ကိုယ်ချစ်မိတဲ့ ကောင်မလေးက အရပ်ပုပုနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေမယ် ဆိုရင်တော့ အခုဖော်ပြတဲ့ အားသာချက်လေးတွေ ရရှိမှာအမှန်ပဲနော်။

အချစ်မှာ မျက်စိမရှိသလို ကိုယ်ချစ်မိတဲ့သူဟာ အရပ်ပုတဲ့ကောင်မလေးတစ်ယောက်ဖြစ်နေတာဟာလည်း သူက သင့်ကို ချစ်မိစေလို့ပဲမဟုတ်လား။

ချစ်စရာကောင်းတယ်

Source: Medical Daily

သူလုပ်သမျှအရာအားလုံးက ချစ်စရာကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် တချို့က သူတို့ကို ချစ်စရာကောင်းတယ်လို့ပြောရင်သဘောမကျပါဘူး။ စွဲဆောင်မှုရှိချင်ကြပါတယ်။ ချစ်စရာကောင်းတဲ့ ကောင်မလေးလောက် ကိုယ့်ကို အေးချမ်းစေပါတယ်။

နွေးထွေးတယ်

Source: fnews.gr

ခပ်ပုပုကောင်မလေးတွေနဲ့ ချစ်သူဖြစ်ကြလို့ တစ်ဦးကို တစ်ဦး ပွေ့ဖက်ကြတဲ့အခါ သူက ကိုယ့်ရင်ခုန်သံကို နားထောင်လို့ရပါတယ်။ ရင်ငွေ့ကိုလည်း အေးဆေးခိုလှုံစေနိုင်ပြီး သူနဲ့ နဖူးလေးကို ကြင်ကြင်နာနာ နမ်းလို့ရပါတယ်။ အရမ်းကို နွေးထွေးပါတယ်။

အလွယ်တကူ ချီလို့ရတယ်

Source: 4 TRUE LOVERS – Love Articles | Love Pictures | Love Quotes

စကားများ ရန်ဖြစ်ကြတဲ့အခါ ယောင်္ကျားလေးတွေအတွက်တော့ Win-Win အခြေအနေတစ်ခုပါပဲ။ ပြောလို့မနိုင်တော့ရင် ချီသာပစ်လိုက်ပါ။

ကလေးလိုပဲ

Source: Relate Institute

အရပ်ပုတဲ့ မိန်းကလေးတွေဟာ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတယ် ပျော်ပျော်နေတတ်ပါတယ်။ သူတို့ဟာ ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်လို အပြစ်ကင်းစင်ပါတယ်။

လူကြီးဆန်လာမယ်

Source: Victoria Buzz

သူက သင့်ကို မော့မော့ကြည့်ပြီး စကားပြောတဲ့အခါ တခါတလေ သင့်ကို အားကိုတကြီးမော့မော့ကြည့်တဲ့အခါ သင့်ကိုယ်သင် အားကိုးခံရတဲ့ သူတစ်ယောက်လိုခံစားရပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာမယ်။ လူကြီးဆန်လာမှာဖြစ်ပါတယ်။

ပျော်လာမယ်

Source: VideoBlocks

သူဟာ သင့်ကို ပျော်ရွှင်စေတဲ့ အဓိကအကြောင်းအရင်းတစ်ခုဖြစ်မှာပါ။ သင့်ရဲ့အရပ်ကို မှီဖို့ ဒေါက်ဖိနပ်အမြင့်တွေ စီးမယ်၊ သင့်ကို နမ်းဖို့ ခြေဖ၀ါးထောက်မယ်။ စတဲ့အရာတွေက သင့်ကို ပြုံးစေမှာ မလွဲဧကန်ပါပဲ။

အရပ်သာပုတာ ရစ်တော့ရစ်နိုင်တယ်နော်

Source: LoveLearnings.com

အရပ်သာပုပေမယ့် စိတ်မကျေနပ်စရာတစ်ခုခုဖြစ်လို့ကတော့ အရစ်ခံနိုင်အောင် ပြင်ဆင်ထားတော့နော်။

ပြည့်စုံတဲ့ အရပ်ပုပု သင့်ချစ်သူ

Source: Pixabay

အရပ်ပုပုနဲ့ သင့်ချစ်သူက ယုံကြည်မှုအပြည့်ရှိပြီး တည်ငြိမ်ရင့်ကျက်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ကို ကလေးလေး ချစ်ကလေးလို့ ချစ်စနိုးခေါ်မိမှာပါ။ ဒါပေမယ့် ဂျပုမလေးလို့တော့မခေါ်လိုက်နဲ့နော်။ သူ့ရဲ့ ဘ၀ဖြစ်တည်မှု သူ့ရဲ့ တန်ဖိုးကို လေးစားပါ။ မြတ်နိုးပါ။ တန်ဖိုးထားပါ။