ကိုယ်သုံးနေတဲ့ စမတ်ဖုန်းတွေကို ဘယ်လိုအချိန်တွေမှာ အသစ်လဲဖို့ စိတ်ကူးကြသလဲဗျ။ ကျွန်တော်တို့ကတော့ ဖုန်းတွေကို ပုံမှန်ထက်ဈေးချနေတဲ့အချိန်တွေ၊ Promotion ရှိတဲ့အချိန်တွေမှာပဲ ဖုန်းသစ်လဲတာက ပိုပြီးတန်တယ်လို့ မြင်မိပါတယ်။

ဘာလို့ ဖုန်းအသစ်တွေကို ဝယ်ယူသင့်သလဲ? လက်ရှိအချိန်မှာ ကျွန်တော်တို့အတွက် အလိုအပ်ဆုံးဖြစ်နေသလို အမြဲတမ်းလည်း အသုံးပြုနေတာက စမတ်ဖုန်းတွေလို့ ပြောလို့ရပြီး နေ့စဉ် ဒီ စမတ်ဖုန်းတွေနဲ့ပဲ အလုပ်လုပ်ကိုင်နေရသလို ဓါတ်ပုံရိုက်၊ Facebook လိုမျိုး Social Media အသုံးပြုတာနဲ့ အခြားသော အရာတွေအကုန်လုံးကို စမတ်ဖုန်းပေါ်မှာပဲ ပြုလုပ်ကြတာများပါတယ်။ အခုအချိန်မှာ ကွန်ပျူတာမရှိရင်သာ နေကောင်းနေနိုင်မယ်၊ စမတ်ဖုန်းမရှိရင်တော့ မနေနိုင်တော့သလောက်ကို စမတ်ဖုန်းတွေအပေါ် စွဲလန်းနေကြတာပါ။

ဖုန်းအရောင်းကုမ္ပဏီတွေကလည်း ဖုန်းတွေရဲ့ ဈေးနှုန်းတွေကို နှစ်တိုင်း အမြဲတမ်းလိုလို Promotion ချနေတယ်ဆိုပေမယ့် အခုလိုမျိုး နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတော့မယ့် ဒီဇင်ဘာလလိုအချိန်မျိုးမှာ ပြုလုပ်တဲ့ လျော့ဈေးနဲ့ရောင်းချတဲ့ဖုန်းတွေက ပိုပြီး ဈေးနှုန်းအရတန်တယ်လို့ ပြောလို့ရပါတယ်။ နောက်ပြီး ကျွန်တော်တို့အပါအဝင် လူတိုင်းနီးပါးက နှစ်သစ်မှာ ဖုန်းအသစ်နဲ့ သုံးချင်ကြတဲ့စိတ်လည်း ရှိတော့ အခုအချိန်မှာ ပြုလုပ်နေတဲ့ Promotion ပွဲတွေက ပစ္စည်းအသစ်တွေဝယ်ယူဖို့ လက်ယှက်ခေါ်နေသလိုပါပဲ။

စမတ်ဖုန်းအသစ်ဝယ်ယူမယ်ဆိုရင်လည်း ဖုန်းအသစ်လဲဖို့ဆုံးဖြတ်တဲ့သူအများစုက Brand ကောင်းကောင်း၊ အရည်အသွေးမြင့်ဖုန်းတွေကိုပဲ ပြောင်းချင်ကြမှာပါ။ အဲ့ဒီထဲမှာဆိုရင် Samsung ဖုန်းတွေက အခုနောက်ပိုင်း Android ဖုန်းတွေထဲမှာ နာမည်ရလာတယ်လို့ပြောလို့ရပါတယ်။ အခုဒီနှစ်မှာဆိုရင်လည်း Samsung ကနေ ဘေးဘောင်ပျောက် Infinity Display နဲ့ထုတ်လုပ်ထားတဲ့ Galaxy S8 လိုဖုန်းတွေ၊ Dual Camera ပါဝင်ပြီး အခုခေတ်စားလာတဲ့ Portrait အလှပုံတွေကို ဖုန်းနဲ့ပဲ ရိုက်လို့ရတဲ့ Galaxy Note 8 နဲ့ Galaxy J7+ လိုဖုန်းတွေအပြင် ဖုန်းကို အလုပ်ခွင်မှာဖန်တီးနိုင်စွမ်းတွေမြင့်တက်စေမယ့် ဈေးနှုန်းသင့်တင့်တဲ့ Galaxy Note FE ဖုန်းဆိုရင်လည်း Stylus Pen ပါဝင်တဲ့အတွက် ဒီဇိုင်းပုံတွေကို ဖုန်းမှာပဲ ဆွဲပြီးအသုံးပြုမယ့်သူတွေအတွက်သဘောတွေ့စရာပါ။

အခုအချိန်မှာ Samsung ကနေ နှစ်သစ်မှာ ဖုန်းအသစ်ကိုင်ချင်တဲ့သူတွေအတွက် ဒီဇင်ဘာလတစ်လလုံးကို X’ Mas Promotion ဆိုပြီး Promotion တွေပြုလုပ်နေတယ်လို့ သိရပါတယ်။

Samsung က အခု ဒီဇင်ဘာလ (၁) ရက်နေ့ကနေ (၃၁) အတွင်းပြုလုပ်နေတဲ့ Promotion အစီအစဉ်က ကိုယ်ဝယ်ယူတဲ့ဖုန်းတန်ဖိုးပေါ်မူတည်ပြီး ခရစ်စမတ်လက်ဆောင်တွေရရှိမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ဝယ်ယူတဲ့ဖုန်းက ငွေကျပ် ၅ သိန်းနဲ့ အထက်ဆိုရင် Samsung Premium Backpack နဲ့ Travel Pack ကို ရရှိမှာဖြစ်ပြီးတော့ ၂ သိန်းကနေ ၅ သိန်းကြားဝယ်ယူရင် Samsung Premium Backpack နဲ့ ၂ သိန်းအောက်ပဲဆိုရင်တော့ Powerbank နဲ့ Ring Stand ကိုရရှိမှာဖြစ်ပါတယ်။

ဒီလိုမျိုး Samsung ရဲ့ ခရစ်စမတ်လက်ဆောင်တွေပြန်ပေးတဲ့အစီအစဉ်ကို ပိုပြီးသက်သာအောင်လုပ်လို့ရတဲ့နည်းလမ်းလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ Samsung Brand Shop တွေကနေမဟုတ်ပဲ Samsung ရဲ့ Shop.com.mm Website ဖြစ်တဲ့ Samsung.shop.com.mm မှာ Samsung ဖုန်းတွေကို ၄၀ ရာခိုင်နှုန်းလောက်ထိပေးနေတဲ့ လျော့ဈေးတွေနဲ့ဝယ်ယူရင်လည်း ခရစ်စမတ်လက်ဆောင်တွေရဦးမှာပါ။ အဲ့ဒီတော့ ကိုယ့်ဘာသာကိုယ်ဝယ်ယူဖို့ပဲဖြစ်ဖြစ်၊ မိသားစု သူငယ်ချင်းတွေကို လက်ဆောင်ဝယ်ပေးဖို့ပဲဖြစ်ဖြစ် အခု Samsung ရဲ့ Promotion က လက်လွတ်မခံသင့်တဲ့အရာတစ်ခုလို့ ပြောလို့ရပါတယ်။

ကဲ… နှစ်သစ်ကို စမတ်ဖုန်းအသစ်လေးနဲ့ ဝင်ရောက်ဖို့ Samsung ရဲ့ ပရိုမိုးရှင်းတွေနဲ့ Galaxy ဖုန်းတွေကို ဝယ်ယူလိုက်ကြမလား?