မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ဒီတစ်ခေါက်မှာတော့ ကိုယ်ချစ်တဲ့ကောင်လေးကို မွေးနေ့မှာ ဘာလက်ဆောင်ပေးရမလဲ စဉ်းစားရကျပ်နေတဲ့ ပျိုမေတွေအတွက် ရည်ညွှန်းပြီး မွေးနေ့စိတ်ကူးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်ချစ်သူကောင်လေးကို ပေးချင်တာဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်ချစ်တဲ့ ကိုယ့်ရဲ့ Crush ကို ပေးချင်လို့ဖြစ်ဖြစ် ဒီပစ္စည်းတွေက သင်တို့နှစ်ယောက်အတွက် အမှတ်တရဖြစ်စေမှာပါ။

Crush ဖြစ်ခဲ့ရင်လည်း သင်ပေးတဲ့လက်ဆောင်ကို သူရတဲ့အချိန် ဒါလေးက အမှတ်တရဖြစ်နေမှာပါ။ များသောအားဖြင့် အမျိုးသားတွေရဲ့ အသုံးအဆောင်တွေက ဈေးနှုန်းမြင့်နေတတ်ပါတယ်။ သူတို့ကလည်း ဈေးအသင့်အတင့်ပစ္စည်းလေးကိုမှ သုံးချင်ကြတာကိုး။

ဒါကြောင့် မွေးနေ့မတိုင်ခင် ကြိုပိုက်ဆံစုထားဖို့လိုပါတယ်နော်။ ကောင်လေးအများစုလိုချင်တဲ့ လက်ဆောင်ပစ္စည်းတွေကတော့-

၁။ ပိုက်ဆံအိတ်

သူ့ပိုက်ဆံအိတ်က ဟောင်းနေခဲ့ရင်တော့ အသစ်လေးဝယ်ပေးပြီး အစားထိုးပေးလိုက်ပါတော့နော်။ သူသွားတဲ့နေရာတိုင်း ဒီအိတ်လေးကို ယူသွားမှာမို့ အမှတ်တရဖြစ်နေမှာ အသေအချာပါပဲ။

၂။ ရေမွှေး

သူကြိုက်တဲ့ ရေမွှေးအနံ့ကို သိဖို့တော့လိုပါတယ်။ သင်ကြိုက်တဲ့ရနံ့နဲ့ သူကြိုက်တာနဲ့ တူရင်တော့ အကောင်းဆုံးပဲပေါ့။

၃။ Power Bank

ဂိမ်းဆော့တဲ့ကောင်လေးတွေ ဖုန်းတအားသုံးတဲ့ကောင်လေးတွေအတွက်တော့ Power Bank က မဖြစ်မနေလိုပါတယ်။ သူဖုန်းအားသွင်းတိုင်း သင့်ကို သတိရနေမှာပါ။

၎။ Bluetooth Speaker

သီချင်းနားထောင်ရတာ မကြိုက်တဲ့သူမရှိပါဘူး။ ယောကျာ်းလေးအများစုက Electronic ပစ္စည်းတွေကို ပိုလိုချင်ကြပါတယ်။ အရည်အသွေးအသင့်အတင့်ရှိတဲ့ Bluetooth Speaker မျိုးဆိုအဆင်ပြေပါတယ်။

၅။ လွယ်အိတ်

လွယ်အိတ်လွယ်တတ်တဲ့ ယောကျာ်းလေးတွေအတွက်တော့ ဒါက မရှိမဖြစ်ပစ္စည်းတစ်ခုပါ။

၆။ Keychain

Key chain အလန်းလေးတွေကလည်း သူတို့ရူးသွပ်တဲ့ပစ္စည်းတစ်ခုပါ။ ဥပမာ လူစွမ်းကောင်းဇာတ်လမ်းတွေ သဘောကျတဲ့ ကောင်လေးတွေအတွက်ဆိုရင် Avenger Keychain စသည်ဖြင့်ရှိပါတယ်။

၇။ မီးခြစ်

ဆေးလိပ်သောက်တဲ့ကောင်လေးတွေအဖို့တော့ ဒါက ပိုအားပေးသလိုဖြစ်နေမလား။ တချို့တွေက မီးခြစ်လှလှလေးတွေကို အမှတ်တရတောင် သိမ်းထားတတ်ပါတယ်။ ပုံထဲက ပြထားတဲ့အတိုင်း သူ့ရဲ့နာမည်ကို ထိုးပေးလို့ရရင် ပိုမိုက်ပါတယ်။

၈။ ဖိနပ်

သင့်ကောင်လေးရဲ့ ဖိနပ်ဆိုဒ်ကို သိရင်တော့ ဖိနပ်လေးကလည်း အဆင်ပြေပါတယ်။ ကောင်လေးအများစုက အဖြူနဲ့ အနက်ကို သဘောကျတယ်ဆိုတော့ အနက်ရောင် Sneaker ဆိုလည်း သူတို့အကျေနပ်ကြီး ကျေနပ်ကြမှာပါ။

၉။ သူတို့ စိတ်ဝင်စားတဲ့ပစ္စည်း

ဆိုလိုတာကတော့ ဂစ်တာတီးရတာ ဝါသနာပါတဲ့သူအတွက် ဂစ်တာ၊ IT ပညာကို စိတ်ဝင်စားတဲ့ကောင်လေးအတွက် IT Accessories တွေ၊ ဂိမ်းဆော့ရတာ ကြိုက်တဲ့ကောင်လေးတွေအတွက် ဂိမ်းနဲ့ပတ်သတ်တဲ့ပစ္စည်းတစ်ခုခု ပေးနိုင်ပါတယ်။ ကားအကြောင်း စိတ်ဝင်စားတဲ့ကောင်လေးတွေအတွက်တော့ ကိုယ်က တကယ့်ကားအစစ် မဝယ်ပေးနိုင်ရင်တောင် သူကြိုက်တဲ့ကားပုံစံ အရုပ်ကလေးလည်းဖြစ်ပါတယ်။ သူတို့ရူးသွပ်တဲ့ပစ္စည်းတစ်ခုခုပေါ့။

၁၀။ နေကာမျက်မှန်

ကောင်လေးတွေ Crazy ဖြစ်တဲ့အထဲမှာ နေကာမျက်မှန်လည်းပါဝင်ပါတယ်။ နေကာမျက်မှန်က အပြင်သွားတဲ့အချိန် ခရီးသွားတဲ့အချိန်တွေမှာ အသုံးဝင်တယ်လေ။

၁၁။ ကင်မရာ

ကိုယ်ကလည်း ဓာတ်ပုံရိုက်ရတာ ဝါသနာပါတယ်။ သူကလည်း ဓာတ်ပုံရိုက်ပေးရတာ ကြိုက်တယ်ဆိုရင်တော့ ကင်မရာတစ်လုံးက သူတို့ဘဝမှာ အလိုချင်ဆုံးလက်ဆောင်တစ်ခုဖြစ်မှာပါ။

၁၂။ နာရီ

ဘယ်အချိန်ရှိပြီလဲ နာရီကြည့်တဲ့အချိန်မှာ သင့်အကြောင်း သူ့ခေါင်းထဲဝင်လာမှာပါ။

Source: Pinterest

By MyStyle Myanmar