ခေါင်းခဏခဏလျှော်ရင် ကြာလာတဲ့အခါ ကျန်းမာရေးလည်းထိခိုက်စေသလို၊ ဆံပင်လည်းကျွတ်စေတယ်၊ ဦးရေပြားပါးလာစေပါတယ်။ ဒါကြောင့် ခေါင်းခဏခဏလျှော်ချင်နေတဲ့သူတွေ ဆောင်ထားသင့်တဲ့ အကောင်းဆုံး Dry Shampoo တွေကို မျှဝေပေးလိုက်ပါတယ်။ ရေမလိုတဲ့အတွက် အပြင်သွားရင် Dry Shampoo လေးသုံးလိုက်တာနဲ့ အချိန်ကုန်သက်သာပြီး အဆင်ပြေသွားပါလိမ့်မယ်။
Klorane Dry Shampoo with Oat Milk
ဆုတွေရထားတဲ့ Dry Shampoo ဖြစ်ပြီး Blend ရတာလည်းလွယ်ကူပါတယ်။ အဆီတွေကိုလည်း စုပ်ယူပေးနိုင်တာကြောင့် ခေါင်းလျှော်ထားသလိုပဲ ပုံကျပြီးလှနေမှာပါ။
TRESemmé Pro Pure Dry Shampoo
Budget ဖြစ်ပြီး သုံးလို့အရမ်းကောင်းတဲ့ Dry Shampoo ဖြစ်ပါတယ်။ အဆီတွေကိုစုပ်ယူပေးပြီး ဆံသားလှပစေပါတယ်။
Billie Floof Dry Shampoo
Powder Type လေးသုံးချင်ရင်တော့ ဒီ Dry Shampoo လေးက အရမ်းကောင်းပါတယ်။ ပါတဲ့ပမာဏကနည်းပေမယ့် သုံးလို့အရမ်းကောင်းတာကြောင့် လူကြိုက်လည်းများပါတယ်။
Amika Perk Up Dry Shampoo
အဆီတွေကိုသေချာစုပ်ယူပေးပြီး ဆံသားပုံကျလှပစေတယ်။ သူ့အနံ့လေးကအစ အရမ်းမွှေးတာကြောင့် အနံ့နဲ့တင် ဆွဲဆောင်မှုရှိစေပါတယ်။
Moroccanoil Dry Shampoo for Light Tones
ဆံပင်အရောင်ဆိုးထားတဲ့သူတွေ၊ ရွှေဝါရောင်ဆိုးထားတဲ့သူတွေ သုံးသင့်တဲ့ Dry Shampoo ဖြစ်ပါတယ်။ အဆီတွေကိုစုပ်ယူပေးတာကြောင့် ဆံသားစေးကပ်နေတာတွေလည်း မဖြစ်တော့ပဲ ပုံကျလှပသွားစေပါတယ်။
Dove Care Between Washes Brunette Dry Shampoo
နက်မှောင်တဲ့ဆံကေသာအတွက်ဆိုရင်တော့ ဒီ Dry Shampoo ကို ရွေးချယ်သင့်ပါတယ်။ ဈေးသင့်တင့်ပြီး သုံးရတာလည်းအရမ်းကောင်းတာကြောင့် လူကြိုက်များပါတယ်။