ယောက်လုံးက သူတို့ရဲ့ ကလေးနဲ့ အတူတူ အလုပ်လုပ်ကြတယ်။ တကယ်ပဲ ချစ်တတ်တဲ့ နွေးထွေးတတ်တဲ့ မိဘနှစ်ပါးပါပဲလို့ သတင်းပေးသူက ဆက်ပြောပါတယ်။

Bradley က အရမ်းကို ရိုမန့်တစ်ဆန်သူဖြစ်ပါတယ်။ Irina ရဲ့ မိခင်နဲ့ Bradley ရဲ့ မိခင်တို့ကလည်း သူတို့နှစ်ယောက်အလုပ်ရှုပ်နေတဲ့အချိန်ဆို လာရောက်ပြီး အကူအညီပေးလေ့ရှိတယ်လို့ သိရပါတယ်။

Cooper က အရမ်းကို အလုပ်ရှုပ်နေပြီး လာမယ့်နှစ်မှာ သူပထမဆုံး ဒါရိုက်လုပ်ပြီး ရိုက်မယ့်  A Star Is Born ဇာတ်ကားအတွက် ပြင်ဆင်နေပါတယ်။

ဇနီးဖြစ်သူ Irina ကလည်း မော်ဒယ်ကမ်ပိန်းအတွက် အလုပ်တွေအများကြီးလက်ခံထားသလို ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ လေ့ကျင့်ခန်းတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။