ချစ်ရတဲ့ သူငယ်ချင်း BFF နဲ့ Selfie ရိုက်တာကတော့ BFF Goal တစ်ခုပဲဖြစ်ပါတယ်။ ဘယ်နေရာပဲသွားသွား အတူတူ Hangout လုပ်တာပဲဖြစ်ဖြစ် Selfie လန်းလန်းလေးရိုက်လိုက်ရမှ။ ဒီတခေါက်မှာတော့ MyStyle Myanmar နဲ့ Samsung Myanmar တို့ပူးပေါင်းပြီး BFF တွေအတွက် Selfie အမိုက်စားရိုက်နိုင်တဲ့ Samsung ဖုန်း ကံထူးနိုင်မယ့် အစီအစဉ်လေးတစ်ခုကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

BFF Goal ကိုပေါ်လွင်စေမယ့် ပြိုင်ပွဲလေး

ဒီပြိုင်ပွဲလေးနဲ့အတူ BFF တွေနဲ့ အတူရှိရတာဟာ ဘယ်လိုပျော်ရွှင်စရာကောင်းလဲ၊ ကိုယ့်ဘ၀အတွက် ဘယ်လိုတန်ဖိုးရှိသလဲ ဆိုတာကိုလည်း ဖော်ပြနိုင်မှာဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်ချင်ရင်တော့ လုပ်ရမှာတွေက ရိုးရိုးလေးနဲ့ ပျော်စရာကောင်းတယ်နော်။

ပြိုင်ပွဲယှဉ်ပြိုင်သူများ လုပ်ဆောင်ရမည့်  အဆင့်သုံးဆင့်

1. အချစ်ဆုံး BFF နဲ့အတူတူ ရိုက်ထားတဲ့ Selfie ဓာတ်ပုံကို BFF ကို Tag ပြီး မိမိ Facebook Wall ပေါ်မှာ Public လုပ်ပြီးတင်ပေးရမည်။

2. #MyGalaxyJ7Duo #MYBFF #MyStyleCampaign စတဲ့ Hashtag များ ထည့်သွင်းပေးပါ။

3. ဒီလို BFF နဲ့ Selfie အတူရိုက်ရတာဟာ ဘယ်လောက်ပျော်စရာကောင်းသလဲ၊ ကိုယ်ရဲ့ BFF ကလည်း ဘယ်လောက်ကိုယ့်အတွက် အရေးပါလဲဆိုတာလေးတွေလည်းရေးပြီး တင်ပေးရပါမည်။

အနိုင်ရသူကို ဘယ်လိုရွေးချယ်သွားမလဲ။

ပါဝင်ယှဉ်ပြိုင်သူတွေထဲက Fun အဖြစ်ဆုံး Selfie ဓာတ်ပုံနဲ့ ပျော်စရာအကောင်းဆုံး BFF Story လေးကို Share ပေးနိုင်တဲ့သူကို သေချာစီစစ်ပြီး အနိုင်ရရှိသူအဖြစ် ရွေးချယ်သွားမှာပါ။ အနိုင်ရရှိသူအား ဇွန်လ ၄ ရက်နေ့တွင် ကြေညာပေးသွားပါမယ်။ အချိန်က တစ်ပတ်ပဲရတာဆိုတော့ ကိုယ့် BFF နားအပြေးသွားလို့ Selfie သာအမြန်ဆွဲလိုက်တော့။

အနိုင်ရရှိသူပိုင်ဆိုင်ရမယ့် Samsung Galaxy J7 Duo

BFF အလား အားကိုးရတဲ့ Samsung Galaxy J7 Duo လေးကို ကံထူးနိုင်မှာနော်။  လူငယ်တွေရဲ့ စိတ်ကို ဖမ်းစားနိုင်ပြီး လတ်တလော Galaxy J Series မှာရေပန်းစားနေပါတယ်။ Galaxy J7 Duo တွင်ပါရှိသော 8MP အရှေ့ကင်မရာဖြင့် အံ့အားသင့်ဖွယ် Selfies များကိုရိုက်ကူးနိုင်မည်ဖြစ်သည်။ f/1.9 aperture နှင့် LED Flash များပါဝင်သောကြောင့် အလင်းရောင်အားနည်းသော နေရာများတွင် ကြည်လင်ပြတ်သားသော Selfies ပုံများကို ရိုက်ကူးစေနိုင်မည် ဖြစ်သည်။ ရှေ့ကင်မရာတွင်လည်း ဆန်းသစ်သောလုပ်ဆောင်ချက်များဖြစ်သည့် – နောက်ခံကိုဝါးသွားစေတဲ့ Selfie Focus Mode နှင့် မည်သည့် Selfie ပုံကိုမဆို ပြီးပြည့်စုံသော ရိုက်ချက်များအဖြစ် ပံ့ပိုးပေးနိုင်သော Beauty Mode တို့လည်းပါဝင်သည်။

ကဲ… စိတ်လှုပ်ရှားစရာကောင်းပြီး တကယ့်ကို ပျော်စရာကောင်းတဲ့ ဒီပြိုင်ပွဲလေးကို ချစ်ရတဲ့ ဘော်ဒါ BFF နဲ့ အတူ ပါဝင်ဆင်နွဲလိုက်ရအောင်နော်။