(Zawgyi Version)

သရုပ္ေဆာင္မင္းသမီးေတြ ဆယ္လီေတြကိုၾကည့္လုိက္ရင္ အသားအေရေလးဝင္းမြတ္ျပီး ေခ်ာေမြ႕ေနတတ္ပါတယ္။ သူတို႔ရဲ႕ အသားအေရမ်ိဳး ပုိင္ဆုိင္ခ်င္ၾကမွာပါ။ Bollywood ဇာတ္လမး္ေတြကိုၾကည့္ရင္လည္း မင္းသမီးေတြရဲ႕ အသားအေရက မိတ္ကပ္မပါရင္ေတာင္ ေခ်ာေမြ႕ဝင္းပၾကပါတယ္။ Bollywood မင္းသမီးေတြမွာလည္း သူတို႔ရဲ႕ အသားအေရထိန္းသိမ္းတဲ့လ်ိဳ႕ဝွက္ခ်က္ေတြရွိပါတယ္။ ဒါေၾကာင့္ Bollywood ထိပ္တန္းမင္းသမီးေတြရဲ႕ အသားအေရထိန္းသိမ္းနည္းလ်ိဳ႕ဝွက္ခ်က္ေတြကို ပ်ိဳေမတို႔ ဗဟုသုတရဖို႔ရာ မွ်ေဝလိုက္ပါတယ္။

၁။  DEEPIKA PADUKONE

  • ေရခဏခဏေသာက္ေပးပါ။ သင့္ခႏၶာကိုယ္ကို တစ္ေန႔လံုးေရဓာတ္ျပည့္ဝေအာင္ ထားေပးပါ။ သြားရာေနရာတိုင္းကို ေရဘူးသယ္သြားေပးပါ။
  • အျပင္ထြက္ခါနီး Sunscreen ကို အျမဲလိမ္းေပးပါ။ Sunscreen မလိမ္းခ်င္ရင္လည္း SPF ပါဝင္တဲ့ Moisturiser ကို လိမ္းေပးပါ။
  • ေရခ်ိဳးတဲ့အခ်ိန္ Loofah လုိ႔ေခၚတဲ့ သပြတ္အူပံုစံ ခပ္ၾကမ္းၾကမ္းသဘာဝပစၥည္းကို သံုးျပီး တစ္ပတ္တစ္ခါ ေခ်းခၽြတ္ေပးပါ။ ေခ်းခၽြတ္ေပးတာက ဆဲလ္ေသေတြကို ကြာက်ေစပါတယ္။
  • မအိပ္ခင္ မိတ္ကပ္ဖ်က္ဖို႔မေမ့ပါနဲ႔။

၂။ PRIYANKA CHOPRA

  • မနက္တိုင္းမွာ အုန္းရည္ပံုွမွန္တစ္ခြက္ေသာက္ေပးပါ။ အုန္းေရက သင့္အသားအေရကို ေတာက္ပေစပါတယ္။
  • ေနတုိင္း မ်က္ႏွာကို သန္႔စင္တဲ့အဆင့္ (Cleansing) ၊ တိုနာသံုးတဲ့အဆင့္ (Toner) ၊ အစုိဓာတ္ထိန္းတဲ့အဆင့္ (Moisturise) ေတြကို အဆင့္လိုက္ သြားေပးပါ။
  • သင္က အျပင္သြားစရာမလိုရင္ မိတ္ကပ္မလိမ္းတဲ့ရက္မ်ိဳးရွိပါေစ။ ဘာလို႔လဲဆုိေတာ့ ေန႔တုိင္းမိတ္ကပ္လိမ္းတာက သင့္အသားအေရကို ပ်က္စီးေစပါတယ္။

၃။ AISHWARYA RAI

  • သင့္မ်က္ႏွာကို ျပင္းအားေပ်ာ့ Cleanser နဲ႔ တစ္ေန႔ သံုးေလးခါ သန္႔စင္ေပးပါ။ ဒီလိုသန္႔စင္ေပးတာက အညစ္အေၾကးေတြကို ကင္းစင္ေစပါတယ္။
  • မအိပ္ခင္ မ်က္ႏွာကို သခြားသီးကပ္ေပးပါ။ ေခၽြးေပါက္က်ယ္တာေတြအတြက္ တစ္ပတ္မွာ သံုးၾကိမ္ကပ္ေပးပါ။
  • ပဲမႈန္႔နဲ႔ ႏွင္းဆီရည္အေရာကို မ်က္ႏွာေပၚမွာ တစ္ပတ္တစ္ခါ လိမ္းေပးပါ။ ဒီလိုလိမ္းေပးတာက မ်က္ႏွာေပၚမွာ အေမႊးရွိသူေတြကို အေမႊးေလ်ာ့ေစပါတယ္။
  • အဆီမ်ားတဲ့အစားအစာေတြကို ေရွာင္ေပးပါ။ ဒီအစားအေသာက္ေတြက ဝက္ျခံနဲ႔ အဖုအပိန္႔ေတြကို ပိုျဖစ္ေစပါတယ္။

၄။ NARGIS FAKHRI

  • ေထာပတ္သီးနဲ႔ ပ်ားရည္ေရာထားတဲ့ Face Mask ကိုလိမ္းေပးပါ။ ဒီ Mask က မ်က္ႏွာအစိုဓာတ္ထိန္းသိမ္းေပးပါတယ္။
  • သင့္မ်က္ႏွာကို တစ္ပတ္မွာတစ္ခါ Scrub လုပ္ေပးပါ။ ဆဲလ္ေသေတြနဲ႔ အမည္းစက္ေတြကို ဖယ္ရွားေပးပါတယ္။
  • မိတ္ကပ္ဖ်က္ရင္ သံလြင္ဆီနဲ႔ဖ်က္ေပးပါ။ သဘာဝပစၥည္းမို႔ အသားအေရထိခုိက္မွာ မစိုးရိမ္ရေတာ့ပါဘူး။
  • Fresh Milk Cream ကို တစ္ပတ္မွာတစ္ခါ Moisturiser အေနနဲ႔လိမ္းေပးပါ။

၅။ SONAM KAPOOR

  • မနက္တိုင္း သံပယုိရည္နဲ႔ ပ်ားရည္တစ္ဇြန္းေရာထားတဲ့ ေရေႏြးေသာက္ေပးပါ။ ဝမ္းခ်ဳပ္သက္သာေစျပီး မ်က္ႏွာကိုေတာက္ပေစပါတယ္။
  • မအိပ္ခင္ မ်က္ႏွာကို Essential Oil လိမ္းေပးပါ။ စက္ဝိုင္းပံုစံလိမ္းျပီး ႏွိပ္နယ္ေပးပါ။ ဒီလုိႏွိပ္နယ္ေပးတာက စိတ္ဖိစီးမႈေလ်ာ့က်ေစျပီး အသားအေရကို အားျဖည့္ေပးပါတယ္။
  • မနက္တိုင္းမွာ Green Tea ေသာက္ေပးပါ။ သင့္ကို လန္းဆန္းေစျပီး အသားအေရကို ဝင္းပေစပါတယ္။

၆။ MAHIRA KHAN

  • သံပယိုရည္ပါဝင္တဲ့ Face Pack နဲ႔ေပါင္းတင္ေပးပါ။ သံပယိုရည္က မ်က္ႏွာကို သန္႔စင္ေပးပါတယ္။
  • နႏြင္းမႈန္႔နဲ႔ ႏွင္းဆီရည္ကိုေရာျပီး အမည္းစက္ေတြေပၚလိမ္းေပးပါ။ အမည္းစက္သက္သာေစပါတယ္။
  • မ်က္ႏွာသစ္ျပီးေနာက္ ႏွင္းဆီရည္ျဖန္းေပးပါ။ သင့္အသားအေရကို စိုေျပေစျပီး တစ္ေန႔လံုးလန္းဆန္းေစပါတယ္။

(Unicode Version)

သရုပ်ဆောင်မင်းသမီးတွေ ဆယ်လီတွေကိုကြည့်လိုက်ရင် အသားအရေလေးဝင်းမွတ်ပြီး ချောမွေ့နေတတ်ပါတယ်။ သူတို့ရဲ့ အသားအရေမျိုး ပိုင်ဆိုင်ချင်ကြမှာပါ။ Bollywood ဇာတ်လမး်တွေကိုကြည့်ရင်လည်း မင်းသမီးတွေရဲ့ အသားအရေက မိတ်ကပ်မပါရင်တောင် ချောမွေ့ဝင်းပကြပါတယ်။ Bollywood မင်းသမီးတွေမှာလည်း သူတို့ရဲ့ အသားအရေထိန်းသိမ်းတဲ့လျို့ဝှက်ချက်တွေရှိပါတယ်။ ဒါကြောင့် Bollywood ထိပ်တန်းမင်းသမီးတွေရဲ့ အသားအရေထိန်းသိမ်းနည်းလျို့ဝှက်ချက်တွေကို ပျိုမေတို့ ဗဟုသုတရဖို့ရာ မျှဝေလိုက်ပါတယ်။

၁။ DEEPIKA PADUKONE

  • ရေခဏခဏသောက်ပေးပါ။ သင့်ခန္ဓာကိုယ်ကို တစ်နေ့လုံးရေဓာတ်ပြည့်ဝအောင် ထားပေးပါ။ သွားရာနေရာတိုင်းကို ရေဘူးသယ်သွားပေးပါ။
  • အပြင်ထွက်ခါနီး Sunscreen ကို အမြဲလိမ်းပေးပါ။ Sunscreen မလိမ်းချင်ရင်လည်း SPF ပါဝင်တဲ့ Moisturiser ကို လိမ်းပေးပါ။
  • ရေချိုးတဲ့အချိန် Loofah လို့ခေါ်တဲ့ သပွတ်အူပုံစံ ခပ်ကြမ်းကြမ်းသဘာဝပစ္စည်းကို သုံးပြီး တစ်ပတ်တစ်ခါ ချေးချွတ်ပေးပါ။ ချေးချွတ်ပေးတာက ဆဲလ်သေတွေကို ကွာကျစေပါတယ်။
  • မအိပ်ခင် မိတ်ကပ်ဖျက်ဖို့မမေ့ပါနဲ့။

၂။ PRIYANKA CHOPRA

  • မနက်တိုင်းမှာ အုန်းရည်ပုံှမှန်တစ်ခွက်သောက်ပေးပါ။ အုန်းရေက သင့်အသားအရေကို တောက်ပစေပါတယ်။
  • နေတိုင်း မျက်နှာကို သန့်စင်တဲ့အဆင့် (Cleansing) ၊ တိုနာသုံးတဲ့အဆင့် (Toner) ၊ အစိုဓာတ်ထိန်းတဲ့အဆင့် (Moisturise) တွေကို အဆင့်လိုက် သွားပေးပါ။
  • သင်က အပြင်သွားစရာမလိုရင် မိတ်ကပ်မလိမ်းတဲ့ရက်မျိုးရှိပါစေ။ ဘာလို့လဲဆိုတော့ နေ့တိုင်းမိတ်ကပ်လိမ်းတာက သင့်အသားအရေကို ပျက်စီးစေပါတယ်။

၃။ AISHWARYA RAI

  • သင့်မျက်နှာကို ပြင်းအားပျော့ Cleanser နဲ့ တစ်နေ့ သုံးလေးခါ သန့်စင်ပေးပါ။ ဒီလိုသန့်စင်ပေးတာက အညစ်အကြေးတွေကို ကင်းစင်စေပါတယ်။
  • မအိပ်ခင် မျက်နှာကို သခွားသီးကပ်ပေးပါ။ ချွေးပေါက်ကျယ်တာတွေအတွက် တစ်ပတ်မှာ သုံးကြိမ်ကပ်ပေးပါ။
  • ပဲမှုန့်နဲ့ နှင်းဆီရည်အရောကို မျက်နှာပေါ်မှာ တစ်ပတ်တစ်ခါ လိမ်းပေးပါ။ ဒီလိုလိမ်းပေးတာက မျက်နှာပေါ်မှာ အမွှေးရှိသူတွေကို အမွှေးလျော့စေပါတယ်။
  • အဆီများတဲ့အစားအစာတွေကို ရှောင်ပေးပါ။ ဒီအစားအသောက်တွေက ဝက်ခြံနဲ့ အဖုအပိန့်တွေကို ပိုဖြစ်စေပါတယ်။

၄။ NARGIS FAKHRI

  • ထောပတ်သီးနဲ့ ပျားရည်ရောထားတဲ့ Face Mask ကိုလိမ်းပေးပါ။ ဒီ Mask က မျက်နှာအစိုဓာတ်ထိန်းသိမ်းပေးပါတယ်။
  • သင့်မျက်နှာကို တစ်ပတ်မှာတစ်ခါ Scrub လုပ်ပေးပါ။ ဆဲလ်သေတွေနဲ့ အမည်းစက်တွေကို ဖယ်ရှားပေးပါတယ်။
  • မိတ်ကပ်ဖျက်ရင် သံလွင်ဆီနဲ့ဖျက်ပေးပါ။ သဘာဝပစ္စည်းမို့ အသားအရေထိခိုက်မှာ မစိုးရိမ်ရတော့ပါဘူး။
  • Fresh Milk Cream ကို တစ်ပတ်မှာတစ်ခါ Moisturiser အနေနဲ့လိမ်းပေးပါ။

၅။ SONAM KAPOOR

  • မနက်တိုင်း သံပယိုရည်နဲ့ ပျားရည်တစ်ဇွန်းရောထားတဲ့ ရေနွေးသောက်ပေးပါ။ ဝမ်းချုပ်သက်သာစေပြီး မျက်နှာကိုတောက်ပစေပါတယ်။
  • မအိပ်ခင် မျက်နှာကို Essential Oil လိမ်းပေးပါ။ စက်ဝိုင်းပုံစံလိမ်းပြီး နှိပ်နယ်ပေးပါ။ ဒီလိုနှိပ်နယ်ပေးတာက စိတ်ဖိစီးမှုလျော့ကျစေပြီး အသားအရေကို အားဖြည့်ပေးပါတယ်။
  • မနက်တိုင်းမှာ Green Tea သောက်ပေးပါ။ သင့်ကို လန်းဆန်းစေပြီး အသားအရေကို ဝင်းပစေပါတယ်။

၆။ MAHIRA KHAN

  • သံပယိုရည်ပါဝင်တဲ့ Face Pack နဲ့ပေါင်းတင်ပေးပါ။ သံပယိုရည်က မျက်နှာကို သန့်စင်ပေးပါတယ်။
  • နနွင်းမှုန့်နဲ့ နှင်းဆီရည်ကိုရောပြီး အမည်းစက်တွေပေါ်လိမ်းပေးပါ။ အမည်းစက်သက်သာစေပါတယ်။
  • မျက်နှာသစ်ပြီးနောက် နှင်းဆီရည်ဖြန်းပေးပါ။ သင့်အသားအရေကို စိုပြေစေပြီး တစ်နေ့လုံးလန်းဆန်းစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar